Wednesday, January 28, 2026

ကွတ်ခိုင် တိုးဂိတ်အနီး အိမ်စီးကားတစီး သေနတ်ပစ်ခံရ ယာဉ်မောင်း ဒဏ်ရာရ

စစ်ရေးတင်းမာနေဆဲဖြစ်သော သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် တိုးဂိတ်တွင် အိမ်စီးကားတစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်း နားရွက်ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

Photo Credit to NM- အိမ်စီးကားပစ်ခတ်ခံရ စဉ် ယာဉ်မောင်း နားရွက်ကျည်ဆံရှပ်ထိ

 

သြဂုတ်လ ၂၇ ရက် ယနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်က မူဆယ်မြို့အထွက် ကွတ်ခိုင်တိုးဂိတ် တွင် သေနတ်ပစ်ခံရသည့် အိမ်စီးကားသည် အနက်ရောင် Crown အမျိုးအစား အိမ်စီး ကားဖြစ်ပြီး ၊ ယာဉ်မောင်း မှာ နာရွက် ကျည်ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည် ကွတ်ခိုင်ရောက် လားရှိုးဒေသခံ ကိုနေမျိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကားနောက် မှန်ကနေ ဖောက်ပြီး နားရွက်ကို ရှက်ထိတာပါ။ ဦးခေါင်းမထိတာ ကံကောင်းတယ်။ အခုတော့ ကွတ်ခိုင်ဆေးရုံ ပို့လိုက်တယ်။ လမ်းအခြေအနေကတော့မကောင်းသေးဘူး” ဟု ကိုနေမျိုး က ဆိုသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲသည် ယနေ့တိုင် ပြင်းထန်နေဆဲ ဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် သတိဖြင့် သွားလာကြရန် လည်း ကိုနေမျိုး က ထပ်လောင်းပြောသည်။

Photo Credit to NM- ကွတ်ခိုင်တိုးဂိတ်တွင် ကားများ ပိတ်မိနေစဉ်

“ ကားနောက်မှန် ကနေ ပစ်တာ နာရွက်ပဲထိလို့ တော်သေးတယ်။ ကားဘီးလည်း ပစ်ခံရတယ်။ အခု ကားတွေကတော့ ကွတ်ခိုင် တိုးဂိတ်မှာ ပိတ်မိနေတယ်” ဟု မူဆယ်ကားသမား စိုင်းကွမ်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထို့ပြင် ယမန်နေ့ ညနေ ၅နာရီတွင်လည်း ကွတ်ခိုင်-မူဆယ်ကြား ရှိ မန်လွယ်နှင့် နမ့်ဖတ်လွန်းကြားတွင် တွဲကား ၈စီး တာယာ သေနတ်ပစ်ခံရသေးကြောင်း၊ ကားသမားများကို ဦးတည် တိုက်ခိုက်မှု ရပ်တန့်ပေးရန် လည်း စိုင်းကွမ်း က ပြောသည်။

ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည့် ခရီးသွားပြည်သူများ ကို ငဲ့ညှာပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တိုက်ပွဲများ ရပ်တန့်ပေးစေလိုကြောင်းလည်း မူဆယ်- မန္တလေးပြေးဆွဲနေသည့် ကားသမားများက တောင်းဆိုလိုက်သည်။

မြန်မာ့တပ်မတော်နှင့် ညီနောင် မဟာမိတ်(၃) ဖွဲ့ တို့ ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ တရက်ပြီး တရက် ပိုပြီးပြင်ထန်းလာသည့်အတွက် ခရီးသွားပြည်သူများ၊ လူမှု ကူညီ ကယ်ဆယ်ရေး အသင်းအဖွဲပများ အနေဖြင့် လမ်းခရီးအခြေအနေများကို သေချာစွာ လေ့လာစုံစမ်းပြီး သွားရန်လည်း သြဂုတ် ၂၅ရက်နေ့ တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ က ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မိုင်းယောင်းမြို့ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၈ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီး ဖွင့်လှစ်ထားသည့် “ဧဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ်...