တရုတ်-မြန်မာ စာချုပ် ၃၃ ခု ချုပ်ဆို

0

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည့် ယနေ့ မနက်ပိုင်း တွင် နေပြည်တော် သမ္မတအိမ်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Photo by Myanmar state counsellor office

ထို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် တရုတ်-မြန်မာ ၂နိုင်ငံကြား နားလည်မှု စာချွန်လွှာ ၃၃ခု ကို သဘောတူ လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ နားလည်မှု စာချွန်လွှာများတွင် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ၊ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီး နှင့် ကျောက်ဖြူ – နေပြည်တော် အဝေးပြေး လမ်းမကြီး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာ လွှဲပြောင်း ပေးအပ်ခြင်း စာလွှာ၊ ရွှေလီ မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူ စာချုပ် လုပ်ငန်းစဉ်များ၊ လျင်မြန်တိုးတက်စေရေး နားလည်မှု စာချွန်လွှာ နှင့် ၃နှစ်တာ နယ်စပ် ဒေသ များ ဖွံ့ဖြိုးမှု စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု ဆိုင်ရာ လဲလှယ်မှု စာချွန်လွှာ တို့ ပါဝင်သည်။

ထို့ပြင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူ စာချုပ်နှင့် အစုရှယ်ယာများ နှင့် သက်ဆိုင်သော သဘာတူ စာချုပ်၊ တရုတ်နိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်း နှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်၊ ကျွဲနွား များအတွက် ထိန်းသိမ်း စောင့်ကြည့်ရေး နှင် ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သဘောတူ စာချုပ် တို့ဖြစ်သည်။

အခြားသဘောတူညီချက်များမှာ ၂နိုင်ငံ ချစ်ကြည်ရေး၊ ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာမှု ပြန်လည်နေရာချထားရေး၊ လုံခြုံရေး ၊ ပြန်ကြားရေး တို့ ဖြစ်သည်။

မြန်မာပြည်သူအများစိတ်ဝင်စားသည့် မြစ်ဆုံစီမံကိန်း ကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ သဘောတူညီ စာချုပ်ချုပ်ခြင်း မရှိခဲ့ပေ။

တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင် သည် ယမန်နေ့( ဇန်နဝါရီ ၁၇ )ရက် မွန်လွှဲ ၁နာရီတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

SHARE