Tuesday, January 27, 2026

မိုင်းဖြတ်မြို့က အသက် ရ၀ ကျော်ဖွားအိုတဦးအား တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ပြီး နားရွက်ဖြတ်ကာ ရွှေနားကပ်လုယူသွား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် အသက် ရ၀ ကျော်အရွယ် အမျိုးသမီးတဦးအား တပ်မတော်သား တဦးက အဓမ္မပြုကျင့်ကာ နားရွက်နှစ်ဘက်ဖြတ်၍ ရွှေနားကပ်လုယူသွားသည့်ဖြစ်စဉ်တခု ဖြစ်ပွါးခဲ့သည်။


ဧပြီလ ၂ ရက်နေ့က မိုင်းဖြတ်မြို့နယ် ၀မ့်ဟွေ့ရွာမှာနေထိုင်သည့် အသက် ရ၀ ကျော်အရွာ အဖွား ပါ့နန်းကောင်အား ဗမာစကားပြော တပ်မတော်သားတဦးက မိုင်းဖြတ်မြို့ ဂေါက်ကွင်းအနီးတွင် အဓမ္မပြုကျင့်ပြီး နားရွက်အားဖြတ်ကာ ရွှေနားကပ်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိုင်းဖြတ်မြို့ခံ အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ မှ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“အဖွားက ခြံသွားပြီး ပြန်လာတာ။ ဂေါက်ကွင်းအရောက်နားမှာ ဓါးပြတိုက်ခံရတာ။ အဲ့ကောင်လေးက အဲဒီနားမှာရှိတဲ့ တပ်စခန်းက တပ်သားတယောက်ဘဲ။ သူ့နာမည် က တပ်သားနေမျိုးသူ။ အခုသူ့ကို မိုင်းဖြတ်အချုပ်ခန်းမှာချုပ်ထားတယ်။ အဖွားကတော့ စစ်ဆေးရုံမှာ ဆေးကုနေတယ်”- ဟု စိုင်းခမ်းက ပြောသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တာချီလိတ်အွန်လိုင်းသတင်းက – “တပ်သားနေမျိုးသူက ဒေါ်ပါကောင်အား လည်ပင်းညှစ်၍ ဒေါ်ပါကောင်၏ ဘေးလွယ်အိတ်မှ ဓါးဖြင့် ဦးခေါင်းအား ထုရာဒေါ်ပါကောင်မှာ မေ့လဲသွားစဉ် လမ်းဘေးခြုံထဲသို့ ဆွဲယူပစ်ချထားခဲ့ပြီး နားနှစ်ဖက်မှ နားကပ်အား ဓါးဖြင့် လှီးဖြတ်ကာ တစ်ဖက်အား ယူဆောင်သွားကာ တစ်ဖက်ကို အနီးတွင် ပစ်ချထားကြောင်း၊ အမှတ်(၁)တပ်မတော် ဆေးရုံကုတင်(၁၀၀)မှ တပ်သား နေမျိုးသူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၂၆ဖြင့် အမှုဖွင့်ထားကြောင်း ” – ထုတ်ပြန်ထားသည်။

ကျူးလွန်သူတပ်သားနေမျိုးသူအား ဧပြီလ ၃ ရက်နေ့က ထောင်ဒဏ် ၆၆ နှစ်ချမှတ်လိုက်သည်ဟုလည်း သတင်းများထွက်နေပေါ်နေသည်ဟု နိုင်ငံရေးပါတီ အသိုင်းအဝိုင်းများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဖြတ်မြို့ အထွက်ဂိတ် မှောင်ခိုလုပ်ကိုင်သူ သာမက သာမာန်ပြည်သူတွေ ထံ ပိုက်ဆံ အဆမတန်တောင်း

0
တာချီလိတ် - ကျိုင်းတုံ ကားလမ်းမကြီးကို အသုံးပြုနေတဲ့ ခရီးသွား ပြည်သူတွေ၊ ခရီးသည်တင်လိုင်းကားတွေ ကုန်ပစ္စည်းပို့တဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေဆီက ငွေကို နည်းမျိုးစုံနဲ့ ရအောင်ရစ်ပြီး တောင်းရမ်းနေတဲ့ အဖွဲ့ကြောင့် ရိုးသားလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်နေပါတယ်။ . တရားမဝင် လုပ်စားနေတဲ့ ကျွဲ၊ နွားမှောင်ခို၊ သစ်မှောင်ခိုတွေ...

သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

0
သျှမ်းပြည် အရှေ့ပိုင်း တွင် တောတောင်ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုများ ယခင်ကထက် ပိုများလာ ကြောင်းသိရသည်။ ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၉...

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထား

0
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့စမွီကျွန်း ဘိုဖွတ်ရဲစခန်း တွင် ထိန်းသိမ်းခံရသည့် မြန်မာအမျိုးသမီး တဦးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲ ကို အလုပ်မှ ထုတ်ပယ်ပြီး ပုဒ်မ ၃ခု ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။ ထိုအမှု ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်တွင်...

သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော 

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း...

အဓမ္မပြုကျင့်ရန် ဆွဲရမ်းခံရသည့် စစ်ရှောင်မသန်စွမ်းအမျိုးသမီး ရိုးရာအရ ကျေအေးပေးရ

0
သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင် စစ်ရှောင်စခန်းတွင်နေထိုင်သည့် မသန်စွမ်း အမျိုးသမီးတဦးကို အမျိုးသားတဦးက အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ပြီး ရိုးရာထုံးတမ်းအရ ကျေအေးလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၉ ရက် မွန်းလွှဲ ၁ နာရီခွဲက ကွတ်ခိုင် မြို့ စစ်ရှောင်စခန်းတွင်နေထိုင်သည့် အမျိုးသမီး တဦးကို ရပ်ကွက် (၁)တွင်နေထိုင်သည့် အမျိုးသားတဦးက လာရောက်ပြီး...