Tuesday, January 27, 2026

ငြိမ်းချမ်းရေး ညီလာခံ AA ကိုချန်ရင် ဘာတွေဖြစ်လာနိုင်လဲ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ်ကို သြဂုတ် ၁၉ ရက်မှ စတင်ကျင်းပဖို့ အတွက် တရားဝင်ပြောဆိုလိုက်ပါတယ်။

ထို ၂၁ရာစု ပင်လုံ အပစ် မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို ဖိတ်ကြားမှာဖြစ်ပေမယ့် ရက္ခိုင်တပ်မတော် (AA)ကိုတော့ ဖိတ်ကြားသွားမှာ မဟုတ်ကြောင်း သြဂုတ် ၅ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေမှူးချုပ် ဦးဇော်ဌေး က ပြောဆိုခဲ့ပါတယ်။

ဖိတ်ကြားသွားမယ့် အပစ်မရပ်သေးတဲ့အဖွဲ့တွေကတော့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော်( SSPP/SSA)၊ “ ဝ” သွေးစည်းညီညွတ်ရေး ပါတီ (UWSA)၊ မိုင်းလားအဖွဲ့ ( NDAA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ နှင့် မြန်မာ အမျိုးသာ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ ဖြစ်ပါတယ်။

သို့ပေမယ့် TNLAနှင့် MNDAA တို့ရဲ့ ညီနောင် မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့် တပ်မတော် (AA) ကို ဖိတ်ကြားမှု မရှိတဲ့အတွက် ကျန် ညီနောင် မဟာမိတ်တွေကလည်း နေပြည်တော်ကို သွားမည် မဟုတ်ကြောင်း စုံစမ်းသိရပါတယ်။

ထိုကဲ့သို့ ခွဲခြား ပြီး ဖိတ်ကြားတဲ့အပေါ်လည်း ကန့်သတ်မှုများကြောင်း၊ ခွဲခြားဖိတ်ကြားမှုများလည်း မပြုလုပ်သင့်ကြောင်းလည်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က ပြောပါတယ်။

“ ကျနော်တို့ အစက အဖွဲ့ ၃ဖွဲ့ စလုံး ဖိတ်ကြားရင် အတူတူတက်မယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် တဖွဲ့ချန်ရင် မတက်ဘူး” ဟု ဗိုလ်မှူး တားအိုက်ကျော် က ပြောပါတယ်။

အစိုးရ အနေနဲ့ NCA လက်မှတ်မရေးထိုးထားတဲ့အဖွဲ့ (၇) ဖွဲ့ကို ဖိတ်ကြားပေမယ့် ဆွေးနွေးပွဲတွင် တစုံတရာ ဆွေးနွေးခွင့်မရရှိဘဲ လေ့လာသူအဖြင့်သာ တက်ရောက်ရမှာဖြစ်ကြောင်းလည်း ဗိုလ်မှူး တားအိုက်ကျော် က ပြောဆိုလိုက်ပါတယ်။

“ မဖိတ်ရင် မလှမှာဆိုး လို့ကျနော်တို့ အဖွဲ့ကိုဖိတ်တယ်။ အခမ်အးနား ဖွင့်ပွဲ တတ်၊ ညစာစား၊ ဓာတ်ပုံရိုက်ပြန်ပဲ။ ဖိတ်ရင်လည်း ဘာမှ ထူးထူးခြားခြားမရှိဘူး။ မဖိတ်ရင်လည်း ဘာမှ ထူးခြားမှု မရှိဘူး” လို့ ဗိုလ်မှူး တားအိုက်ကျော် က ဆိုပါတယ်။

သြဂုတ် ၁၉ ရက်မှာ စတင်ကျင်းပမယ့် ညီလာခံ ပထမရက်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် နဲ့တိုင်းရင်းသးာခေါင်းဆောင်တွေက မူဝါဒ ဆိုင်ရာ မိန့်ခွန်းကို ပြောကြားသွားဖြစ်ပြီး၊ နေ့လည်ပိုင်းမှာ UPDJC ဃ အတွင်းရေးမှူး အစည်းအဝေး ပြုလုပ်မှာဖြစ်ပါတယ်။

