ဒေသထွက်ကုန်များ စျေးကွက်ရရှိရေး မြှင့်တင်ပေးဖို့ ပထမဆုံးအကြိမ် သျှမ်းရိုးရာစျေးရောင်းပွဲတော် လားရှိုးတွင်ပြုလုပ်

သျှမ်းလူမှုအသိုင်းအဝိုင်းအတွင်း ဒေသထွက်ကုန်များမြှင့်တင်ရေး စီးပွါးရေး ကူးသန်းရောင်းဝယ်ရေး မြှင့်တင်ရေးအတွက် ကော်တိုင်း လေ့လာရေးစင်တာကဦးဆောင်ကာ သျှမ်းရိုးရာစျေးပွဲတော် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စျေးပွဲတော်အား ဖေဖော်ဝါရီလ ၂၀ မှ ၂၂ ရက်နေ့အထိ လားရှိုးမြို့နယ် တာ့ပုံအုပ်စု ၀မ့်ကောင်းရွာရှိ ကော်တိုင်းလူမှုအခြေပြု ပညာရေးစင်တာတွင် ဖွင့်လှစ်ကျင်းပမည်ဖြစ်ပြီး စီးပွါးရေးပိုင်းတွင် ကျွမ်းကျင် ပညာရှင်များအားဖိတ်ခေါ်ကာ စီးပွါးရေးပိုင်းဆိုင်ရာ ဗဟုသုတများ ဆွေးနွေးဖလှယ်ဟောပြောပေးစေမည်ဟု သိရသည်။

သျှမ်းရိုးရာအစားအသောက်တွေ၊ သျှမ်းရိုးရာလက်မှုလုပ်ငန်းကထုတ်လုပ်တဲ့ပစ္စည်းတွေ၊ သျှမ်းရိုးရာ အဝတ်အထည်တွေအသုံးအဆောင်ပစ္စည်းတွေရောင်းချမယ်။ နောက်ပြီးတော့ ရိုးရာအကတွေနဲ့တင်ဆက်မယ်။ စီးပွါးရေးလုပ်ငန်းနဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ပညာရှင်တွေက လာပြီးဟောပြောမယ်။ သျှမ်းလူမှု အသိုင်းအဝိုင်းမှာ အနာဂတ်စီးပွါးရေးအတွက် လုပ်ငန်းစဉ်တွေကိုဆွေးနွေးမယ်။- ဟု ကော်တိုင်းအဖွဲ့အစည်းမှ ဆရာ စိုင်းလိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ သျှမ်းရိုးရာစျေးပွဲတော်ကို ကော်တိုင်းအဖွဲ့က ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး စီးပွါးရေးဆိုင်ရာဟောပြောဆွေးနွေးမည့်သူများမှာ ကျောက်မဲမြို့ ကျား ၅ ကောင်ဆေးတိုက်မှ ဦးစိုင်းသန်းမောင်၊ ချင်းမိုင်မြို့မှ ပန်းပုလုပ်ငန်းရှင် (ခွန်ကြာနု၏ဇနီး) ပါ့နန်းလှယဉ်၊ ချင်းမိုင်မြို့ သျှမ်းလူမှုအသိုင်းအဝိုင်းမှ စီးပွါးရေးပိုင်းဆိုင်ရာ ၊ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ရတ်ချဖတ်တက္ကသိုလ်မှ ဆရာ ဆွမ်ပတ်ပွန်း ခမ်းယုံး၊ Great Horkham  မှ CEO စိုင်းအုန်းမြင့် အစရှိပုဂ္ဂိုလ်များ လာရောက်ဟောပြောမည်ဖြစ်ကြောင်း သိရသည် ။

ထို့အပြင် သျှမ်းအဆိုတော် နန်းဆာရာနှင့် စိုင်းသျှဲန်ဖှ တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

ကျနော်တို့ရည်ရွယ်ချက်ကတော့ သျှမ်းလူမှုအသိုင်းအဝိုင်းရဲ့စီးပွါးရေး ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ချင်တယ်။ ဒေသထွက်ကုန်ထွက်ကုန်တွေကို လူသိများအောင် စျေးကွက်များများဖန်တီးချင်တယ်။ ဒါကြောင့် သျှမ်းပြည်တွင်း တခြားမြို့နယ် တခြားဒေသက တောင်သူလယ်သမားတွေ ကုန်သည်တွေကိုလည်းဖိတ်ခေါ်ပါတယ်။ တကယ်လို့ မိမိဒေသထွက်ကုန်တွေ လက်မှုပစ္စည်းတွေလာရောင်း ချင်တယ်ဆိုရင်လည်း ဆက်သွယ်လိုက်ပါခင်ဗျ – ဟု ဆရာစိုင်းလိုင်းခမ်းကပြောသည်။

ယခုတကြိမ်တွင် သျှမ်းရိုးရာစျေးပွဲတော်ကို ၃ ရက်ကြာသာကျင်းပမည်ဖြစ်ပြီး နောင်အခါများတွင်အလျဉ်းသင့်ပါက တခြားဒေသများသို့လည်းသွားရောက်ကျင်းပပြုလုပ်မည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...