Wednesday, January 28, 2026

တာမိုးညဲ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး ကျည်ထိမှန်သေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မုံးစီးကျေးရွာ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ် အရွယ် လူငယ်တဦး ဦးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Kutkai Nsen – ကျည်ထိမှန်သေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် လူငယ် ၏ အလောင်းအား ဆွေမျိုးမိဘများက ပြန်လည်သဂြိုဟ်ပေးနေစဉ်

သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲက တာမိုးညဲ မုံးစီး ကြား တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့မှု ဖြစ်ပွားရာ လူငယ် ၂ ဦးနှင့်ကျောင်းအုပ်တဦးတို့ ခေတ္တရပ်ဆိုင်းပြီး ပုန်းရှောင်နေစဉ် ကျည်ဆံထိမှန်ခြင်းဖြစ်ကြောင်း တာမိုးညဲ ဒေသ အသင်းတော် ဆရာ နော်ဆန့် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ၁၉ နှစ်အရွယ် လူငယ်လေးက သူ့ညီနဲ့အတူတူ ခြံသွားပြီး အပြန်လမ်းမှာ ကျည်ဆံထိမှန်တာ။ ခေါင်းမှာထိ သွားတာ။ မုံစီး အထက်တန်းကျောင်းက ကျောင်းအုပ်ကတော့ နံရိုးပဲ ထိတာပါ။ ကွတ်ခိုင်ဆေးရုံပို့ထားတယ်” ဆရာ နော်ဆန့် က ဆိုသည်။

Photo Credit to Kutkai Nsen – မုံးစီးအထက်တန်းကျောင်းအုပ်အား ကျည်ဆံထိမှန်သည့်ဒဏ်ရာ

တိုက်ပွဲ ပြင်းထန်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် လူငယ် ၏ အလောင်းကို ကားလမ်းမဘေးတွင် မြန်မာ့တပ်မတော်မှ ယာယီ မြုပ်နှံခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့မှ ဘာသာရေး အသင်းတော်နှင့် လူငယ်၏ ဆွေမျိုးများက အလောင်းပြန်သွားဖော်ကာ ပြန်လည် သဂြိုလ်ပေးခဲ့သည် ဟု ဆရာ နော်ဆန့် က သျှမ်းသံတော်ဆင့် ကို ပြန်ပြောပြသည်။

“ မနေ့ကမှ ကျနော်တို့ လူငယ်ရဲ့ အလောင်းကို ပြန်သွားဖော်ပြီး ဘာသာရေး ထုံစံ နဲ့ပြန်သဂြိုလ်ခဲ့ပါတယ်” ဟု ဆိုသည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ လယ်ယာများ၊ ခြံများ သွားရန် ခက်ခဲ နေသည် ဟု လည်း တာမိုးညဲ ဒေသခံများက ဆိုသည်။

“ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ ကွတ်ခိုင် တာမိုးညဲ လမ်းဖြစ်လိုက်။ တာမိုးညဲ မုံးစီးလမ်းပေါ် ဖြစ်လိုက်ပါပဲ။ ပြည်သူတွေကတော့ လယ်ဆင်းဖို့ အတွက် ခက်ခဲတယ်။ စိုးရိမ်နေရတယ်” ဟု တာမိုးညဲ ဒေသခံ အမျိုးသား တဦး က ဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် လည်း တာမိုးညဲ ဒေသ မော်ဟန်ကျေးရွာ အုပ်စု ဖက်ကာ အနီးတွင် အသက် ၁၇ အရွယ် လူငယ်တဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း မော်ဟန်ကျေးရွာ သင်းထောက် ဆရာ တဦး က ပြောသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း မြန်မာ့တပ်မတော်နှင့် TNLA အပါအဝင် မဟာမိတ် ညီနောင် များဖြစ်သည့် ကိုးကန့် (MNDAA)၊ ရက္ခိုင့် ( AA) တပ်မတော်တို့သည် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...