ဒုတိယ ရက်မှာတော့ UPDJC အစည်းအဝေး ဆက်လက်ပြုလုပ်မှာဖြစ်ပြီး နောက်ဆုံးရက်ကိုတော့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ကြောင်း သိရပါတယ်။

သြဂုတ်လ ၁၉ ရက်မှ စတင်ကျင်းပမည့် ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဟာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်တဲ့အတွက် အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့သာ သက်ဆိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက ပြောဆိုလိုက်ပါတယ်။

သို့ပေမယ့် အပစ်ခတ် ရပ်စဲရေး သဘောတူညီ စာချုပ်လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့ တွေကို ၂၁ ရာစု ပင်လုံ ညီလာခံ မှ ငြိမ်းချမ်းရေး ကို ရှေ့ဆက်ရန် အတွက် အားလုံး ဖိတ်ကြားသင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုး က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ (AA )ကို ချန်ထားပြီး ဖိတ်မည်ပါက ရှေ့ဆက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အခက်အခဲဖြစ်လာနိုင် သလို စစ်ရေး မဟာမိတ်ဖြစ်တဲ့ TNLA နဲ့ MNDAA (ကိုးကန့်) အဖွဲ့တွေလည်း ၂၁ ပင်လုံညီလာခံ တက်ရောက်လာမှာ မဟုတ်ကြောင်း ဦးမောင်မောင်စိုး က ပြောပါတယ်။

AAဟာ လက်ရှိ Bilateral ( နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုရန် အတွက် TNLA၊ MNDAAတို့ နှင့်အတူ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်တွေနဲ့ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုှနှစ် တွင် တရားဝင် တွေ့ဆုံဆွေးနွေးတာ ၆ကြိမ် ထက်မနည်းရှိပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် AA အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC)ရဲ့ အဖွဲ့ဝင် လည်းဖြစ်ပါတယ်။

FPNCCအဖွဲ့တွေ ကတော့ လက်ရှိ အပစ်ခတ်ရပ်စဲရေး (NCA)လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့ ( ၇)ဖွဲ့ ပါပဲ။

AA အဖွဲ့ ကို အစိုးရ က အကြမ်းဖက် အဖွဲ့ ဟု ကြေညာထားတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။

“ AAက မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့နဲ့လည်း မဟာမိတ်ဖြစ်တယ်။ AA ကိုချန်ထားရင် ကျန် သူတွေလည်း ဆွေးနွေးပွဲ တွေမှာ မပါလာရင် ဆက်လက်ဆွေးနွေးဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်။AAကို မဖိတ်ဘူးဆိုရင် TNLA ကိုးကန့်တို့သူတို့ လည်း မတက်ဘူးလို့ ပြောနေတယ်” လို့ ဦးမောင်မောင်စိုး က ဆိုပါတယ်။

ဒါ့ကြောင့် AA ကို ဖိတ်ပါက တခြား အဖွဲ့ပေါင်းစုံတွေလည်း တက်လာပြီး လက်ရှိကျင်းပမယ့် (၂၁)ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ မှာ နိုင်ငံရေး ဆွေးနွေးပွဲ မရှိရင်တောင် ရပ်တန့်နေတဲ့ Bilateral ဆွေးနွေးဖို့ လမ်းစ ပွင့်လာပြီး အခွင့်အရေး ရနိုင်ကြောင်းဦးမောင်မောင်စိုး က သုံးသပ်ပြောပါတယ်။

ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်သေးသရွေ့တော့ စစ်ပွဲတွေ ပိုပြီး ပြင်းထန်လာပြီး ရခိုင်မှာ စစ်မရပ်သလို မြောက်ပိုင်းမှာလည်း အချိန်မရွေး သေနတ်သံ ကြားလာနိုင်ကြောင်း ဦးမောင်မောင်စိုး က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

FPNCC အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းပြည် တိုးတက်ရေး ပါတီ၊သျှမ်းပြည် တပ်မတော်(SSPP/SSA) ကလည်း FPNCCကို ဖိတ်ကြားမှသာလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်မယ်လို့ ပြောဆိုထားပါတယ်။

