တောင်ကြီးမြို့တွင် ကားမှန်ရိုက်ခွဲ ပစ္စည်းခိုးနေသူအား ဖမ်းဆီး

တောင်ကြီးမြို့ပေါ်တွင် ကားမှန်ရိုက်ခွဲကာ ငွေသားနှင့် ပစ္စည်းများအား ရ ကြိမ်တိုင်တိုင်ခိုးယူခဲ့ဖူးသူအား ဧပြီလ ၂၃ ရက်နေ့ကဖမ်းဆီးရမိကြောင်း အမှတ် ၂ ရဲတပ်ဖွဲ့ ထံမှသိရသည် ။

ကားမှန်ရိုက်ခွဲကာ ငွေသားနှင့် ပစ္စည်းများအား ရ ကြိမ်တိုင်တိုင်ခိုးယူခဲ့ဖူးသူ စိုင်းအွမ် အား ဧပြီလ ၂၃ ရက်နေ့ကဖမ်းဆီးရမိ

ပြစ်မှုကျူးလွန် သူမှာ အသက်(၅၂)နှစ်အရွယ် မိုင်းရှူးမြို့နယ် ၊ မိုင်စံမြို့နေသူ စိုင်းအွမ် ဆိုသူ ဖြစ်ပြီး ၄င်းမှာ၂၀၁၇ အောက်တိုဘာလမှ စ၍ ၂၀၁၈ ဧပြီလ ၂၃ ရက်နေ့အထိ တောင်ကြီးမြို့နယ်အတွင်းရှိ ကားမှန်များ ရိုက်ခွဲ ကာပစ္စည်း နှင့်ငွေသားများ ခိုးယူခဲ့ကြောင်း ထွက်ဆိုသည်ဟု အမှတ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လင်းလင်းဇော် ကပြောသည် ။

“ပြည်သူတွေအနေနဲ့ ဒီလိုဖြစ်စဉ် မျိုးနဲ့ကြုံလာရင် ရဲတပ်ဖွဲ့ကိုသတင်းပေး ပြီးပူးပေါင်းဆောက်ရွက် စေချင်ပါတယ် လက်ရှိပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ၄၂၇ တို့နဲ့အမှုဖွွင့်ဆောင်ရွက်လျှက်ရှိပါ တယ်” ဟု ၄င်းကပြောသည်။

တောင်ကြီး မြို့ပေါ်ရေအေးကွင်းရပ် တောင်ကြီးကဖေးရှေ့ ၊ အရှေ့မြို့ပတ်လမ်း မြကန်သာပန်းခြံရှေ့ စသည့်နေရာများရှိရပ်ထားသောကားမှန် များအားရိုက်ခွဲကာ ပစ္စည်း နှင့်ငွေသားများခိုးယူ ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။
စိုင်းအွမ်ဆို သူသည် ၂၀၁၇ အောက်တိုဘာလမှ စ၍ ၂၀၁၈ ဧပြီလ ၂၃ ရက်နေ့အထိ အဆိုပါအပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟုသိရသည် ။

တောင်ကြီးမြို့တွင် ခိုးယက် ရိုက်နှက်မှုများ များပြားလာနေပြီး ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း ကိုးတန်းကျောင်းသူတဦးအား အမျိုးသား ၂ ဦးက ဓါးခုတ်မှုတခုဖြစ်ပွါးခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...