Friday, January 30, 2026

လွိုင်လင်မြို့နယ် အတွင်း ဈေးဝယ်ခွင့်ကဒ် အသုံးပြုပြီး ဈေးဝယ်ရတော့မည်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် အတွင်းရှိ ဈေးသုံးရန် အတွက် တအိမ်လျှင် ဈေးဝယ်ယူခွင့်ကဒ် (၁) ကဒ် ထုတ်ပေးကာထားကြောင်း သတင်းရရှိသည်။

ဈေးဝယ်ခွင့်ကဒ်

ထိုကဲ့သို့ပြုလုပ်ခြင်းသည် COVID-19 ကို ကာကွယ်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လွိုင်လင်ခရိုင် အတွင်းရှိ လွိုင်လင်မြို့ နှင့် ပင်လုံမြို့ မှ မြို့ မဈေးများနှင့် ပျံကျဈေးများတွင် ဧပြီ ၁၈ ရက်မှ စတင်ကာ ဈေးဝယ်ထွက်ပါက ဈေးဝယ်ခွင့်ကဒ် ယူဆောင်သွားရမည် ဟု လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လူစုလူဝေး မဖြစ်စေရန် အတွက် မြို့ မဈေးနှင့် ပျံကျဈေး ၂နေရာ ခွဲထားကာ မနက် ၅နာရီ မှ နေ့လည် ၁၂နာရီထိသာ ဈေးရောင်းချသွားမည် ဖြစ်ပြီး၊ ဈေးဝယ်သည့်အခါ ကဒ်ပါမှသာ ဈေးဝယ်ခွင့် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကဒ်ထုတ်ပေးရတဲ့ ရည်ရွယ်ချက်က ဈေးကိုသွားပြီးတော့ လူစုလူဝေး ဖြစ်တာကို လျှော့ချဖို့ အဓိကပဲ” ဟု လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင် ကပြောသည်။

ဈေးရောင်းချသူ နှင့် ဈေးဝယ်သူများသည်လည်း Mask (နှာခေါင်းစည်း) တပ်ဆင်ခြင်း နှင့် လက်အိတ်များ အသုံးပြုခြင်း ဖြင့် ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။

ဈေးသွားသည့် အခါ စနစ်တကျဖြစ်ရန် နှင့် ကိုဗစ်-၁၉ ကို ကာကွယ်ရန်အတွက် လူစုလူဝေး မဖြစ်အောင်၊ ကာကွယ်သည့်အနေဖြင့် ပြလုပ်ခြင်းဖြစ်ကြောင်း လွိုင်လင်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် နန်းမြထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဈေးအဝင်တွင် သက်ဆိုင်ရာက ဈေးဝယ်ခွင့်ကဒ်ကို စစ်ဆေးပြီးမှ ပေးဝင်မှာပါ။ မပါရင်တော့ ဈေးဝယ်လို့ မရဘူး” ဟု နန်းမြထွေး က ဆိုသည်။

ဆက်လက်ပြီး ဈေးအဝင် ဂိတ်များတွင် တာဝန်ရှိသူများမှ Mask(နှာခေါင်းစည်း) တပ်ဆင်ခြင်း၊ လက်အိတ်စွပ် ခြင်း၊ လက်ဆေးခြင်း နှင့် အဖျားတိုင်းခြင်းတိုပြုလုပ်သွားမည် ဟု သိရသည်။

တစ်အိမ်လျင် ဈေးဝယ်ခွင့် ကဒ် (၁) ကဒ် ဖြင်သာ ဈေးသွားခြင်းဖြင့် မလိုအပ်ပဲ လူစုလူဝေး ဖြစ်ပေါ်မှုကိုရှောင်ရှားနိုင်မည်ဖြစ်ရာ ၎င်းကာကွယ်ရေးမှာ ထိရောက်မှု များစွာ ရှိမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ရေး တက်ကြွလှုပ်ရှားသူ ပင်လုံဒေသခံ စိုင်းဆု ကပြောသည်။

သက်ဆိုင်ရာ က ထုတ်ပေးသည့် ဈေးဝယ်ခွင့်ကဒ်မပါဘဲ နေအိမ်မှ အကြောင်းမဲ့ထွက်သည်ကိုတွေ့ရှိ ပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် အနေဖြင့် လူ ၅ဦးထက် ပိုမစုဝေးရဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လည်း ယမန်နေ့ည ၈နာရီတွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

0
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...