လာမယ့် (၂၁)ရာစု ပင်လုံညီလာခံကို မျှော်လင့်ချက် ကြီးကြီးမားမားမရှိကြောင်း၊ ညီလာခံတက်မယ့်ကိစ္စ နဲ့ ပတ်သက်ပြီး FPNCCကို စောင့်ကြည့်ရမှာဖြစ်ပြီး၊ ဖိတ်ကြားခံရပါက အားလုံး အတူတူ တက်ကြမှာ ဖြစ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင် က ပြောပါတယ်။

NCA လက်မှတ်မရေးထိုးထားသေးတဲ့ အဖွဲ့တွေကို ဖိတ်ကြားပေးရန် အတွက် အပစ်ရပ်ထားသည့်အဖွဲ့တွေက သြဂုတ် ၅ရက် မှာပြုလုပ်တဲ့ အစည်းအဝေး မှာ တရားဝင် တောင်းဆိုခဲ့တဲ့အတွက် အစိုးရ က AA မှလွှဲပြီး ကျန်အဖွဲ့ကို ဖိတ်ကြားပေးမည်ဟု ပြောဆိုလာခြင်းဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး အဟန့်အတားဖြစ်နေရတဲ့အကြောင်းရင်း ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခွဲခြားဆက်ဆံမှု ကန့်သတ်မှုတွေကြောင့် ကြန့်ကြာနေရကြောင်းလည်း TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော် က ထောက်ပြပြောဆိုလိုက်ပါတယ်။

“ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုရင် ကန့်သက်မှုတွေထားဖို့ မလိုဘူး။ သူတို့ ပြောထားတဲ့အတိုင်း သူတို့ သတ်မှတ်တဲ့ပုံစံအတိုင်း လိုက်လုပ်ရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူပဲ တက်တက် ဘယ်လို မှ အဆင်ပြေမှာ မဟုတ်ဘူး” လို့ ဗိုလ်မှူး တားအိုက်ကျော် ကဆိုသည်။

လက်ရှိကာလမှာ ရခိုင်ပြည်ရှိမြို့နယ် ၇ ခု တွင် အစိုးရ တပ်မတော် နှင့် AA တို့ တိုက်ပွဲ ယနေ့ချိန်ထိ ပြင်းထန်မှုများရှိနေဆဲပါ။

ထို့အပြင် သျှမ်းပြည် မြောက်ပိုင်းတွင်လည်း အစိုးရ တပ်မတော် သည် စစ်အင်အားဖြည့်လာပြီး TNLA၊ SSPP/SSA၊ RCSS/SSA တို့နဲ့ထိတွေ့မှု ဖြစ်ပွားနေပါတယ်။

အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး တကယ်ဖော်ဆောင်လိုပါက အပစ်ခတ်မရပ်ထားသေးတဲ့ အဖွဲ့တွေ တဖွဲ့ မှမချန်ဘဲ အားလုံးကို ဖိတ်ကြားသင့်ကြောင်းလည်း ရခိုင် အရေး နှင့် သျှမ်းပြည် အရေး လေ့လာသူများက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်

0
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့...

ညီနောင် (၃)ဖွဲ့ လုပ်ဆောင်ချက်သည်တော်လှန်ရေးအဖွဲ့သစ် အတွက် စံပြဖြစ်ကြောင်း TNLA နှင့် AA က MNDAA ကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထား

0
ညီနောင်မဟာမိတ် (၃)ဖွဲ့ လုပ်ဆောင်ချက်သည် တော်လှန်ရေးအဖွဲ့အစည်းသစ်များအတုယူ စံပြဖြစ်ခဲ့ရကြောင်း TNLA နှင့် AA က MNDAA ၃၆နှစ်ပြည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ၃၆ နှစ်မြောက်အခမ်းအနားသို့ ကျန်နှစ်ဖွဲ့ဖြစ်သည့် TNLA နှင့် AA တို့မှ...

နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာ

0
သျှမ်းမြောက်နှင့် ရခိုင်ပြည်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား မဟာမိတ် တပ်မတော်-MNDAA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် - TNLA နှင့် အာရက္ခတပ်တော်-ULA/AA တို့အား နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း...

“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”

0
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို...