တာချီလိတ်ဆေးရုံဆင်းပြီးကိုဗစ်-၁၉ လူနာ ပိုးပြန်တွေ့

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ လူနာ သည် ဆေးရုံဆင်းပြီးနောက် ပိုးပြန်တွေ့ရှိကြောင်း စုံစမ်းသိရသည်။

Photo တာချီလိတ်ဒေသခံ

တာချီလိတ် ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၉၆) သည် ဆေးရုံဆင်းပြီး ရက်(၄၀) အကြာ ဇွန် (၃၀)တွင် ကိုဗစ်-၁၉ ပိုးပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ပိုးမတွေ့ပဲ ဆေးရုံဆင်းပြီးတော့ ပိုးပြန်တွေ့တာက သူများ နိုင်ငံတွေမှာလည်း ရှိတာပေါ့နော်။ဒါပေမယ့် ကျနော်တို့ နိုင်ငံက ပထမဆုံး ဒီတစ်ယောက် ပြန်ဖြစ်တာပါ” ဟု ပြည်နယ် အထူးရောဂါ နိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောလိုက်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာ အားလုံးသည် ဓါတ်ခွဲနမူနာ စစ်ဆေးရာမှာ ၂ ကြိမ်ဆက်တိုက် Negative ဖြစ်လျှင် ဆေးရုံမှ ဆင်းခွင့် ပြုထားကြောင်းသိရသည်။

ကိုဗစ်-၁၉ လူနာများသည် ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးပြီး Negative ၂ကြိမ်ဆက်တိုက်ဖြစ်ပါက ဆေးရုံဆင်းခွင့်ရသော်လည်း Facility Quarantine (၇) ရက် ဆက်ထားပြီး၊ Home Quarantine ကို (၇)ရက်ထက် ထားကြောင်း ဒေါက်တာဇဝနကို က ပြောပြသည်။

ထို ဆေးရုံဆင်းပြီးသွားသည့် ကိုဗစ်-၁၉ လူနာများနှင့် ပတ်သက်ပြီး ဒေါက်တာ ဇဝနကို က “ ပြန်စစ်ဖို့လည်း ကျန်းမာရေး ဝန်ကြီးဌာနကလည်း မထုတ်ထားဘူး။အဲ့လိုမျိုး ပြန်စစ်ဖို့ လောလောဆယ်တော့ မရှိသေးဘူး” ဟု ထပ်လောင်းပြောပြသည်။

ထိုလူနာ အမှတ် (၉၆) သည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တာချီလိတ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ရက်ပေါင်း (၄၀) အကြာတွင် ပိုးပြန်တွေ့သော်လည်း ကျန်းမာရေး အခြေနေကောင်းမွန်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

လူနာ အမှတ် (၉၆) သည် ဆေးရုံဆင်းပြီး အနီးကပ်ထိတွေ့သူများကို အသွားအလာကန့်သတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ ၁၀ ဦး ရှိပြီး ၎င်းတို့အားလုံးသည် ဆေးရုံမှ ဆင်းခွင့်ရပြီး ဖြစ်သော်လည်း လူနာ အမှတ် (၉ ၆) သည် ဒုတိယအကြိမ် ကိုဗစ် – ၁၉ ပိုး ပြန်လည်တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၃၀၄) ဦး ၊ ပြန်လည် သက်သာလာသူ (၂၂၂) နှင့် သေဆုံးလူနာ (၆) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...