Tuesday, January 27, 2026

မိုင်းဖြတ်မြို့ အထွက်ဂိတ် မှောင်ခိုလုပ်ကိုင်သူ သာမက သာမာန်ပြည်သူတွေ ထံ ပိုက်ဆံ အဆမတန်တောင်း

တာချီလိတ် – ကျိုင်းတုံ ကားလမ်းမကြီးကို အသုံးပြုနေတဲ့ ခရီးသွား ပြည်သူတွေ၊ ခရီးသည်တင်လိုင်းကားတွေ ကုန်ပစ္စည်းပို့တဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေဆီက ငွေကို နည်းမျိုးစုံနဲ့ ရအောင်ရစ်ပြီး တောင်းရမ်းနေတဲ့ အဖွဲ့ကြောင့် ရိုးသားလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်နေပါတယ်။

.

တရားမဝင် လုပ်စားနေတဲ့ ကျွဲ၊ နွားမှောင်ခို၊ သစ်မှောင်ခိုတွေ တရုတ်တွေဆီ ပို့တဲ့အဖွဲ့၊ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့တွေ ဝမ်ပုံဆိပ်ကမ်းကနေချတဲ့ လိုင်စင်မဲ့ ကားတွေ ပို့တဲ့အဖွဲ့တွေ အတွက်တော့ ကောင်းပေမယ့်  တပိုင်တနိုင် ရိုးသားရှာဖွေစားသောက်နေတဲ့သူတွက် အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့နေရပါတယ်။

အဲ့လို ငွေတွေ အဆမတန် ကောက်နေတဲ့နေရာကတော့  မိုင်းဖြတ်မြို့ဝင်ဆိုင်းဘုတ် (ကျိုင်းတုံဘက်) စစ်ဆေးရေးဂိတ်မှာ စကခ (၁၈) လက်အောက်ခံ တပ်ရင်းတွေက အလှည့်ကျထိုင်ပြီး မြို့နယ်ရဲ၊ စခန်းရဲ၊ လ၀က ၊ ကုန်သွယ်ရေး စတဲ့အဖွဲ့တွေက နံနက် (၆) နာရီကနေ ည (၆) နာရီကတစ်သုတ်၊ အဲ့ဒီနောက်ပိုင်း ညအချိန်တစ်သုတ် စောင့်ပြီးတော့ ကောက်ယူနေပါတယ်။

မိုင်းဖြတ်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ စစ်တပ်က တပ်ဖွဲ့၀င်တွေအပြင် နေ့စဉ်တွေ့ရတဲ့ ဌာနက – ရဲအုပ် (၂) ဦး နဲ့ ရဲတပ်ဖွဲ့၀င် (၅) ဦး လ၀ကမှူးအဆင့်ရှိ ဦးသန်းထွန်း၊ တာချီလိတ် ကုန်သွယ်ရေး ဌာနက ၀န်ထမ်း (၁) ဦး တို့ပဲဖြစ်ပါတယ်။

သူတို့က အဲ့ဒီလမ်းပေါ်မှာ လာသမျှ ဖြတ်သမျှ ကား/ ဆိုင်ကယ် လူတွေကို ရစ်ပြီး ငွေတောင်းဖို့ မြို့နယ်ရဲမှူး နဲ့ သက်ဆိုင်ရာဌာန လူကြီးတွေကို ခွဲတမ်းပေးပြီးမှ စောင့်ရတယ်။

 အဲ့ဒီတော့ အောက်ခြေက ရဲတပ်ဖွဲ့တွေ မနက်တစ်သုတ် တောင်းလို့ရလာတဲ့ ငွေတွေကို အပုံ (၄) ပုံ ပြီး မြို့နယ်မှူးရဲ့ တပည့်တပ်ကြပ် ခင်မောင်ထွန်း နဲ့ ဒု – ရဲမှူးတို့က တစ်ပုံစီယူတယ် ကျန်တဲ့ (၂) ပုံကိုလာ စောင့်တဲ့ ရဲတပ်သားတွေက တစ်ပုံယူတယ်။

ကျန်တဲ့တစ်ပုံကိုတော့ မြို့နယ်ရဲမှူးကို ပေးရသလို နေ့စဉ်စောင့်ရဖို့ရာ သီးခြား တစ်သိန်းလောက်ကို နေ့စဉ် စောင့်တဲ့တပ်ဖွဲ့၀င်တွေက သပ်သပ်ကို ထပ်ပေး ရတယ်လို့ သိရပါတယ်။ အထက်က လူကြီးကို ဒီလောက်ပေးနေရမှတော့ စောင့်တဲ့ ရဲတွေက သူတို့အတွက် မကျန်မှာစိုးတော့ လမ်းပေါ်မှာ သွားနေတဲ့ကား ဆိုင်ကယ်တွေ၊ ကုန်တင်ကားတွေဆီက အတင်းကို ရစ်ပြီးတော့ မရမက တောင်းတာပေါ့။

