Tuesday, January 27, 2026

“ဝ” ဒေသ တွင် ရွှေဆိုင် ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ၃ဦး သေဒဏ်စီရင်ခံရ

“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ရှိ ရွှေဆိုင် ဓားပြတိုက်ပြီး လူသတ်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား ၃ဦး ကို သေဒဏ်စီရင်ခဲ့ကြောင်း သတင်း ရရှိသည်။

Photo by Nyi Rang/ Facebook

သေဒဏ်စီရင်ခံရသည့် တရုတ်နိုင်ငံသား ၃ဦးသည် မေ ၃ရက် တွင် “ ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်တစ်မြို့နယ် ၌ ဖွင့်လှစ်ထားသည် ရွှေဆိုင် ကို ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်ကို သတ်ခဲ့သူများ ဖြစ်ကြသည်။

ထို့ပြင် မေ ၃ရက် တွင် တရားခံ ၃ဦး မှ ၂ဦးကို စတင်ဖမ်းဆီးရမိပြီး၊ မေ ၅ရက်တွင် ကျန် တဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း UWSA “ ဝ”ပြင်ပ ဆက်ဆံရေး တာဝန်ရှိသူ ဦးညီရမ်း ၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့နောက် မေ ၁၄ရက်နေ့ တွင် ၎င်း ၃ဦးကို စိစစ်မှု ပြုလုပ်ပြီး “ဝ” ဥပဒေ အတိုင်း သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျူးလွန်သူများသည် “ဝ” ပြည်နယ် တွင် လာရောက် အလုပ်လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ “ဝ” ဥပဒေ အရ ပြစ်မှု ကျူးလွန်သူသည့် မည်သည့်နိုင်ငံသားမဆို ဥပဒေ အတိုင်းသာ တရားစီရင်ကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သည့် သူများကို ပြစ်ဒဏ်မပေးခင် မြို့တပတ် ပတ်ပြခဲ့ပြီး၊ လူသတ်ကုန်း တွင ်သေနတ်ဖြင့် ပစ်သတ်စီရင်ခဲ့ကြောင်း “ဝ” ဒေသတွင် နေထိုင်သည့် သျှမ်း အမျိုးသမီး တဦးက ပြောပြသည်။

“ ဒီမှာက ပြစ်မှု ကျူးလွန်တဲ့သူဆိုရင် တရားမစီရင်ခင် မြို့ ပတ်တယ်။ တရားခံ ကိုပြတယ်။ နောက် ပြစ်ဒဏ်စီရင်တယ်။ အခုလည်း ဒီလိုပဲ မြို့ ပတ်ပြီးနောက် သေနတ်ပစ်သတ်လိုက်တာပါ” ဟု ၎င်းအမျိုးသမီးက ပြောပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...