Thursday, January 29, 2026

တောင်ကြီးမြို့တွင် ကားမှန်ရိုက်ခွဲ ပစ္စည်းခိုးနေသူအား ဖမ်းဆီး

တောင်ကြီးမြို့ပေါ်တွင် ကားမှန်ရိုက်ခွဲကာ ငွေသားနှင့် ပစ္စည်းများအား ရ ကြိမ်တိုင်တိုင်ခိုးယူခဲ့ဖူးသူအား ဧပြီလ ၂၃ ရက်နေ့ကဖမ်းဆီးရမိကြောင်း အမှတ် ၂ ရဲတပ်ဖွဲ့ ထံမှသိရသည် ။

ကားမှန်ရိုက်ခွဲကာ ငွေသားနှင့် ပစ္စည်းများအား ရ ကြိမ်တိုင်တိုင်ခိုးယူခဲ့ဖူးသူ စိုင်းအွမ် အား ဧပြီလ ၂၃ ရက်နေ့ကဖမ်းဆီးရမိ

ပြစ်မှုကျူးလွန် သူမှာ အသက်(၅၂)နှစ်အရွယ် မိုင်းရှူးမြို့နယ် ၊ မိုင်စံမြို့နေသူ စိုင်းအွမ် ဆိုသူ ဖြစ်ပြီး ၄င်းမှာ၂၀၁၇ အောက်တိုဘာလမှ စ၍ ၂၀၁၈ ဧပြီလ ၂၃ ရက်နေ့အထိ တောင်ကြီးမြို့နယ်အတွင်းရှိ ကားမှန်များ ရိုက်ခွဲ ကာပစ္စည်း နှင့်ငွေသားများ ခိုးယူခဲ့ကြောင်း ထွက်ဆိုသည်ဟု အမှတ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လင်းလင်းဇော် ကပြောသည် ။

“ပြည်သူတွေအနေနဲ့ ဒီလိုဖြစ်စဉ် မျိုးနဲ့ကြုံလာရင် ရဲတပ်ဖွဲ့ကိုသတင်းပေး ပြီးပူးပေါင်းဆောက်ရွက် စေချင်ပါတယ် လက်ရှိပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ၄၂၇ တို့နဲ့အမှုဖွွင့်ဆောင်ရွက်လျှက်ရှိပါ တယ်” ဟု ၄င်းကပြောသည်။

တောင်ကြီး မြို့ပေါ်ရေအေးကွင်းရပ် တောင်ကြီးကဖေးရှေ့ ၊ အရှေ့မြို့ပတ်လမ်း မြကန်သာပန်းခြံရှေ့ စသည့်နေရာများရှိရပ်ထားသောကားမှန် များအားရိုက်ခွဲကာ ပစ္စည်း နှင့်ငွေသားများခိုးယူ ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။
စိုင်းအွမ်ဆို သူသည် ၂၀၁၇ အောက်တိုဘာလမှ စ၍ ၂၀၁၈ ဧပြီလ ၂၃ ရက်နေ့အထိ အဆိုပါအပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟုသိရသည် ။

တောင်ကြီးမြို့တွင် ခိုးယက် ရိုက်နှက်မှုများ များပြားလာနေပြီး ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း ကိုးတန်းကျောင်းသူတဦးအား အမျိုးသား ၂ ဦးက ဓါးခုတ်မှုတခုဖြစ်ပွါးခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...