ဒုလ၀ကမှူး ဆိုတဲ့ ဦးသန်းထွန်းကတော့ နေ့တိုင်း အဲ့ဒီဂိတ်မှာစောင့်တယ်။ မြို့ခံတွေလည်း မှတ်ပုံတင် စစ်တယ်။ အိမ်ပြန်ယူခိုင်းတဲ့အထိ ကိုရစ်တယ် ၊  အခြားမြို့က ဆိုင်ကယ်၊ ကားတွေဆိုရင် မှတ်ပုံတင် မပါတဲ့ခရီးသည်ဆို သူ့ကို( ၃) သောင်း အထိပေးရတယ်။ ရဲတွေက လုံခြုံရေးအကြောင်းပြ စစ်တယ်။

လိုင်စင်မဲ့ ဆိုင်ကယ်စီးပြီး မှတ်ပုံတင်မပါဘူးဆိုရင် တစ်ဂိတ်လုံးအတွက် (၂) သောင်းကနေ (၃) သောင်းထိ ပေးရတာတွေရှိသလို လိုင်စင်ပါတယ် မှတ်ပုံတင်ပါတယ်ဆိုရင် လက်ဘက်ရည်ဖိုး ဘာညာဆိုပြီး ကျပ် ( ၁) ထောင်ကနေ (၅) ထောင်တောင်းတယ်။

အိမ်သုံးကား (လိုင်စင်မပါ/မှတ်ပုံတင်မပါ) (၁) သောင်းကနေ (၃) သောင်းပေးရသလို၊ လိုင်းကားမှာ မှတ်ပုံတင် မပါတဲ့ ခရီးသည်တင်လာရင်  ဒုလ၀ကမှူး ဦးသန်းထွန်းကို (၃) သောင်း အလကားကို ပေးရသလို တစ်ဂိတ်လုံး (၅) သောင်း လောက်ကို ပေးနေရတယ်။ ကုန်တင်တဲ့ ယာဉ်ကြီး ဆိုရင် ( ၃) သောင်း၊  (၅) သောင်းဆိုပြီး ပေးရတယ်။

ပြီးခဲ့တဲ့ (၃) ပတ်လောက်တုန်းကဆို ကျိုင်းတုံဘက်ကို ပြန်လာတဲ့ လူငယ်နှစ်ဦးကို မိုင်းဖြတ် ဂိတ်မှာခေါ်ပြီး စစ်တာ မှတ်ပုံတင် မပါလာဘူးဆိုပြီး သူတို့နှစ်ယောက်ကို သတိဆွဲစေခြင်း ၊ ခေါင်းပေါ်လက်တင်ပြီး ပုံစံထိုင်ခိုင်းတာတွေလုပ်လို့  ကြောက်ကြောက်နဲ့ငွေ (၃) သောင်းပေးလိုက်မှ ပြန်လွှတ်တယ်။

 “အဲ့ဒီ လူငယ်၂ ယောက်ထဲက တယောက်ဆိုရင် တာချီလိတ်ကနေ အိမ်စီး ကားမောင်းပြီး သူငယ်ချင်းတဖွဲ့နဲ့အတူ ကျိုင်းတုံ မင်္ဂလာဆောင်မှအပြန် မိုင်းဖြတ်ဂိတ်မှာပဲ မှတ်ပုံတင်နဲ့ ကားလိုင်စင် စစ်တာခံရပြီး မှတ်ပုံတင်မပါ၊ လိုင်စင်လည်း မရှိဆိုတော့ တစ်ယောက်ကို ထိုင်းငွေဘတ် ၅၀၀ ပေးလိုက်မှ ပြန်လွှတ်ပေးတယ်” ဟု ကိုယ်တိုင် ၂ ကြိမ် ခံရတဲ့လူငယ်က ပြောပါတယ်။

ညဘက်လုပ်စားနေတဲ့ ၀မ်ပုံဆိပ်ကမ်းကနေ – လားရှိုးအထိ လိုင်စင်မဲ့ကားတွေ ပို့တဲ့အဖွဲ့ဆီက တစ်ခေါက်စာ ( ၁) သိန်း ပေးရတယ်။

