Wednesday, January 28, 2026

ဗိုလ်ချုပ်အောင်ဆန်း တဦးတည်း၏ ကြေးရုပ် စိုက်ထူမည့်အစီအစဉ် မူစယ်ဒေသခံများသဘောမတူ

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း တဦးတည်း၏ကြေးရုပ်ထက် အာဇာနည် ၉ ဦးစလုံး၏ကြေးရုပ်စိုက်ထူပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း မူစယ်ဒေသခံလူငယ်များကပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင် ၉ ဦး

မူစယ်မြို့တွင် ပြည်ထောင်စုနေ့အခမ်းအနားနှင့်လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပသွားရန် အတွက် ကျောက်တိုင်နှင့်ဗိုလ်ချုပ်ကြေးရုပ်တည်ထားရေး သင့်တော်သောမြေနေရာ ကွင်းဆင်းရှာဖွေ ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကဖွဲ့စည်းလိုက်သည့်အပေါ် မူစယ်ဒေသခံလူငယ်များက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိုစိုက်ထူဖို့ ဒီက NLD တွေက စီစဉ်နေပါတယ်။ ကျနော်တို့ဒေသခံတွေ အနေနဲ့မြင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းရဲ့ကြေးရုပ်စိုက်ထူမှာထက်စာရင် ရဲဘော်ကိုထွေးအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦးစလုံးရဲ့ကြေးရုပ်ကိုစိုက်ထူပါမှ ပြည့်စုံပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြေပြန့်သားများအတွက် အာဇာနည်ခေါင်းဆောင်ဖြစ်တာမှန်တယ်။ တိုင်းရင်းသားတွေအတွက်တော့ သူ့ဟာနဲ့သူ အာဇာနည် ခေါင်းဆောင်ကရှိပြီးသားဘဲ ။ ဒါကြောင့် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီမျှမှုအခွင့်အရေးဖြစ်စေချင်တယ်ဆိုရင် ဗိုလ်ချုပ်တဦးတည်းမလုပ်ပါနဲ့ ။ အာဇာနည်ခေါင်းဆောင် ၉ ဦးစလုံးရဲ့ကြေးရုပ်ကိုစိုက်ထူပါ – ဟု မူစယ်မြို့ခံလူငယ် စိုင်းလိတ်ကသျှမ်းသံတော်ဆင့် အားပြောပြသည်။

ထိုအတွက် မူစယ်ဒေသခံများလက်မှတ်ရေးထိုးကာ မတ်လ ၇ ရက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အစည်းအဝေးမတိုင်မှီ ဗိုလ်ချုပ်ကြေးရုပ်တခုတည်းစိုက်ထူမည့်အပေါ် ကန့်ကွက်လက်မှတ်ရေးထိုးထားသည့် စာပေးပို့မည်ဖြစ်ပြီး အကယ်၍ အာဇာနည်ခေါင်းဆောင် ၉ ဦးစလုံး၏ကြေးရုပ်စိုက်ထူပေးမည်ဆိုပါက လက်ခံသဘောတူမည်ဖြစ်ကြောင်း၊ သို့သော် ဗိုလ်ချုပ်ကြေးရုပ်တခုတည်းကိုသာ စိုက်ထူမည် ဆိုပါက ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း မူစယ်မြို့ခံ စိုင်းမြတ်က လည်းပြောသည်။

လက်ရှိတွင် မူစယ်မြို့ စီမံခန့်ခွဲမှုကော်မတီက သင့်တော်မည့်မြေနေရာ ကွင်းဆင်းစီစစ်ကြည့်ရှုနေ ဆဲဖြစ်ပြီး မတ်လ ၁၃ ရက်နေ့တွင်ထပ်မံကျင်းပမည့်အစည်းအဝေးတွင် တင်ပြကြရမည်ဖြစ်ပါသည်။

စီမံခန့်ခွဲမှုကော်မတီ များမှာ မူစယ်မြို့ပေါ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် မူစယ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဌာနမှ မြို့ နယ်ဦးစီးမှူး၊ ရပ်မိရပ်ဖ စိုင်းခမ်းမြတ်နှင့် မူစယ်မြို့ NLD ပါတီဉက္ကဌတို့ပါဝင်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး

