တာမိုးညဲ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး ကျည်ထိမှန်သေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မုံးစီးကျေးရွာ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ် အရွယ် လူငယ်တဦး ဦးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Kutkai Nsen – ကျည်ထိမှန်သေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် လူငယ် ၏ အလောင်းအား ဆွေမျိုးမိဘများက ပြန်လည်သဂြိုဟ်ပေးနေစဉ်

သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲက တာမိုးညဲ မုံးစီး ကြား တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့မှု ဖြစ်ပွားရာ လူငယ် ၂ ဦးနှင့်ကျောင်းအုပ်တဦးတို့ ခေတ္တရပ်ဆိုင်းပြီး ပုန်းရှောင်နေစဉ် ကျည်ဆံထိမှန်ခြင်းဖြစ်ကြောင်း တာမိုးညဲ ဒေသ အသင်းတော် ဆရာ နော်ဆန့် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ၁၉ နှစ်အရွယ် လူငယ်လေးက သူ့ညီနဲ့အတူတူ ခြံသွားပြီး အပြန်လမ်းမှာ ကျည်ဆံထိမှန်တာ။ ခေါင်းမှာထိ သွားတာ။ မုံစီး အထက်တန်းကျောင်းက ကျောင်းအုပ်ကတော့ နံရိုးပဲ ထိတာပါ။ ကွတ်ခိုင်ဆေးရုံပို့ထားတယ်” ဆရာ နော်ဆန့် က ဆိုသည်။

Photo Credit to Kutkai Nsen – မုံးစီးအထက်တန်းကျောင်းအုပ်အား ကျည်ဆံထိမှန်သည့်ဒဏ်ရာ

တိုက်ပွဲ ပြင်းထန်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် လူငယ် ၏ အလောင်းကို ကားလမ်းမဘေးတွင် မြန်မာ့တပ်မတော်မှ ယာယီ မြုပ်နှံခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့မှ ဘာသာရေး အသင်းတော်နှင့် လူငယ်၏ ဆွေမျိုးများက အလောင်းပြန်သွားဖော်ကာ ပြန်လည် သဂြိုလ်ပေးခဲ့သည် ဟု ဆရာ နော်ဆန့် က သျှမ်းသံတော်ဆင့် ကို ပြန်ပြောပြသည်။

“ မနေ့ကမှ ကျနော်တို့ လူငယ်ရဲ့ အလောင်းကို ပြန်သွားဖော်ပြီး ဘာသာရေး ထုံစံ နဲ့ပြန်သဂြိုလ်ခဲ့ပါတယ်” ဟု ဆိုသည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ လယ်ယာများ၊ ခြံများ သွားရန် ခက်ခဲ နေသည် ဟု လည်း တာမိုးညဲ ဒေသခံများက ဆိုသည်။

“ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ ကွတ်ခိုင် တာမိုးညဲ လမ်းဖြစ်လိုက်။ တာမိုးညဲ မုံးစီးလမ်းပေါ် ဖြစ်လိုက်ပါပဲ။ ပြည်သူတွေကတော့ လယ်ဆင်းဖို့ အတွက် ခက်ခဲတယ်။ စိုးရိမ်နေရတယ်” ဟု တာမိုးညဲ ဒေသခံ အမျိုးသား တဦး က ဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် လည်း တာမိုးညဲ ဒေသ မော်ဟန်ကျေးရွာ အုပ်စု ဖက်ကာ အနီးတွင် အသက် ၁၇ အရွယ် လူငယ်တဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း မော်ဟန်ကျေးရွာ သင်းထောက် ဆရာ တဦး က ပြောသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း မြန်မာ့တပ်မတော်နှင့် TNLA အပါအဝင် မဟာမိတ် ညီနောင် များဖြစ်သည့် ကိုးကန့် (MNDAA)၊ ရက္ခိုင့် ( AA) တပ်မတော်တို့သည် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...