ရပ်စောက် ဗထူး တပ်မြေ ဧက ၁သောင်း တပ်မှ ပြန်လည် စွန့်လွှတ်ပေး

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်နယ်မှ ဧက ၁သောင်း ကို ယနေ့ တပ်မှ ပြန်လည် စွန့်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Photo by SHAN

လွန်ခဲ့သည့် ၁၉၆၂ ခုနစ် တွင် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ရှိ ကန်တော်မင်ဧရိယာအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ မြေဧက ၄ သောင်းကျော် တပ်မြေအဖြစ်သိမ်းဆည်းခဲ့ပြီး၊ ထိုထဲမှ ဧက ၁ သောင်းကျော် ယနေ့( မေ ၂၀) တွင် တရားဝင် ပြန်လည် ပေးအပ်ခဲ့သည်။

ယနေ့ ပြန်လည် စွန့်လွှတ်သည့် မြေ ဧက ၁ သောင်းကျော် သည် လေ့ကျင့်ရေးကွင်းနှင့် ကင်းလွှတ်သည့် နေရာများဖြစ်ပြီး ကျန်သည့် ဧက ၃ သောင်းကျော် သည် မီတာ ၆ ရာ စစ်ပစ်ကွင်း အပါအဝင် သေနတ်ပစ်ပြိုင်ပွဲများ အဖြစ် အသုံးပြုကြောင်း ဗထူူးတပ်နယ် ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

“ကျန်တဲ့ ဧက ၃ သောင်းကျော်က ကျနော်တို့ စစ်ရေး လေ့ကျင့်ကွင်းတွေ၊ သင်တန်းကျောင်းတွေ၊ လေ့ကျင့်ရေးစခန်းတွေ အများကြီးပဲ ကျည်စစ် ကျည်မှန် တွေနဲ့ ပစ်ခတ်တဲ့အတွက် အဲ့ကြောင့်မလို့ ကျနော်တို့က အဲ့လောက် ဧရိယာ ယူထားခြင်း ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

စွန့်လွှတ်မြေ ဧကပေါင်း ၁ သောင်းကျော် သည် စိုက်ပျိုးမြေ အပါအဝင် မြေလွှတ် မြေလတ် မြေရိုင်းများ သစ်တောမြေ များ စသည်တို့ ပါဝင်ကြောင်း သိရသည်။

“စသိမ်း တုန်းက ကျနော်တို့ သင်တန်းတွေ အများကြီးသုံးခဲ့တယ်။ စစ်တက္ကသိုလ်ဖွင့်တယ် အရာရှိ သင်တန်းတွေဖွင့်တယ်။အမြောက်တွေ သံချပ်ကာတွေ လုပ်တဲ့အတွက် အဲ့ဒီဧက ၃ သောင်းကျော်က အကြုံးဝင်တယ်။” ဟု ဗထူူးတပ်နယ် ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

စိုက်ပျိုးမြေသည် တောင်သူပေါင်း ၁ ထောင်ကျော် ပိုင်ဆိုင်ထားသည့် မြေများဖြစ်ပြီး ၎င်းတို့သည် ပါမဲရွာ ၊ မားသဲရွာ ၊ ဖောင်းတောရွာ၊ မကျီးကန်းရွာ၊ လွယ်ကိုးရွာ ၊ ဟွေး ၊မြို့မကျေးရွာ အုပ်စုများပါဝင်သည်။

လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နားမွန်းကျေးရွာ တောင်သူများနှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တို့ မြေယာ အငြင်းပွားမှု ဖြစ်နေကြောင်းသိရသည်။
လွန်ခဲ့သည့် စစ်အစိုးရ လက်ထက်တွင် စစ်တပ်မှ ဒေသခံပြည်သူပိုင်မြေများစွာ သိမ်းဆည်းခဲ့ကာ ပြည်သူများ လယ်ယာ စိုက်ပျိုးရေး မလုပ်ကိုင်ရဘဲ စားဝတ်နေရေး ခက်ခဲ ကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

0
သျှမ်းပြည် မြောက်ပိုင်း နမ့်လန် - ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။ “နမ့်လန်...