Tuesday, January 27, 2026

သျှမ်းပြည် တွင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

သျှမ်းပြည် အတွင်း ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီအသီးသီးမှဝင်ရာက်ယှဉ်ပြိုင် မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၀၅ ဦးရှိပြီး ရာခိုင်နှုန်းအရ ၁၉.၇၆ ရာခိုင်နှုန်း ခန့်ရှိကြောင်း ရှမ်းပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင် ထံမှသိရသည် ။

“ ဘယ်ပါတီကအမျိုးသမီးကိုယ်စားလှယ် အများဆုံးလဲဆိုတာတော့ ခုလက်ရှိကျွန်တော် တို့ စာရင်းအတိအကျ မထုတ်ပြန်နိုင်သေးဘူး။ ဩဂုတ်လ ၂၉ ရက်နေ့မှ ကျွန်တော်တို့ အတိအကျ ထုတ်ပြန် နိုင်မယ် ။ ဒီကြားထဲမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း ပြန်ပြင်တာတွေ ၊ ဖြုတ်တာတွေရဲ့ကိစ္စကရှိသေးတော့ ၂၉ ရက်နေ့လောက်မှ ကျွန်တော်တို့ အတိအကျထုတ်ပြန်နိုင်ပါမယ် ” ဟု သျှမ်းပြည် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထင်ကျော်က ပြောသည် ။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွင် လက်ရှိအမည်စာရင်းတင်သွင်းထားသော အမျိုးသမီးကိုယ်စားလှယ်လောင်းများ မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာအတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နေရာအတွက် ၂၀ ဦး ၊ ပြည်နယ်လွတ်တော် မဲဆန္ဒနယ် (၁)၊ (၂) နေရာအတွက် ၁၁၂ ဦး တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ် စားလှယ်လောင်းနေရာအတွက် ၈ ဦး ရှိပြီး စုစုပေါင်း ၂၀၅ ဦးရှိကာ ရာခိုင်နှုန်းအရ ၁၉.၇၆ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည် ၎င်းထံမှ ဆက်လက်သိရသည် ။

လက်ရှိတွင် သျှမ်းပြည် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၃၂ ပါတီ ၊ တစ်သီး ပုဂ္ဂိလပါတီများအနေဖြင့် ၂၂ ဦးရှိပြီး၊ ပါတီအသီးမှ အမည်စာရင်းတင်သွင်း ထားသော ကိုယ်စားလှယ်လောင်းပေါင်း (၁၀၃၇ )ဦးခန့် ရှိ ကြောင်းဆက်လက်သိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...