သစ် (၂) တန် ဆံ့ယာဉ်တစ်ခေါက်ဖြတ်ခ (၅) သိန်း ( ရဲကတာ၀န်ယူကောက်ပေးတယ် အဲဒီငွေထဲမှာ ဂိတ်တာ၀န်ခံအရာရှိ ၊ သစ်တော၊ နယ်ရဲ၊ မြို့နယ်ရဲ ဆိုပြီး ပြန်ခွဲပြီး ယူကြတယ်ဆိုပြီး တာလေက သစ်လုပ်တဲ့သူတွေနဲ့ မိုင်းဖြတ်မှာ ကြိုး၀ိုင်းထဲက သစ်တွေခိုးထုတ်ရောင်းနေတဲ့ ကွက်သစ်၊ ဆွပ်ပလောင်း၊ မော်၀ိန်း၊ နန့်ယွန်းရွာက လူတွေကပြောပါတယ်) ညအချိန် ငွေစောင့်တောင်းဖို့ရာ မြို့နယ်ရဲက တပ်ကြပ် ခင်မောင်ထွန်းဆိုတဲ့ ရဲမှူးတပည့်က အိမ်ဆောက်ပြီး ညအိပ်စောင့်နေတာ။

ညအချိန်မှ ဖြတ်တဲ့ အခြားတရားမ၀င် ဥပဒေမဲ့ ပစ္စည်းတွေ တင်တဲ့ မှောင်ခိုကုန်သည်တွေ ဆီက မတရားတဲ့ နည်းနဲ့ ငွေယူပြီး ဖြတ်ခွင့်ပေးနေတယ်လို့သိရသလို တာချီလိတ် – မိုင်းလားကို တရုတ်တွေ မှောင်ခိုပို့တဲ့အဖွဲ့နဲ့ ချိတ်ဆက်ပြီး သူတို့ဆီကနေ တရုတ်တွေတခေါက်ပို့ခ အဖြစ် ထိုင်းဘတ် (၃) သောင်း အထိ ဒုလ၀ကမှူး သန်းထွန်းက တာ၀န်ခံကောက်ယူပြီး ခွဲယူနေကြတယ်လို့ တရုတ်ပို့တဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

အဆိုပါ စာသည် မိုင်းဖြတ်ဒေသခံ တဦးမှ သျှမ်းသံတော်ဆင့်ထံ ပေးပို့လာသည့် ပေးစာကဏ္ဍ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

0
သျှမ်းပြည် အရှေ့ပိုင်း တွင် တောတောင်ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုများ ယခင်ကထက် ပိုများလာ ကြောင်းသိရသည်။ ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၉...

မိုင်းဖြတ်မြို့က အသက် ရ၀ ကျော်ဖွားအိုတဦးအား တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ပြီး နားရွက်ဖြတ်ကာ ရွှေနားကပ်လုယူသွား

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် အသက် ရ၀ ကျော်အရွယ် အမျိုးသမီးတဦးအား တပ်မတော်သား တဦးက အဓမ္မပြုကျင့်ကာ နားရွက်နှစ်ဘက်ဖြတ်၍ ရွှေနားကပ်လုယူသွားသည့်ဖြစ်စဉ်တခု ဖြစ်ပွါးခဲ့သည်။ ဧပြီလ ၂ ရက်နေ့က မိုင်းဖြတ်မြို့နယ် ၀မ့်ဟွေ့ရွာမှာနေထိုင်သည့် အသက် ရ၀ ကျော်အရွာ အဖွား ပါ့နန်းကောင်အား ဗမာစကားပြော တပ်မတော်သားတဦးက မိုင်းဖြတ်မြို့...

မိုင်းဖြတ်မြို့နယ် နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ဆယ်ယူသည့် ဖောင်အားဖမ်းဆီးရမိ  

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ရေးစက်ပစ္စည်းများတင်ဆောင် ထားသော ပိုင်ရှင်မဲ့ဖောင်တစီးကိုဖမ်းဆီးရမိကြောင်းသိရသည်။ မတ်လ ၁၈ ရက် မနက်ပိုင်းက အဆိုပါဖောင်အား မိုင်းဖြတ်မြို့နယ် နမ့်ယောင်းရွာအနီး နမ့်ပန်ချောင်းအတွင်း ဖမ်းမိခြင်းဖြစ်သည်။ သို့သော် ဖောင်ပိုင်ရှင်အား ဖမ်းဆီးရမိခြင်းမရှိကြောင်း ဆိုပါသည်။ “ဒီအသေးစားဖောင်လေးနဲ့နမ့်ပန်ချောင်းထဲ ရွှေဆယ်ယူတဲ့လူတွေဟာ ဒေသတွင်းအာဏာပိုင်တွေ နဲ့စည်း ချက်ရိုက်ပြီးလုပ်နေတာ။ ဒေသတွင်းလူထုက ဒီရွှေဆယ်နေတာကိုအလိုမရှိကြောင်း အထက်ကိုတင်ပြတာရှိရင်...