Wednesday, January 28, 2026

လွိုင်လင်မြို့နယ် အတွင်း ကျပ်သိန်း ၄၀ ဘီလီယံ ကျော် ICE ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် အတွင်း ကျပ်သိန်း ၄၀ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

အဆိုပါ ICE မူးယစ်ဆေးများကို မေ ၂၄ရက် မနက် ၂နာရီ တွင် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး ကားလမ်း၌ ယာဉ်မောင်း ခွန်စံဦး မောင်းနှင်းလာပြီး ဝေလင်းထွန်းလိုက်ပါလာသည့် ၁၂ဘီး ကားကို စစ်ဆေးရာ မော်တော်ယာဉ် အတွင်း ICE ၁၆၁၅ ကီလို ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက်အရ သိရသည်။

ထို မူးယစ်ဆေး ဖမ်းဆီးရမိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို စစ်ဆေးမေးမြန်းသည့် အခါ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ မြို့နယ်ခွဲ တွင်နေထိုင်သူ တဦး၊ မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ကျေးရွာဘက်တွင်နေထိုင်သူ တဦး တို့ပါဝင်ပတ်သက်နေကြောင်း မူးယစ်ရဲ ထုတ်ပြန်ထားသည်။

ICE မူးယစ်ဆေး ကျပ်သိန်း ၄၀ ဘီလီယံကျော် သယ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူ ထားကြောင်း သိရသည်။

ထို့အပြင် မေ ၂၂ရက် ညနေ ၃နာရီ တွင် သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် အောင်ပန်း-ရွာငံ ကားလမ်းပေါ်တွင် ကျပ်သိန်း၂၄၈၀ ကျော် တန်းဖိုးရှိ စိတ်ကြွဆေးပြားကို ဖမ်းဆီးရမိပြီး ယာဉ်မောင်း ထွက်ပြေး လွှတ်မြောက်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...

လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

0
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို...

လွိုင်လင်ခရိုင်အတွင်း မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားဖို့ ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားနေသည့် ဒေသများတွင် မြေမြှုပ်မိုင်းများရှိနေသည့်အတွက် ပြည်သူများ တောင်ယာသွားရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ ပင်လုံမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ကြသည့် မြောက်ပိုင်းမဟာမိတ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက်...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထားမှုများရှိနေသေးကြောင်း...

လွိုင်လင်ရောက် ကရင်နီ စစ်ရှောင် (၂၀၀)ခန့်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင် (၂၀၀)ခန့် ရောက်ရှိထားကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ရှောင်များသည် လွိုင်လင်မြို့ရှိ အာစီ ခရစ်ယာန်ကျောင်းတွင် (၇၀)ဦး၊ နှစ်ခြင်း ခရစ်ယာန် ကျောင်းတွင် (၁၁)ဦး၊ ရပ်ကွက်တွင်းရှိ နေအိမ်တွင် (၁၀၀)ကျော်ခန့်ရှိပြီး ဆွေမျိုး မိတ်ဆွေ နေအိမ်များတွင်လည်း ရှိထားကြောင်း သိရှိရသည်။ “တချို့အိမ်တွေဆို...