ကျောက်မဲမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြောင်း စုံစမ်းသိရသည်။

ထိုနယ်မြေများတွင် အစိုးရ တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)တို့သည် ဇွန် ၂၅ရက်မှ ယနေ့ထိတိုင်း ထိတွေ့မှု မကြာခဏ ဖြစ်ပွားကာ၊ အစိုးရ တပ်မတော်က စစ်အင်အားများ ဖြည့်တင်းနေမှုကြောင့် ဒေသခံများ တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေသည် ဟု ကျောက်မဲမြို့နယ် ဒေသခံ နန်းလှရီ က ပြောသည်။

“ တပ်က နေ့တိုင်း စစ်အင်အားတွေဖြည့်နေတော့ ဘယ်ချိန်တိုက်ပွဲဖြစ်မလဲမသိတော့ ရွာဘုန်းကြီးကျောင်းမှာ သွားစုပြီးနေနေရတယ်။ အားလုံးကတော့ ကြောက်နေတယ်” ဟု နန်းလှရီ က ဆိုသည်။

ဘုန်းကြီးကျောင်းသို့ သွားရောက်စုပြီးနေထိုင်နေရသည့် ရွာများမှာ ကျောက်မဲမြို့နယ် ကုန်းညောင်ကျေးရွာ၊ နမ့်မော်ဘီလူးကျေးရွာ။ နမ့်ဟန်ခိန်ရွာ၊ ရေဆန် ကျေးရွာ၊ ဟိုဖိုင်၊ ဟိုင်းကွီ၊ နမ့်ဝါ့ နှင့်ပန်ကျင်ကျေးရွာတို့ဖြစ်ကြကြောင်း နန်းလှရီ က ပြောပြသည်။

Photo by ကျောက်မဲဒေသခံ

“ စားချိန်တန်ရင်တော့ ကိုယ့်အိမ်ကိုယ့်ပြန်ချက် စား၊ နောက် ဘုန်းကြီးကျောင်းမှာပြန်လာနေ။ အိမ်ပြန်ထမင်းချက်စားရင်တောင် တိုက်ပွဲ ဖြစ်မှာ ကြောက်နေရတယ်” ဟု နန်းလှရီ က ပြောသည်။

အစိုးရတပ်မတော် သည် ကျောက်မဲမြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် စစ်အင်အား တိုးချဲ့နေကြောင်း လည်းကျောက်မဲ ဒေသခံများ ပြောပြချက် အရသိရသည်။

ထို့ပြင် ယမန်နေ့ (ဇူလိုင် ၁၅)ရက်မနက်ပိုင်းတွင် အစိုးရတပ်မတော် မှ သေနတ်ပစ်ခတ်ပြီးသေဆုံးသွားသည့် လုံးဆု နှင့် သေနတ်ကျည်ဆံထိမှန်၊ ရိုက်နှက်ခံရ ရွာသားများကို စုံစမ်းစစ်ဆေးရန် အစိုးရတပ်မတော်မှ ကျောက်မဲမြို့ ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာ ကို သွားရောက်ခဲ့သည်။

ထိုသို့ သွားရာတွင် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မမှူး အဆင့်ရှိ အရာရှိ များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ လိုက်ပါပြီး လုံခြုံရေး စစ်အင်အားနှင့်အတူ လက်နက်များလည်း ပါသွားကြောင်းသိရသည်။

Photo by ကျောက်မဲဒေသခံ

လုံခြုံရေး အရ ၊နယ်မြေရှင်းလင်းရေးအရ ဟု အစိုးရတပ်မတော် မှ စစ်အင်အားဖြင့် သွားကြသည့်အပြင် သေနတ်ပစ်ခတ်ခဲ့သည့်အပေါ် ဒေသခံများ က စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

“ ကျနော်တို့ ရွာသားတွေက စစ်တပ်လာတော့ ကြောက်ကြတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းတွေမှာ လူစုနေကြ၊ ညအိပ်ကြပေါ့။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်” ဟု ကျောက်မဲမြို့နယ် ဒေသခံ တဦးဖြစ်သည့် စိုင်းဝင်း က ပြောသည်။

ဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလှုံနေကြသော်လည်း ထမင်းကို နေအိမ်တွင်ပြန်ချက်ပြီး စားသောက်ကာ ဘုန်းကြီးကျောင်းသို့ ပြန်ရကြောင်း၊ လယ်ယာ စိုက်ပျိုးမှု မလုပ်ရကြောင်း လည်း စိုင်းဝင်း က ဆိုသည်။

ဇူလိုင်လ ၁၀ ရက် က ကျောက်မဲမြို့နယ် အတွင်းရှိ သျှမ်းလူထု ၁သောင်းကျော်သည် “ ပြည်သူကို သတ်သည့် တပ်မတော် အလိုမရှိ” ဟု ဆိုင်းဘုတ်ကို ကိုင်ဆောင်က ကျောက်မဲမြို့အတွင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့နောက် အစိုးရတပ်မှ စုံစမ်းစစ်ဆေးရေးများပြုလုပ်ကာ စစ်အင်အားထပ်ဖြည့်လာခြင်းဖြစ်သည်ဟုလည်း ဒေသခံများ သုံးသပ်ချက် အရ သိရသည်။

“ ကျနော်တို့ ရွာသားတွေ ဆန္ဒထုတ်ဖော်ပြီးနောက်မှ အစိုးရတပ်ဘက်က အင်အားချဲ့လာတယ်။ နောက် တဖက်သက် ပစ်ခတ်တာတွေလုပ်တယ်။ ကျနော်တို့ အခု တိုက်ပွဲတွေ ထပ်ဖြစ်မှာစိုးရိမ်နေတယ်” ဟု စိုင်းဝင်း က ပြောသည်။

Photo by ကျောက်မဲဒေသခံ

ယခု အစိုးရတပ်မတော် စစ်အင်အား တိုးချဲ့သည့်နေရာ ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့်နေရာသည် အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် ( NCA) လက်မှတ် ရေးထိုးထားသည့် အဖွဲ့ ဖြစ်သည့် RCSS/SSA လှုပ်ရှားသည့်နေရာဖြစ်သည်။

“ အစိုးရတပ်တွေ အင်အားချဲ့နေသရွေ့တော့ ထိတွေ့မှုတွေဖြစ်နိုင်တယ်။ နောက် သူတို့(အစိုးရတပ်) ကပဲ တဖတ်သတ်ပစ်နေတာ။ NCA ကိုလည်း သူတို့ချိုးဖောက်နေတာ” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အစိုးရ တပ်မတော် သည် စစ်အင်အား ဖြည့်တင်းမှုကြောင့် ထိတွေ့မှုများ တိုက်ပွဲများဖြစ်လာနိုင်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောလိုက်သည်။

ယခုအချိန်သည် သျှမ်းပြည်သားမျာအတွက် လယ်ယာ စိုက်ပျိုးသည့် အချိန်ကာလဖြစ်သဖြင့် တိုက်ပွဲများထိတွေ့မှုများမဖြစ်ရန်လည်း ကျောက်မဲပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...