Wednesday, January 28, 2026

သျှမ်းရှေ့တွင် ဆုံဆို့နာရောဂါကြောင့် ကလေး ၅ဦးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တွင် ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသည့် ကလေးငယ် (၅) ဦးရှိကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။

ဆုံဆို့နာ ရောဂါသည် အသက်ရှူလမ်းကြောင်း ကျဉ်းပြီး ကူးစက်နိုင်သည့် ရောဂါဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်ကြောင်း သိရသည်။

ဇူလိုင်လကုန်မှ ယနေ့ထိ ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ (၃၆) ဦးရှိပြီး သေဆုံးသူ (၅) ဦး ရှိပြီးဖြစ်ကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ လှဌေးမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကိုဗစ်လို ကူးစက်ရောဂါ တစ်မျိုးပဲ။ ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေ စပြီး ဖြစ်တာ။ ၁၀ နှစ်ကျော် အရွယ်တွေ ဖြစ်ကြတယ်။ ဆေးရုံမှာ သေဆုံးသူ ၅ ဦးရှိသွားပြီ။ ကာကွယ်ဆေးထိုးလို့ရှိရင်တော့ မဖြစ်ဘူး။” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

အဆိုပါ ဆုံဆို့နာ ရောဂါ လက္ခဏာသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း နှင့် အသက်ရှုလမ်းကြောင်း တစ်ဖြေးဖြေး ကျဉ်းသွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အထိ ဖြစ်လာနိုင်ကြောင်း ဒေါက်တာလှဌေးမင်း က ပြောသည်။

ကျိုင်းတုံ ဆေးရုံတွင် ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူများမှာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့နယ် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် တွင် နေထိုင်သူများ ဖြစ်သည်။

“ကိုဗစ်လိုပဲ လူထူထပ်တဲ့ နေရာ သွားလို့မရဘူး။ mask တပ်ရမယ်။ လက်ကိုသေချာ ဆေးရမယ်။ ပစ္စည်းတစ်ခုကိုင်ပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးရမယ်” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ဆုံဆို့နာရောဂါနှင့် ပတ်သက်ပြီး လူနာ မရှိသေးကြောင်း ပြည်နယ် အထူးရောဂါ နိမ်နင်းရော လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံ သိရသည်။

ဆုံဆို့နာ ကာကွယ်ဆေးကို ကလေးအရွယ်တွင် ထိုးရကြောင်း၊ များသောအားဖြင့် ကျေးလက်ဒေသနှင့် မဖွံ့ဖြိုးသည့် ဒေသတွင် နေထိုင်သည့် သူများသည် ကာကွယ်ဆေး ထိုးခြင်း နှင့် ပတ်သက်ပြီး အသိပညာ နည်းပါးကြောင်းလည်း ကျိုင်းတုံ ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

သျှမ်းအရှေ့သွားရာ ပြည်ထောင်စုလမ်းမကြီး အခြေအနေဆိုးရွားခြင်းကြောင့် ခရီးသည်ခက်ခဲ

0
သျှမ်းပြည် အ‌ရှေ့ပိုင်းသို့သွားရာ ပြည်ထောင်စုလမ်းမကြီးတကြောတွင် လမ်းအခြေအနေ ဆိုးရွားနေသဖြင့် ခရီးသွားများ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရာ ပြည်ထောင်စုလမ်းမကြီးများသည် မိုးတွင်းကာလ တောင်ပြိုခြင်း၊ လမ်းချော်ခြင်းများ ဆိုးဆိုးရွားရွား လမ်းပျက်စီးနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ကားသမားအချင်းချင်းကြား ကူညီဖြေရှင်းကြရပြီး၊ ခရီးသွားများလည်း အခက်အခဲဖြစ်နေကြောင်း...

မယ်ဆိုင်မြစ်ရေကြီးမှု သျှမ်းရှေ့ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုကြောင့်ဟု ထိုင်းအစိုးရ လေ့လာမှုများက ဖော်ပြ

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက်...

သျှမ်းပြည် အရှေ့ ရေကြီး၊မြေပြိုမှုကြား ကုန်စိမ်းများ ၃ဆ ထိမြင့်တက်

0
သျှမ်းပြည် အရှေ့ပိုင်းတွင် ဆိုးရွားစွာ ရေကြီးမြေပြိုမှု ကြုံရသည့် ကြား ကုန်စိမ်းများ သုံးဆထိ စျေးတင်ရောင်းချမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး ရေကြီးမှုဖြစ်ပွားခဲ့သကဲ့သို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်တွင်နည်းတူ ရေကြီးမှုကြုံခဲ့ရသည်။ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ခြမ်းမှ နေ့စဉ် ကုန်စိမ်း၊ အသား၊ ငါးများကို ဝယ်ယူ၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်...

ရေကြီးဒဏ်ကြောင့် စားဝတ်နေရေးခက်ခဲနေသည့် နားဟိုင်းလုံ

0
မိုးတွင်းကာလရောက်လာတိုင်း ရေကြီးမှုဒဏ်ကို နှစ်စဥ်ခံစားနေရသည့် နားဟိုင်းလုံကျေးရွာသည် ယခုနှစ်တွင် စားဝတ်နေရေး ပိုပြီးခက်ခဲလာသည်။ နားဟိုင်းလုံကျေးရွာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ် မိုင်းလင်းကျေးရွာအုပ်စု အတွင်းတည်ရှိပြီး၊ ထိုကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုကို ပြုလုပ်လာကြသည့်အတွက် တောတောင်ပြုန်းတီးမှုများ ဖြစ်လာသည်။ ထို့ကြောင့် ယခုမိုးတွင်းကာလရောက်တိုင်း ရေကြီးမှုဒဏ်နှင့်အတူ ရွှံ့၊သဲ၊ နုန်း...