0
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ကုန်ကားကြီးများအား တရုတ်အာဏာပိုင်များ တင်းကျပ်စစ်ဆေးနေသဖြင့် မန့်ဝိန်းနယ်စပ်ဂိတ်တွင် ကုန်ကား ကြီးများ ဆိုးရွားစွာ ပိတ်ဆို့မှုများဖြစ်ပွါး နေကြောင်းသိရသည်။ အဆိုပါဂိတ်ပေါက်မှ ကားတန်းများသည် မြို့ပြင်လမ်းတလျှောက် ရှည်လျားစွာ ပိတ်ဆို့နေပြီး ၀င်ထွက်သွားလာနိုင်ခြင်းမရှိသည့်အပြင် မြို့တွင်းကားငယ်များလည်းသွားလာရေးခက်ခဲနေကြောင်း၊ ကားသမားများ ရိုက်နှက်မှုဖြစ်ပွါးသည်အထိရှိနေကြောင်း သိရသည်။ ကားသမားတွေလည်း ကားမောင်းကြမ်းတာရယ် ကားလမ်းပိတ်ဆို့မှုကြောင့် တယောက်နဲ့...

ဆင်ဖြူစျေးကော်မတီရုံးဆောက်လုပ်နေမှု လက်နက်အပြည့်အစုံဖြင့်တရုတ်တပ်ဖွဲ့များ ၀င်ရောက်ဟန့်တား ဒေသခံလူထု ထိတ်လှန့်

0
တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမူစယ်မြို့ တွင် ဆောက် လုပ်နေသည့် ဆင်ဖြူစျေးကော်မတီရုံးနှင့် ပတ်သတ်ပြီး လက်နက်အပြည့်ကိုင်ဆောင်သည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် ဟန့်တား ရာ ဒေသခံများထိတ်လန့်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီက မူစယ်မြို့အတွင်း တရုတ်တပ်ဖွဲ့များ လက်နက်ဖြင့် နယ်စပ်...

မူစယ် – ပန်ဆိုင်း လမ်းပေါ် ချိန်ကိုက်မိုင်းပေါက်ကွဲ အမျိုးသမီးတဦးသေ၊ တဦး ဒဏ်ရာရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် နမ့်တောင်းကျေးရွာ နှင့် ပန်ဆိုင်းမြို့အကြား ပြည်ထောင် စုလမ်းမ ပေါ်တွင် ဒေသခံအမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီက မူစယ်မြို့နယ် နမ့်တောင်းဒေသခံ အမျိုးသမီး ၂ ဦးသည်...

မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ

0
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်က ဒေသခံလူငယ်တဦးအား သေနတ်ထိုးချိန်ခြိမ်းခြောက်ကာ ခိုက်ရန် ဖြစ်ပွားရာမှ အသက်အန္တရာယ်ပြုလာမှု စိုးရိမ်ရသောကြောင့် တာဝန်ရှိများထံ တိုင်တန်းထားရကြောင်းသိရသည်။ ဇွန်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မူစယ်မြို့ အထက ၂ ကျောင်းရှေ့တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကြားဖူ ဆိုသူသည် ၄င်းတပည့်တဦးနှင့်...

မူစယ်မြို့က တိုက်ပွဲကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ ယဉ်ကျေးလိမ္မာ ဆရာ ၂ ဦး  

0
“ကျနော်တို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ ၂ယောက် သေဆုံးတဲ့အထဲပါသွားတယ်။ ကျနော် သူငယ်ချင်း တယောက်ဆိုရင် ရုပ်အလောင်းတောင် ပြန်မရဘူး။ သေနတ်နဲ့ပစ်ခံရတဲ့အပြင် မီးပါရှို့ ရုပ်တောင်မမြင်ရတော့ဘူး” လို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ စိုင်းဆိုင်လှိုင်း က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ တအာင်း...