Wednesday, January 28, 2026

ဆီဆိုင် ဒေသဦးစီး ကုန်းမြင့်မြေဖော်သည့် ကိစ္စ ဒေသခံ သဘောမတူ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသဦးစီးသည့် ကုန်းမြင့်မြေဧက (၂၀၀)ကျော် ကို ဖော်ဆောင်မည့် ကိစ္စ ဒေသခံများ သဘောမတူညီကြကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် အတွင်း ကုန်းမြင့်မြေ ဧက (၂၀၀) ကျော်ကို ဖော်ပြီး အစိုးရတပ်မတော် သိမ်းဆည်းမြေ အစား တောင်သူများကို ပြန်လည် ပေးရန် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဒေသခံများက သဘော မတူညီကြောင်း ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလိ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဆီဆိုင်က အာဏာပိုင်တွေနဲ့ ဒေသဦးစီးတွေက ဖော်နေတာပါ။ တောင်သူတွေကို အစားထိုး မြေပြန်ပေးဖို့ပြောပါတယ်။ သျှမ်းပြည် အစိုးရ ကို စာတင်ထားတယ်လို့လည်း ကြားရတယ်” ဟု ဦးကောလိ က ဆိုသည်။

ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု နှင့် ပင်စုံကျေးရွာအုပ်စုအတွင်း ၌ အစိုးရတပ်မတော် နှင့် ဒေသခံများ မြေယာပြဿနာ အငြင်းပွားမှုဖြစ်ပွားနေဆဲ ကာလဖြစ်သည်။

ထို အစားထိုး မြေယာများပြန်ပေးသည့် အခု ကုန်းမြင့် လယ်ယာမြေ ဧကာ (၂၀၀) ကျော်ကို ဖော်ပါက သစ်တောပြုန်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံများက အစားထိုးပေးမည့် မြေယာများကို သဘောမတူရခြင်းဖြစ်ကြောင်း ယနေ့(ဇူလိုင် ၁၈)ရက် တွင် ကန့်ကွက် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။

ဆီဆိုင်မြို့နယ် တွင် တောင်သူများ ပိုင်ဆိုင်သည့် မြေယာမြေ ဧက (၁၉၀၀) ကျော်ကို ဆီဆိုင် အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ်နှင့် (၄၂၄) တပ်တို့က သိမ်းဆည်းခဲ့ပြီး ဒေသခံတောင်သူများကို လည်း တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။

“တပ် သိမ်းထားတဲ့ မြေတွေအစား တောင်သူတွေကို အစားထိုး ပြန်ပေးမယ်။ သူတို့က မြေကွက်လာဖော်တာကို ကျနော်တို့ သဘောမတူဘူး။ သစ်ပင်တွေ ရှိတယ် ပေးမခုတ်ချင်ဘူး။ ရအောင် ကန့်ကွက်သွားမယ်” ဟု ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလိ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြေယာဖော်ဆောင်မည့် နေရာသည် ကုန်းမြင့်လယ်ယာမြေ ဖြစ်ပြီးသစ်ပင် သစ်တောများဖြစ်ပြီး ဒေသခံ ရွာသားများက ချက်ပြုတ်ရန်အတွက် ထင်းခုတ်ခြင်း ၊ အိမ်ဆောက်ရန်အတွက် အမိုး အကာ သွားယူခြင်းများ ရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးကောလိ က ပြောသည်။

လက်ရှိ ကုန်းမြင့်လယ်ယာမြေဖော်ဆောင်ရန် အတွက် သက်ဆိုင်ရာက စက်ကိရိယာများ၊ ယန္တရားများလာရောက်ချထားကြောင်း ကိုလည် ဒေသခံများက ပြောပြသည်။

“အခုက သက်ဆိုင်ရာ ဌာနတွေက စက်ကိရိယာတွေ လာချထားပြီး တဲတွေလည်း လာဆောက်ထားပြီ။” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက သျှမ်းပြည် အစိုးရ နှင့် ဒေသဦးစီး ဌာ တို့ကို ကန့်ကွက်စာ တင်သွားမည် ဖြစ်ကြောင်းသိရသည်။

“ ကျနော်တို့ကတော့ ဒါကို ကန့်ကွက်တယ်။ သစ်ပင်ခုတ်ဖို့ကိစ္စ ကျနော်တို့မလိုလားဘူး။ အစိုးရ ဆီကို စာတင်သွားမှာပါ” ဟု ကန့်ကွက်ရာတွင် ပါဝင်သည့် အမျိုးသား တဦးက ပြောသည်။

ဆက်လက်ပြီး ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီ က “သစ်တောတွေ မပြုန်းအောင် ကျနော်တို့ ထိန်းသိမ်းထားတယ်။ သူတို့က လွယ်လွယ်ကူကူ နဲ့ ခုတ်သွားမယ်။ သစ်ပင် သစ်တော မပြုန်းတီးအောင် ကျနော်တို့ ကာကွယ်သွားမယ်” ဟု ဆိုသည်။

ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာ ၅ ရွာ ပိုင်ဆိုင်သည့် မြေယာ ကိစ္စနှင့် ပတ်သက်ပြီး တောင်သူ နှင့် တပ်သည် မေလနှောင်းပိုင်းမှ စတင်ကာ မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့ကာ တောင်သူ ၇၀ ကျော် ကို တပ်မှ တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။

ထိုမြေယာများသည် လွန်ခဲ့သည် ၁၉၉၆ ခုနှစ်တွင် တပ်မှ (၁၉၀၀) ဧက ကျော် သိမ်းဆည်းခဲ့သည်။ တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင် လာရောက် အကြောင်းကြားအသိပေးခြင်း မရှိသကဲ့သို့ ထိုမြေပေါ်တွင် လုပ်ကိုင်စားသောက်သည့် တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစုံတရာ မရရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...

အခြားဒေသသို့ စစ်ဘေးရှောင်ပြီး နေရပ်ဆီဆိုင်မြို့သို့ ပြန်လာသည့် ကလေးများ ကျောင်းအပ်ခွင့်မရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် အခြားဒေသသို့ စစ်ဘေးရှောင်သွားရာမှ ပြန်လာသည့် ကလေးများကို ကျောင်းအပ်လက်မခံကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်စပိုင်းတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် PNLA တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မြို့ခံများသည် ဘေးလွတ်ရာ အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဆီဆိုင်မြို့တွင်...

ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

0
သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက...