Wednesday, January 28, 2026

မူဆယ်မြို့နယ် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရ၊တရားခံ လွှတ်မြောက်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ နယ် ပန်ခမ်းကျေးရွာ အုပ်စု နောင်ရမ်းကျေးရွာတွင် မူးယစ်ဆေးဝါး ချက်ရာတွင် အသုံးပြုသည့် ဓာတု ပစ္စည်း များ သိမ်းဆည်းရပြီး၊ တရားခံ လွှတ်မြောက်နေကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂) ရက် နေ့လည် ၂နာရီတွင် မူဆယ်မြို့နယ် နောင်ရမ်းကျေးရွာတွင် ချင်ဆင်းချန်း ငှားရမ်းထားသည့် ဂိုဒေါင် အတွင်း သံပေပါများဖြင့်ထည့်ထားသည့် 1-Phenyl-2-Propanol ၁၆၀ လီတာ၊ Benzyl Cyanide ၈၀၀၀ လီတာ၊ 1,2 Dichloroethane ၃၂၀ လီတာ TRIFLUOROACETIC ACID ၁၆၀ လီတာ ၊ Mixture of Methanol, Nitric acid ၆၀၀ လီတာ၊ 2-4 Dioxohexahydro 1,3,5 ၈၈၀ ကီလို၊ 1,3-DIBROMO 5,5-DIMETHYLHYDAN ၁၀၀ ကီလို တို့ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ထိန်းချုပ် ဓာတုပစ္စည်းများ၏ တန်ဖိုးငွေသည် ကျပ်သိန်း ၂၂၅သိန်းကျော်ရှိပြီး၊ ပိုင်ရှင် ချင်ဆင်းချန်းသည် ထွက်ပြေးလွှတ်မြောက်နေကြောင်း၊ တရားခံကို ဖမ်းဆီးရမိရေး အတွက် စုံစမ်းနေကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဂိုဒေါင် အတွင်းရပ်ထားသည့် မော်တော်ယာဉ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်မြို့နယ် အတွင်း ကျပ်သိန်း ၄၀ ဘီလီယံ ကျော် ICE ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် အတွင်း ကျပ်သိန်း ၄၀ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အဆိုပါ ICE မူးယစ်ဆေးများကို မေ ၂၄ရက် မနက် ၂နာရီ တွင် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး ကားလမ်း၌ ယာဉ်မောင်း ခွန်စံဦး မောင်းနှင်းလာပြီး...

သျှမ်းပြည် ၂ရက်ဆက်တိုက် ကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် ကျပ်သိန်း ၄၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၄) ည ၇ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် မူဆယ်-မန္တလေး ကားလမ်းမပေါ်တွင် အသက် ၁၉ နှစ်အရွယ် ရှိ...

နောင်ချိုတွင် ထိန်းချုပ်ဓာတု ကျပ်သိန်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

0
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်း ကျပ်သိန်း ၂၄၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ် ဓာတု ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၀)ရက် ည ၅နာရီခွဲတွင် မန္တလေး-နောင်ချို ပြည်ထောင်စုလမ်းပေါ် ရှိ နောင်ချိုမြို့နယ် ခြေမြစ်ပင်ကျေးရွာ ၌ ရပ်ထားသည့်...

လွိုင်လင် တွင် ကျပ်သိန်း ၃၄၀၀ မူးယစ်ဆေး ဖမ်းဆီးရမိ၊ တရားခံ လွှတ်မြောက်

0
သျှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့ နယ်အတွင်း ကျပ်သိန်း ၃၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ကို သိမ်းဆည်းရပြီး တရားခံ လွှတ်မြောက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ရက် ည ၉ နာရီတွင် လွိုင်လင်မြို့ ဟိုတင့်ကျေးရွာ အနီး လွိုင်လင်-တောင်ကြီး ကားလမ်းပေါ် တွင်...

ကျပ်သိန်းပေါင်း ၁၃၀၀ကျော် ထိန်းချုပ်ဓာတု သျှမ်းမြောက် တွင် ထပ်မံ ဖမ်းမိ၊ တရားခံ စုံစမ်းဆဲ

0
သျှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျပ်သိန်း ၁၃၀၀ ကျော် ထိန်းချုပ် ဓာတု ပစ္စည်းများထပ်မံ သိမ်းဆည်းရမိပြီး တရားခံ များ စုံစမ်းနေဆဲ ဟု သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာတွင် အောက်တိုဘာ ၂၆ ရက် ည ၆နာရီခွဲ ၌ ကျပ်သိန်း...