Wednesday, January 28, 2026

လားရှိုးမြို့နယ် တွင် အသက် ၁၅ နှစ် အရွယ် ကျောင်းသူတဦး အား ဈေးသည်တဦးက အဓမ္မပြုကျင့်ရန်ကြိုးစား

သျှမ်းပြည်  မြောက်ပိုင်း လားရှိုးမြို့နယ် မောက်တောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၅ နှစ် အရွယ် ကျောင်းသူ တဦးကို ဈေးသည်တဦးက အကြမ်းဖက်ကာ အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။

Photo TYO- အေးယိင်းနှင့်သူမ၏ အိပ်ခန်း

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက်နေ့ ည ၁၀နာရီက အသက် ၁၅နှစ် အရွယ် ၆ တန်းကျောင်းသူ အေးယိင်း အိပ်နေစဉ်  နမ့်ပေါင်ကျေးရွာနေ ဈေးသည် အသက် ၂၀ အရွယ် မောင်နေလင်းက အိမ်တံခါးသော့ဖျက်ကာ အိမ်အတွင်း ခိုးဝင်လာပြီး အေးယိင်း အား    လက်ပြန်ကြိုးတုပ်၊ လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ပိတ်ပြီး အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ကလေး အမှုကို လိုက်ပါ ကူညီပေးနေသည့် သျှမ်းလူငယ်အဖွဲ့ (TYO) မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

 

 

Photo Credit to TYO

 

အေးယိင်းက ရုန်းကန်သည့်အသံကြားရာ အခန်းအပြင်ဘက်တွင်အိပ်နေသော ဖွားအေဖြစ်သူ နိုးလာပြီး မီးခွက်ထွန်းစဉ် မုဒိန်းကျင့်ရန်ကြိုးစားနေသည့် မောင်နေလင်းသည် အိမ်ထရံအားခုန်ကျော်လွှားကာ ထွက်ပြေးလွှတ်မြောက်သွားကြောင်း မြေးအဖွားကပြောသည်ဟု  ဆိုပါသည်။

 

“ ပြောရရင် ဒါက အတင်းအဓမ္မမှုမြောက်ပါတယ်။ ၆ တန်း ကျောင်းသူ အဖွား က မနိုးလာရင် မုဒိမ်းကျင့်ခံရပြီလေ။ဒါကြောင့် ဒါက သက်ငယ်မုဒိမ်းမှု မမြောက်ဘူးလို့ ပြောလို့ မရဘူး” ဟု စိုင်းဟန် က ပြောပြသည်။

 

ထိုကိစ္စကို ၆ တန်းကျောင်းသူ သည် ကျောင်းဆရာမကို သွားရောက် တိုင်ကြားခဲ့ကြောင်း  ဆရာမက ကျေးရွာ အုပ်ချုပ်ရေးမှူး (ရွာသူကြီး) အားသွားရောက်ဆွေးနွေးသောအခါ ရွာသူကြီးက မုဒိမ်းကျင့် ရန် ကြိုးစားသည့် မောင်နေလင်းကို သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

“ နေလင်းဆိုတဲ့သူကလည်း ဝန်ခံတယ်။ သူလုပ်တယ်ဆိုတာ။ ကျေးရွာ ကသူတွေက ဒီအမှု ဘယ်လောက် မြောက်တယ်ဆိုတာ မသိဘူး။ ဒီသတင်းကို ကြားကြားချင်း ကျနော်တို့ တွေ ချက်ချင်းလိုက်သွားတယ်” ဟု စိုင်းဟန် က ဆိုသည်။

 

အေးယိင်းသည် မိဘအိမ်တွင်မနေဘဲ ဖွားအေဖြစ်သူအား အဖော်ပြုကာ ၎င်းနေအိမ်တွင် မြေးအဘွား ၂ ဦးသာနေထိုင် နေကြောင်းလည်းသိရသည်။

 

လက်ရှိ ၆တန်းကျောင်းသူ ကို အတင်းအဓမ္မပြုကျင့်ခြင်း၊ မတရားချုပ်နှောင်ခြင်း၊ အိမ်ကျူးကျော်ဝင်ရောက်ခြင်း နှင့်ထိခိုက်နာကျင်ခြင်း တို့ဖြစ်သည့် ရာဇာဓတ်ကြီး ပုဒ်မ ၃၇၆၊၃၄၂၊ ၄၅၁ နှင့် ၅၀၁ တို့နှင့် လားရှိုး အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့် ထားပြီး တရားခံမောင်နေလင်း ကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

 

“ မုဒိန်းကျင့်ခြင်းပြီးမြောက်မှ မုဒိန်းမှုဖြစ်တယ် ဆိုတာကျနော်တို့ လက်မခံဘူး။  အခု လို အိမ်ထဲကျူးကျော်လာပြီးကျင့်ကြံကတည်းက  သက်ငယ်မုဒိမ်းမှုပဲ” ဟု စိုင်းဟန် က မှတ်ချက်ပြုသည်။

 

ကျေးလက်ဒေသ တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် အတင်းအဓမ္မပြုကျင့်ခံရပါက ရှက်ကြောက်စရာ မလိုကြောင်း၊ ကြေအေးစရာမလိုကြောင်း၊ ကျူးလွန်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ပေးရန် တိုင်ကြားဖို့လိုအပ်ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွဆောင်ရွက်သူများကတိုက်တွန်းပြောဆိုထားသည်။

 

စက်တင်ဘာ ၁၅ရက် ညပိုင်းတွင်လည်း သျှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းနေထိုင်းသည့် အသက် ၁၄နှစ် အရွယ် ကျောင်းသူ တဦးကို အမျိုးသားတဦးက သက်ငယ်မုဒိမ်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းဖို့ ခက်နေဆဲ

0
“ပြန်တွေ့တော့ အလောင်းက ပုပ်သိုးနေပြီ၊ မျက်လုံးတောင် မရှိတော့ဘူး။ မျက်နှာလည်း ရစရာမရှိအောင်၊ မမှတ်မိတော့ဘူး” ဟု မနှင်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောနေသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် တာချီလိတ်မြို့ ပြည်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အသက် (၈)...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...