လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးမရသည့် မဲရုံများ မဲမသမာမှု ဖြစ်လာနိုင်ဟုဆို

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လျှပ်စစ်မီး နှင့် ဆက်သွယ်ရေးလိုင်းများ မရသည့် မဲရုံများတွင် မဲ မသမာမှု ဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြကြောင်း သျှမ်းပြည်တွင်း တက်ကြွလှုပ်ရှားသည့် လူငယ်များက ပြောဆိုကြသည်။

တောင်ကြီးခရိုင်အတွင်း လျှပ်စစ်မီး မရရှိသေးသည့် မဲရုံ (၂၀၀) ကျော် နှင့် ဆက်သွယ်ရေး မရသည့် မဲရုံ (၅၄) ရုံ ရှိကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦး က ပြောသည်။

“မဲရုံတွေ လျှပ်စစ်မီး မရတဲ့အပေါ်မှာ ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မီး တွေ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် မဲ မသမာမှု တွေ၊ ခြိမ်းခြောက်မှုတွေက အစ ဖြစ်လာနိုင်တယ်” ဟု သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ စိုင်းဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်ပါက လမ်းမှ တဆင့် မဲအလှဲအလှယ်မှုများဖြစ်လာနိုင်ပြီး၊ လမ်းတွင် မဲပျောက်မှုများဖြစ်လာနိုင်ကြောင်း စိုင်းဦးက ထောက်ပြ ပြောဆိုလိုက်သည်။

ထို မီးမရရှိသေးသည့် မဲရုံ နှင့် ဆက်သွယ်ရေး မရသည့် မဲရုံများသည် တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ် (၅)မြို့နယ် မှ မဲရုံများ ဖြစ်ကြောင်း သိရသည်။

မီးမရှိ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းပါက မဲမသမာမှု ဖြစ်လာနိုင်ကြောင်း၊ များသောအားဖြင့် အုပ်ချုပ်ရေး လက်လှမ်းမမှီသည့် နေရာများတွင် ဖြစ်လေ့ဖြစ်ထရှိကြောင်း သျှမ်းပြည်အခြေစိုက် မြန်မာ့ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံ မှ ကိုဝင့်ထည်ကောင်းမြတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လမ်းပန်းနှင့် ဆက်သွယ်ရေးလိုင်း မကောင်းသည့်အတွက် “အရင်ကဆိုရင် တရွာလုံးကိုယ်စား အုပ်ချုပ်ရေးမှူး တယောက်ကပဲ မဲပေးသွားတဲ့ကိစ္စမျိုးရှိတယ်။ ပါတီ တခုကိုပဲ မဲပေးရမယ့် ကိစ္စအဲလိုတွေရှိခဲ့တယ်” ကိုဝင့်ထည်ကောင်းမြတ်က ဆိုသည်။

လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်နေရာများကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု အားကောင်းပီး ကျေးရွာအထိ ဆင်းနိုင်မှာသာလည်း မဲမသမာမှု ဖြစ်နိုင်ခြေနည်းမည် ဟု ကိုဝင့်ထည်ကောင်းမြတ် က ပြောသည်။

သျှမ်းပြည်တဝှမ်း တွင် မီးမရသေးသည့် မဲရုံနှင့် လမ်းပန်းဆက်သွယ်ရေး မကောင်းသည့် မဲရုံများ မဲသမာမှု မဖြစ်လာအောင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သင့်ကြောင်းလည်း သျှမ်းလူမှုအဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ခုနစ် နိုဝင်ဘာတွင် တကြိမ်၊ ၂၀၁၅ခုနစ် နိုဝင်ဘာတွင် တကြိမ် နှင့် ကြားဖြတ်ရွေးကောက်ပွဲများလည်း ကျင်းပခဲ့သော်လည်း မဲရုံပြင်ဆင်မှုမှာ ယနေ့ချိန်ထိ အားနည်းနေသေးကြောင်းလည်း သျှမ်းလူထုများက ပြောဆိုလိုက်သည်။

“ မီးတွေ မရတာဟာ ကော်မရှင်တွေ စိစစ်မှု အားနည်းတယ်လို့ပဲ မြင်ပါတယ်။ ဒါကတော့ သဘာဝ ကျကျ လက်တွေ့စဉ်းစားလို့ရှိရင် မဲဆန္ဒရှင်တွေရဲ့ လုံခြုံမှုတွေ ကအစ ဒါက မဖြစ်သင့်တဲ့အရာပါ” ဟု စိုင်းဦး က ထပ်လောင်းပြောသည်။

ယနေ့ချိန်ထိ မီးမရသေးသည့် မဲရုံ၊ ဆက်သွယ်ရေးမကောင်းသေးသည့် မဲရုံရှိနေမှုသည့် ယခင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များအားနည်းသလို၊ အစိုးရဘက်မှလည်း မူဝါဒ ချမှတ်ထားပြီး အကောင်အထည်ဖော်ခြင်း မရှိကြောင်းကို တေ့ွရသည် ဟု စိုင်းဦးက ထောက်ပြပြောဆိုလိုက်သည်။

ဆက်လက်ပြီး သျှမ်းပြည် အတွင် နယ်မြေ အခြေအနေ အရ လုံခြုံရေး မကောင်းသည့် မဲရုံများကိုလည်း တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့က မဲလာရောက်ပေးသည့်သူများကို လုံခြုံအောင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သျှမ်းပြည်တွင်းရှိ မဲရုံပေါင်း (၃၅၀၀) ကျော် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...