ထိုင်းဘတ် စျေးတက် ကုန်စည်လည်း စျေးတက် နယ်စပ်ဒေသခံများအခက်တွေ့

ထိုင်းဘတ်ငွေစျေးနှုန်းတရိပ်ရိပ်မြင့်တက်လာသည့်အတွက် ထိုင်း-မြန်မာနယ်စပ် ကုန်စည်များ စျေးမြင့်နေကြောင်း သတင်းရရှိသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တွင် အလုပ်လုပ်ကိုင်သည့် စီးပွားရေးသမားများနှင့် ပြည်သူလူထုသည် ထိုင်းဘတ်ငွေစျေးနှုန်းမြင့်တက်လာသည့်နောက် ကုန်စျေးနှုန်းများလည်းလိုက်တက်လာရာ စိုးရိမ် ပူပန် မှုများဖြစ်နေကြကြောင်း တာချီလိတ်တွင် နေထိုင်သည့် ကုန်သည်တဦးဖြစ်သည် နန်းဟွမ်ပေါင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ထိုင်း ငွေရော ကုန်ပစ္စည်းရော စျေးတက်တော့ အလုပ်မဖြစ်ဘူး။ စီးပွားရေးသမားတွေအတွက်တော့ ခေါင်းကိုက်နေရတယ်” ဟု နန်းဟွမ်ပေါင်းက ငြီးငြူပြောဆိုသည်။

လက်ရှိ ထိုင်းဘတ်ငွေ ပေါက်စျေး မြန်မာငွေမှ ထိုင်းဘတ် လဲလှယ်ပါက ၁ သိန်းကျပ်မှာ ဘတ် ၁၉၇၀ (ဘတ် ၁၀၀=၅၀.၇၆ ကျပ်) ထိ စျေးမြှင့်တက်နေကြောင်း သိရသည်။

“ ထိုင်း ဘတ် ငွေ က အရမ်းတက်လာတယ်။ ထိုင်းဘတ် ငွေ ဆက်မာဖို့ တက်ဖို့ ပဲ ရှိမယ်။ ကျမတို့က ကုန်ပစ္စည်းတွေကို ဘတ်ငွေနဲ့ ဝယ်ရတယ်။ ပြန်ရောင်းတော့ မြန်မာငွေကျပ်ပဲရတယ်။ ငွေစျေးလှဲလှယ်တဲ့ချိန် အရှုံးပေါ်တယ်” ဟု နန်းဟွမ်ပေါင်း က ဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့မှှ စတက်လာသည့် ထိုင်းဘတ်ငွေစျေးကြောင့် ထိုင်း-မြန်မာ နယ်စပ် တာချီလိတ် မြို့တွင် နေထိုင်သူများအတွက် အခက်ကြုံနေရသည်ဟု ဒေသခံများ ပြောပြချက် အရသိရသည်။

တာချီလိတ်တွင် နေထိုင်သူများသည် မြန်မာ မှ ထိုင်းဘတ်ငွေ သို့ လှဲသုံးရသည့်အတွက် ထိုင်းဘတ်ငွေ စျေးတက်လာပါက ဒေသခံများ အတွက် အလိုအလျောက် ကုန်စျေးနှုန်းများ တက်နေသည်ဟု နန်းဟွမ်ပေါင်း က ထပ်လောင်းပြောသည်။

“ ဒီမှာက ဘတ်ငွေပဲ သုံးတယ်။ ဘာဝယ်ဝယ် ဘတ်ငွေဆိုတော့ မြန်မာငွေ လစာရတဲ့ သူတွေ အတွက် တော့ အဆင်မပြေဘူး။ ဘတ် ၂၀ ကန်စွန်းရွက် အရင်က ၄၀၀ကျပ် ဆိုရင် အခု ၅၀၀ ကျပ်ဖြစ်ပြီလေ” ဟု တာချီလိတ်တွင် လခစားဝန်ထမ်းလုပ်နေသည့် နန်းချယ်ရီ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ ထိုင်းဘတ်ငွေစျေးမြင့်တက်ပြီး မြန်မာ ကျပ်ငွေစျေးလျော့ကျလာသဖြင့် တနိုင်တပိုင် ရောင်းဝယ်သူများနှင့် အခြေခံ စားသောက်ကုန် ဝယ်ယူသုံးစွဲနေသည့်သူများအတွက် အခက်ကြံုနေရသည် ဟု နန်းချယ်ရီ ကပြောသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ အခြေခံ စားသောက်ကုန်များကို ဝယ်ယူသုံးစွဲနေရသဖြင့် ယခုကဲ့သို့ ကုန်စျေးနှုန်းများ မြင့်တက်နေသည်ကို ပြည်သူများ ညည်းတွားနေကြသည်။

သို့သော် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများ မိဘဆွေမျိုးများထံ ပိုက်ဆံပေးပို့မည်ဆိုပါက မြန်မာငွေအရေအတွက်ပိုများသဖြင့် အဆင်ပြေကြောင်း ငွေလှဲလုပ်ငန်းလုပ်နေသူများကပြောဆိုနေကြသည်။

ယခုရက်ပိုင်း ရွှေစျေးလည်းတက်နေရာ အခေါက်ရွှေ တကျပ်သား လျှင် ကျပ် ၁, ၃၀၇, ၀၀၀ အထိမြင့်တက်ခဲ့ပြီး အမေရိကန် တ ဒေါ်လာ လျှင် ၁၅၃၈ ကျပ် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...