Tuesday, January 27, 2026

သီပေါမြို့ တွင် Covid-19 စောင့်ကြည့်လူနာ တဦး ရောက်ရှိ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံတွင် Covid-19 စောင့်ကြည့် လူနာ အမျိုးသား တဦး ရောက်ရှိနေကြောင်း သတင်းရရှိသည်။

Photo by Aik Sai/ Hsipaw Hot News.

အဆိုပါ လူနာသည် ယမန်နေ့ (မတ် ၁၆ )ရက်တွင် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ် ဟွေကျိုးမြို့၌ အလုပ်လုပ်ပြီး ပြန်လာသည့်သူတဦးဖြစ်ကြောင်း ရောက်လာစဉ်တွင် ကိုယ်အပူချိန်မြင့်မားပြီး ဖျားနေသည်ကို ပတ်ဝန်းကျင် မှ ကျန်းမာရေး ဝန်ထမ်းများကို အကြောင်းကြားလာသဖြင့် သွားရောက်ခေါ်လာကြောင်း သီပေါမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နန္ဒဝင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by Aik Sai/ Hsipaw Hot News

“ မနေ့က မှ ပြန်ရောက်လာတာပါ။ သူက လာပြလို့သိရတာမဟုတ်ပါဘူး။ မနေ့က သူ့ကို သယ်တဲ့ ဆိုင်ကယ်သမားက အကြောင်းကြားလာတဲ့အတွက် ကျနော်တို့ သွားခေါ်လာတာပါ။ ဆေးစစ်ချက်တွေပြုလုပ်နေပါပြီ။ အခု သီးသန့်ခန်းမှာ ထားပါတယ်” ဟု ဒေါက်တာ နန္ဒဝင်း ကဆိုသည်။

ယမန်(မတ် ၁၆) ရက် ည ၇နာရီ တွင် Express ကားတစီးဖြင့် သီပေါမြို့သို့ ပြန်လာသည့် သူဖြစ်ကြောင်း သိရသည်။

Photo by Ax Sai/ Hsipaw Hot News

ထို့ပြင် စောင့်ကြည့်ခံရ လူနာ နှင့် ထိတွေ့ခဲ့သည့် ဆိုင်ကယ် တက္ကစီ သမား နှင့် မိသားစုဝင်များကို လူနာဆေးစစ်အဖြေ မထွက်မချင်း (Home quarantine) အိမ်ထဲတွင် ခေတ္တ ထိန်းသိမ်းထားကြောင်း ဒေါက်တာ နန္ဒဝင်း က ပြောသည်။

လက်ရှိ VOCID-19 လူနာသည် ကျန်းမာရေး ဌာနမှ သွားရောက်စစ်ဆေးပြီး တွေ့ရှိလာသည့် လူနာမဟုတ်ကြောင်း၊ ပြည်သူလူထုထဲမှ သတင်းပေးသည့် စနစ်မှ တွေ့ရှိလာသည့် စောင့်ကြည့်လူနာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သံသယရှိ လူနာများတွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာန သို့သတင်းပေးရန် လိုအပ်ကြောင်းလည်း ဒေါက်တာနန္ဒဝင်း က ပြောသည်။

Vocid-19 သည် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်လာသည့် အဆုတ်ရောင် ကူးစက်မြန်ရောဂါဖြစ်ပြီး လက်တလောမှာ နိုင်ငံပေါင်း ၁၅၆နိုင်ငံ ကူးစက်ခံနေရပြီး၊ ကူးစက်ခံရသူဦးရေမှာ (၁၈၃၀၅၅)ဦးရှိပြီး၊ သေဆုံးသူဦး (၇၄၁၅) ဦး ရှိကြောင်း South China Morning Post ၏ သတင်းရေးသားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်ထိ Vocid-19 ကူးစက်ခံရသူ ဦးရေ မရှိသေးသော်လည်း Vocid-19 သည် ကူးစက်မြန်သည့် ရောဂါဖြစ်သဖြင့် လူစုလူဝေးများသည်နေရာ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်လည်း သက်ဆိုင်ရာ အသီးသီးက ထုတ်ပြန်ချက် ထုတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...