Wednesday, January 28, 2026

ထိုင်းနိုင်ငံ ဘန်ကောက် ဗုံးပေါက်ကွဲမှု ကြောင့် မြန်မာနိုင်ငံသားများ အပြင်သွားပါက သတိထားကြရန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် အသေးစားဗုံးပေါက်ကွဲမှု ၃နေရာ ဆက်တိုက် ဖြစ်ပွားမှုကြောင့် မြန်မာ နိုင်ငံ များအနေဖြင့် သတိဖြင့် သွားလာရန် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ် (MOEAF) ထုတ်ပြန်ကြေညာလိုက်သည်။

Photo Credit to Bangkok post

 

ယနေ့ မနက် ပိုင်း ဗုံးပေါက်ကွဲ သည့် ၃နေရာ မှာ ချောင့်နွန်စီ BTSဘူတာ၊ ရာမာ ၉ လမ်းမကြီးဘေး မြက်ခင်းပြင် နှင့် ထိုင်းကြည်းတပ်စစ်ဌာနချုပ်တို့ ဖြစ်သည်။

ထို့ပြင် အခြားနေရာဖြစ်သည့် ထိုင်းအစိုးရ Complex ၊ ထိုင်းကြည်းတပ်စစ်ဌာနချုပ်၊ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးများအနီးတွင်လည်း ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများထပ်တွေ့သည်ဟုသိရသည်။

မြန်မာအလုပ်သမားများနှင့် မြန်မာနိုင်ငံသားများအနေဖြင့် လမ်းခရီးသွားလာသည့် အခါ အများပြည်သူ လူကြပ်တွေနေရာတွေကို သတိထားသွားလာကြရန် MOEAF ထုတ်ပြန်ချက်တွင်ရေးသားသည်။

ထိုဗုံးပေါက်ကွဲ မှု ကြောင့် လုံခြုံရေးအတွက် စစ်ဆေးရေးများ တင်းကြပ်နိုင်ကြောင်း မိမိတို့အနေဖြင့် အထောက်အထားများဖြစ်သည့် ပတ်စပို့၊ ဝေါ့ခ်ပါမစ်တို့ကို ကိုယ်နှင့် မကွာယူဆောင်သွားကြရန် လည်း MOEAFအနေဖြင့် တိုက်တွန်းထားသည်။

 

မြန်မာနိုင်ငံသား အနေဖြင့် အခက်အခဲတစုံတရာရှိပါက MOEAF(ထိုင်း)Call Centreသို့ လာရောက်အကူအညီတောင်းခံနိုင်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘန်ကောက်မြို့ လေထပ်တိုက် အဆောက်အဦး ပြိုကျ မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေးထပ်တိုက် အဆောက်အဦး ပြိုကျမှုကြောင့် မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်း ၄ နာရီအချိန် ထိုင်းနိုင်ငံ ဟိုင်ခွမ်းခရိုင် Wat Uthai Tharam (ဝတ်ဥထိုင်းထားရမ်း) အနီး...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဦး ဓားထိုးသတ်ခံရ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဦး ပျောက်ဆုံးသွားရာမှ ဓားဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်း ၅ နာရီတွင် စတင်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၎င်း၏ ဆွေမျိုးအသိုင်းအဝိုင်း နှင့် သူငယ်ချင်းများက လိုက်လံရှာဖွေရာ...

မိုင်းဖုန်းဆရာတော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေး စစ်ဆေးနေ

0
မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရ (ခူးဝါးဝန်းစုမ့်) သက်တော် ၅၇ ဝါတော် ၃၇ ဝါသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျန်မာရေး စစ်ဆေးမှုခံယူနေကြောင်း စုံစမ်းသိရသည်။ မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင်...

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဗုံးပေါက်ကွဲမှု ၃ နေရာဖြစ်ပွား

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူစည်ကားရာနေရာ ၃ ခုတွင် ဗုံး ၃ လုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ်လ ၂ ရက် ယနေ့မနက်ပိုင်းက နေရာ ၃ ခုတွင် မိနစ်ပိုင်းသာခြားပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မနက် ၈ နာရီ ၁၀ မိနစ်...