Wednesday, January 28, 2026

လွိုင်လင် တရုတ်ပြည်တော်ပြန် ၉၇ဦး အစားအသောက် ကိုယ်တိုင်စီစဉ်ရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တရုတ်ပြည်တော်ပြန် ၉၇ ဦးရှိပြီး အစားအသောက်ပိုင်းကို ကိုယ်တိုင်စီမံရကြောင်း သတင်းရရှိသည်။

Photo by ပင်လုံမြို့ COVID-19 ထိန်းချုပ်ရေး ကော်မတီ

အဆိုပါ တရုတ်ပြည်တော်ပြန်များသည် မူဆယ် – တရုတ်နယ်စပ် ဂိတ်မှ ဧပြီ ၂၄ ရက်နေ့က ထွက်လာကြသူများဖြစ်ပြီး ထိုသူများကို Quarantine ၂၁ ရက် ထားရှိမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်အမတ် နန်းမြထွေးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခု ပြည်တော်ပြန်တွေကို အစိုးရကတော့ နေဖို့ နေရာတွေပဲ စီစဉ်ထားပေးတယ်။ စားသောက်ရေးပိုင်းကိုတော့ သူတို့ တတ်နိုင်သလောက် နည်းများမဆို ပြန်ကူညီနေပါတယ်။ ဒီက သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း အလှူရှင်တွေ စု ပြီး တတ်နိုင်သလောက် ကူညီသွားမှာပါ” ဟု နန်းမြထွေး ကပြောသည်။

Photo by ပင်လုံမြို့ COVID-19 ထိန်းချုပ်ရေး ကော်မတီ

ထို တရုတ်ပြည်တော်ပြန်များသည် မိမိသဘောဆန္ဒဖြင့် ပြန်လာကြသူများဖြစ်ပြီး၊ ထိုပြည်တော်ပြန်များသည် ပင်လုံမြို့ ပတ်ဝန်းကျင်ရှိ ဟဲနန်းကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စု၊ တန့်အယ် ကျေးရွာအုပ်စု နှင့် ပန်မုန့် ကျေးရွာအုပ်စု တို့ ဒေသခံ များ ဖြစ်ကြသည်။

Photo by ပင်လုံမြို့ COVID-19 ထိန်းချုပ်ရေး ကော်မတီ

လက်ရှိမှာ ပြည်တော်ပြန် ၉၇ ဦး ကို လွိုင်လင်မြို့နယ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်း နှင့် ပင်လုံမြို့ရှိ နတလ ကျောင်း တွေမှာ ထားခြင်း ဖြစ်သည်။

ဧပြီ ၂၆ ရက်နေ့က အရှေ့အလယ်ပိုင်း တိုင်းမှူးမှလည်း လွိုင်လင်မြို့နယ်ရှိ တရုတ်ပြည်တော်ပြန်များကို ဆန်၊ ဆီ နှင့် ပဲ တို့လည်းလာရောက်လှူဒါန်းသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

0
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...