Wednesday, January 28, 2026

ကျောက်မဲမြို့နယ်ရှိ လက်ဖက်ခြံထဲတွင် အမျိုးသမီး၂ ဦး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟောင်ဟိုင်( ချောင်းချောက် ) ကျေးရွာ အုပ်စု ဖာလိန်ရွာ တွင် အမျိုးသမီး ၂ ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။

Photo by ဒေသခံတဦး၊ အသတ်ခံရသည့် အမျိုးသမီး ၂ဦးပုံ

မေလ ၁၈ ရက် ယမန်နေ့ မနက် ၈နာရီ အချိန်တွင် ကျောက်မဲမြို့နယ်အရှေ့ဘက်ရှိ ဟောင်ဟိုင်ကျေးရွာအုပ်စု ( ) ဖာလိန်ရွာ မှ ၃ ဖာလုံ ဝေးသည့် လက်ဖက်ခြံ တောင်ယာတဲထဲတွင် အမျိုးသမီး ၂ ဦး အသတ်ခံရကြောင်း သိရသည်။

အသတ်ခံရသည့် အမျိုးသမီး ၂ ဦးသည် အသက် (၆၀) အရွယ် ဒေါ်အေးယိင်း နှင့် အသက် (၅၈)နှစ် အရွယ် ဒေါ်အေးထွေးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် လက်ဖက်ခြံ ပိုင်ရှင်များဖြစ်ကာ တောင်ယာတဲထဲတွင် နေထိုင်ကာ လက်ဖက်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်သည်။

“ အမျိုးသမီး ၂ ဦး က အိမ်မှာ ဓားခုတ်ခံရတာမဟုတ်ဘူး။ လက်ဖက်ခြံ တောင်ယာထဲမှာ သတ်ခံရတာ။ အိမ်ထဲမှာ မဟုတ်ဘူး။ ပလောင်(ခ) တအာင်း အမျိုးသမီးတွေပါ” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဒေါ်အေးယိင်းသည် ယာဘက် နားထင်ထိုးသွင်း ဒဏ်ရာ တချက်၊ ယာမျက်ခုံပေါက်ပြဲ ဒဏ်ရာ တချက်၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ တချက်၊ ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာ နှစ်ချက်တို့ ဖြစ်ကြောင်း ကျောက်မဲမြို့ရဲမှတ်တမ်း အရ သိရသည်။

ထို့ပြင် ဒေါ်အေးထွေး တွင် ဝဲပါးပြင် ညိုမဲ ဒဏ်ရာ တချက်၊ ဝဲဖက် ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာ နှစ်ချက် ရရှိပြီး သေဆုံးနေကြောင်း လည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ သို့သော် သေမှုသေခင်းနှင့်ပတ်သက်ပြီး ဖြစ်စဉ်အတိအကျ မသိရသေးပေ။

ထို အမျိုးသမီး ၂ဦး သေဆုံးမှု နှင့် ပတ်သက်ပြီး ကျောက်မဲ ရဲစခန်း တွင် (ပ) ၅၂။ ၂၀၂၀ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်း အရေးယူထားကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် လက်ဖက်ခြံထဲ မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာနေ အသက် (၅၃) နှစ် အရွယ်ရှိ ပါ့အေးဝင်း သည်...

ခိုလမ်မြို့နယ် အတွင်း ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ်ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် ကာလေကျေးရွာတွင် မိုးသည်းထန်ရွာသွန်းမှုကြောင် ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ်ပျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ် ပျက်စီးခဲ့ပြီး၊ ပြန်လည်စိုက်ပျိုးရန်အတွက် ပြည်သူများ အခက်ကြုံတွေ့နေရကြောင်း ကျေးရွာဒေသခံ အသက်...

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် လက်ဖက်ဈေးတက်နေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ တိုက်ပွဲကြောင့် တောင်သူများ လက်ဖက် မခူးနိုင်သဖြင့်လက်ဖက်ဈေးတက်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပင်လောင်းမြို့နယ် နမ်းနိန်း ၊ လုံးပျဉ်၊ တောင်မဲသင်း စသည့် ကျေးရွာ ၄ ရွာခန့်မှ...

ကျောက်မဲမြို့ စစ်ဘေးရှောင်များ လက်ဖက်ခြံ ရှင်းလင်းနိုင်ရန်အတွက် နေရပ်ပြန်ချင်

0
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များသည် နောင်တစ်ချိန်မှာ လက်ဖက်နု ကောင်းကောင်း ရရှိရန်အတွက် နေရပ်ကိုပြန်ပြီး လက်ဖက်ခြံ ရှင်းနိုင်ရန် မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင်ရှိသည့် စစ်ဘေးရှောင်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တားမြစ်ချက်ကြောင့် နေရပ်ကို မပြန်နိုင်သေးဘဲ မြို့ထဲတွင် နေအိမ်လိုက်လံ ငှားရမ်းပြီး နေထိုင်နေရကြောင်း သိရသည်။ “...