Tuesday, January 27, 2026

လောက်ကိုင်တွင် အဆောက်အဦးပြိုကျ နယ်ခြားစောင့် ဒုဗိုလ်မှူးကြီးသေ၊ လူ၇ဦးဒဏ်ရာရ

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် အဆောက်အဦး တခုပြိုကျကာ နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး တဦးသေဆုံး ၇ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ပြိုကျသည့်ဆောက်လက်စ အဆောက်အဦး

အဆိုပါ ပြိုကျသည့် အဆောက်အဦးသည် တရုတ်ကုမ္ပဏီ တခုမှ တာဝန်ယူ တည်ဆောက်ထားသည့် ဆောက်လက်စ ၂ထပ် အဆောက်အဦးဖြစ်ပြီး မေ ၂၁ရက် မနက် ၈နာရီတွင် ပြိုကျခဲ့ကြောင်း လောက်ကိုင်ခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သေဆုံးသွားတဲ့ အိမ်ရှင်က နယ်ခြားစောင့်တပ်က တပ်ရင်းမှူး ဖြစ်တယ်။ ဒဏ်ရာ ရတဲ့သူ ၇ ယောက်ထဲက ၁ ယောက်က စိုးရိမ်ရတယ်” ဟု ကြက်ခြေနီ တပ်ဖွဲ့မှူး က ပြောသည်။

ပြိုကျသည့်ဆောက်လက်စ အဆောက်အဦး

အဆောက်အဦးပြိုကျပြီး သေဆုံးသွားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်ခြားစောင့်တပ် မှ ဒုတိယ ဗိုလ်မှူးကြီးသည် နိုင်ငံတော်မှ ပေးထားသည့် ဂုဏ်ထူးဆောင် ဘွဲ့ ရထားသူတဦးဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ အဆောက်အဦး အပြိုကျမီ မိနစ်ပိုင်း နှင့် ပြိုကျသည့် အနေအထားကို CCTV (စီစီတီဗွီ) မှတ်တမ်းကို ဒေသခံများ လူမှု ကွန်ရက်တွင် တင်ထားသည်ကို တွေ့မြင်ရသည်။

အိမ်ရှင် အပါအဝင် လူ ၈ဦး သည် အဆောက်အဦး ၏ ဆောက်လက်စ ၂ထပ် တနေရာတွင် ရှိနေချိန် ပြိုကျခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြိုကျသည့် အဆောက်အဦးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှု ပြုလုပ်ကာ တာဝန်ယူ တည်ဆောက်သည့် ကုမ္ပဏီကို လည်း အရေးယူဆောင်ရွက်သွားရန် ပြုလုပ်နေသည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင်မြို့ နေထိုင်ခွင့်ကတ် မလုပ်သူများကို MNDAA ဖမ်းဆီးပြီး လားရှိုးသို့ ပြန်ပို့

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သူများကို လောက်ကိုင်မြို့နေ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ထောက်ခံချက်...

လောက်ကိုင်မြို့ အောက်မေ့ဖွယ်အခမ်းအနားသို့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်

0
“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA...

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်းက ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်

0
ကိုးကန့် မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၁၂ နာရီကျော်တွင် လေကြောင်းမှ ဗုံး ၂ ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီကို တုန်လှုပ်စေခဲ့သည့် ညီနောင်မဟာမိတ်များ၏ “၁၀၂၇ စစ်ဆင်ရေး”...

လောက်ကိုင်မြို့ သုံးလအကြာ လေကြောင်းဖြင့် ပေါင်(၅၀၀) ဗုံး ထပ်မံတိုက်ခိုက်ခံရ

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁ နာရီခွဲကျော် လူအိပ်မောကျချိန် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

လောက်ကိုင် ပြည့်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံ ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် အရပ်သားသေဆုံးမှုများ

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် အရပ်သားသေဆုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင်‌ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...