Wednesday, January 28, 2026

မိုင်းတုံမြို့က အထင်ကရ ညောင်ပင်ကြီးပြိုလဲ

သျှမ်းတော်လှန်ရေးသီချင်း အဆိုတော် စိုင်းမူး၏ မိုင်းတုံမြို့အကြောင်း ရေးဖွဲ့သီဆိုရာတွင် ထည့်သွင်းရေးသားထားသော   သျှမ်းလူထု အသိုင်းအဝိုင်းကြားနာမည်ကြီးခဲ့သည့် ညောင်ဆာမ်ခါ ညောင်ပင်ကြီး ယနေ့ နံနက်ပိုင်းတွင် ပြိုလဲသွားသည်ဟုသိရသည်။

Photo SHAN- မိုင်းတုံမြို့က အထင်ကရ ညောင်ဆာမ်ခါညောင်ပင်ကြီးမပြိုလဲခင်က

ယခုတပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မိုင်းတုံမြို့ ကျောင်းခမ်းကျောင်းတိုက် ဝန်းအတွင်းရှိ မိုင့်ညောင်ဆမ်ခါ အမည်ရ ညောင်ခြေထောက် ၃ ခုဖြင့်ရပ်ထားသည့် ညောင်ပင်ကြီး ယနေ့ နံနက် ၇ နာရီအချိန်က ပြိုလဲခဲ့ကြောင်း မိုင်းတုံဒေသခံကပြောသည်။

Photo Credit to Saihark Hark- ဩဂုတ်လ ၅ ရက် ၂၀၁၉ နံနက်ပိုင်းတွင် ပြိုလှဲသွားသည့် ညောင်ဆာမ်ခါ ညောင်ပင်ကြီး

“တကယ်ဘဲပြိုလဲသွားပါပြီ။ အဲ့နားက စေတီငယ်လေးတဆူ ၊ ကျောင်းသင်္ခန်း လေး တခု ပျက် သွားတယ်။ လူတော့မထိမိဘူး။ ညောင်ပင်က သက်တမ်းလည်းရှည်ပြီလေ။ နှစ်ပေါင်းရာချီ ရှိမယ် ထင်တာဘဲ။ လေမတိုက်ဘူး မိုးဆက်တိုက်ရွာတယ်။ အမြစ်ကလဲ ဆွေးပြီလေ။– ဟု မိုင်းတုံဒေသခံစိုင်းစိန်က သျှမ်းသံတော်ဆင့်အားပြောသည်။

Photo Credit to Saihark Hark- ဩဂုတ်လ ၅ ရက် ၂၀၁၉ နံနက်ပိုင်းတွင် ပြိုလှဲသွားသည့် ညောင်ဆာမ်ခါ ညောင်ပင်ကြီး

လူတရပ်စာအမြင့်ရှိ အမြစ်ကြီး၃ ချောင်းထောက်ကာ လှပသောအဆိုပါညောင်ပင်အား သျှမ်းဘာသာဖြင့်ညောင်ဆာမ်ခါ ဟု ခေါ်ဆိုကြသည်။  အဆိုတော် စိုင်းမှူး က မိုင်းတုံ အလှနှင့် ဂုဏ်ပြုသီဆိုထားသည့်အတွက်  မိုင်းတုံမြို့နှင့်အတူ နာမည်ကြီးလာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မီးပျက်ချိန်များသည့် မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီတားမြစ်

0
သျှမ်းပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျမီးပေးရသည်ထိ လျှပ်စစ်မီးပျက်နေသော်လည်း မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ မေလဆန်းပိုင်းမှစ၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ထင်းရှူးဆီရှာခြင်း၊ ထင်းရှူးဆီ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း မပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ “အခုထင်းရှူးဆီသွားဝယ်ရင် ခိုးဝယ်ရတာ၊ ဝယ်ပြီးရင်လည်း...

မိုင်းတုံမြို့နယ် ဓားပြတိုက်ခံရပြီး (၃) ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ နေအိမ်ကို ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်းက အမည်မသိ လက်နက်ကိုင်မှ ဓားပြဝင်တိုက်ခံရပြီး ၊ အိမ်ရှင် အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်...

အမျိုးသမီးတစ်ဦး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် အမျိုးသမီး တစ်ဦးကို စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် မိုင်းတုံမြို့ တရားရုံးက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး အမှုရင်ဆိုင်ကာလ ၃ လကျော်မှ အမိန့်...

မိုင်းတုံမြို့ တပ်ထောက်ခံပွဲ စစ်ကောင်စီမှ အတင်းအဓမ္မ ခေါ် တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ တပ်မတော်ထောက်ခံပွဲအတွက် စစ်ကောင်စီမှ အတင်းအဓမ္မ ခေါ်ပြီး ပါဝင်သည့် ပြည်သူများ တစ်ဦးလျှင် (၅၀၀၀)ကျပ်ပေးသည်ဟု စုံစမ်းသိရှိရသည်။ မိုင်းတုံမြို့တွင် ယနေ့ (အောက်တိုဘာ ၂၆) မနက် ၉ နာရီဝန်းကျင်တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ကြပြီး ဒေသခံ ပြည်သူများက မဖြစ်မနေ လိုက်ပါ ဆန္ဒပြရကြောင်း...

မိုင်းတုံ မြို့တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ခေါင်းဖြတ်သတ်ခံရ

0
သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ နောင်ပါရင်ရွာ  တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ၄င်း၏ ယာတောအတွင်း ခေါင်းဖြတ်ခံရသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက အသက် ၆၅ နှစ် အရွယ် ဦးအိုက်တူး နှင့် ဇနီးဖြစ်သူ...