Tuesday, January 27, 2026

မိုင်းဖြတ်မြို့နယ် နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ဆယ်ယူသည့် ဖောင်အားဖမ်းဆီးရမိ  

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ရေးစက်ပစ္စည်းများတင်ဆောင် ထားသော ပိုင်ရှင်မဲ့ဖောင်တစီးကိုဖမ်းဆီးရမိကြောင်းသိရသည်။


မတ်လ ၁၈ ရက် မနက်ပိုင်းက အဆိုပါဖောင်အား မိုင်းဖြတ်မြို့နယ် နမ့်ယောင်းရွာအနီး နမ့်ပန်ချောင်းအတွင်း ဖမ်းမိခြင်းဖြစ်သည်။

သို့သော် ဖောင်ပိုင်ရှင်အား ဖမ်းဆီးရမိခြင်းမရှိကြောင်း ဆိုပါသည်။

“ဒီအသေးစားဖောင်လေးနဲ့နမ့်ပန်ချောင်းထဲ ရွှေဆယ်ယူတဲ့လူတွေဟာ ဒေသတွင်းအာဏာပိုင်တွေ နဲ့စည်း ချက်ရိုက်ပြီးလုပ်နေတာ။ ဒေသတွင်းလူထုက ဒီရွှေဆယ်နေတာကိုအလိုမရှိကြောင်း အထက်ကိုတင်ပြတာရှိရင် နည်းနည်းဖမ်းပြတယ်လိုက်တယ်။ တကယ်လက်တွေ့အရေးယူတာတော့မရှိဘူး။ ”- ဟုမိုင်းဖြတ်ဒေသခံ စိုင်းစိုင်းကပြောသည်။

နမ့်ပန်ချောင်းအတွင်း ဖောင်ငယ်လေးများဖြင့်ရွှေဆယ်ယူနေသည်မှာ ကာလကြာရှည်ပြီဖြစ်ကြောင်း သို့သော် တရားဝင်ဆယ်ယူခွင့်ရထားခြင်းမဟုတ်ကြောင်း ဆို မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းခမ်းဇန်ကလည်းပြောပါသည်။

“အခုဖောင်လေးတွေနဲနဲလျော့လာတယ်လို့ပြောလို့ရတယ်။ အရင်ကဒီထက်များတယ်။ လူထုတိုင်ကြားရင် အာဏာပိုင်တွေက ဆင်းဖမ်းတဲ့ခါကျတော့ ဖောင်တွေပါးသွားတယ် ”- ဟု ၄င်းကဆိုပါသည်။

နမ့်ပန်ချောင်းအတွင်းရွှေလာတူးဖော်နေသူများမှာ မိုင်းဖြတ်ဒေသခံများမဟုတ်ကြောင်း အများစုမှာ တခြားဒေသမှလာသူများဖြစ်ကြောင်းလည်းပြောပါသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ရွှေတူးဖော်ရန် ကမ်းလှမ်းလာသည့် Access Resources Asia ကုမ္မဏီအား လူထုက အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသော်လည်း အဆိုပါကုမ္မဏီမှာ လူထုနှင့်မကြာခဏ လာရောက်တွေ့ဆုံနေကြောင်း သိရသည်။

ရွှေထွက်ရှိသောမိုင်းဖြတ်မြို့နယ်အတွင်း အဆိုပါကုမ္မဏီက ရွှေတူးဖော်ရန် ဧက ၁ သိန်းကျော်လျာထားကြောင်း ၊ ရွှေတူးဖော်ခဲ့ပါက ၁၃ အုပ်စုဒေသခံများ အဆိုပါဒဏ်ခံရမည်ဖြစ်ကြောင်းလည်း မိုင်းဖြတ်ဒေသခံများပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဖြတ်မြို့ အထွက်ဂိတ် မှောင်ခိုလုပ်ကိုင်သူ သာမက သာမာန်ပြည်သူတွေ ထံ ပိုက်ဆံ အဆမတန်တောင်း

0
တာချီလိတ် - ကျိုင်းတုံ ကားလမ်းမကြီးကို အသုံးပြုနေတဲ့ ခရီးသွား ပြည်သူတွေ၊ ခရီးသည်တင်လိုင်းကားတွေ ကုန်ပစ္စည်းပို့တဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေဆီက ငွေကို နည်းမျိုးစုံနဲ့ ရအောင်ရစ်ပြီး တောင်းရမ်းနေတဲ့ အဖွဲ့ကြောင့် ရိုးသားလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်နေပါတယ်။ . တရားမဝင် လုပ်စားနေတဲ့ ကျွဲ၊ နွားမှောင်ခို၊ သစ်မှောင်ခိုတွေ...

သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

0
သျှမ်းပြည် အရှေ့ပိုင်း တွင် တောတောင်ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုများ ယခင်ကထက် ပိုများလာ ကြောင်းသိရသည်။ ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၉...

မိုင်းဖြတ်မြို့က အသက် ရ၀ ကျော်ဖွားအိုတဦးအား တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ပြီး နားရွက်ဖြတ်ကာ ရွှေနားကပ်လုယူသွား

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် အသက် ရ၀ ကျော်အရွယ် အမျိုးသမီးတဦးအား တပ်မတော်သား တဦးက အဓမ္မပြုကျင့်ကာ နားရွက်နှစ်ဘက်ဖြတ်၍ ရွှေနားကပ်လုယူသွားသည့်ဖြစ်စဉ်တခု ဖြစ်ပွါးခဲ့သည်။ ဧပြီလ ၂ ရက်နေ့က မိုင်းဖြတ်မြို့နယ် ၀မ့်ဟွေ့ရွာမှာနေထိုင်သည့် အသက် ရ၀ ကျော်အရွာ အဖွား ပါ့နန်းကောင်အား ဗမာစကားပြော တပ်မတော်သားတဦးက မိုင်းဖြတ်မြို့...