Wednesday, January 28, 2026

သျှမ်းပြည်နယ် JMC-S နှင့် JMC-L ကိုယ်စားလှယ်များအား ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

သျှမ်းပြည်နယ်အဆင့်နှင့်ခရိုင်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့များအား ဗြိတိသျှသံအမတ်များက တွေ့ဆုံမှုပြုပြီး ဒေသတွင်းဖြစ်ပေါ်နေသည့်အခြေအနေများ ကိုမေးမြန်းခဲ့ကြောင်းသိရသည်။

Photo Credit to JMC- သျှမ်းပြည်နယ် JMC-S နှင့် JMC-L ကိုယ်စားလှယ်များအား ဇွန်လ ၆ ရက် က ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံနေစဉ်

သျှမ်းပြည်နယ် JMC-S နှင့် JMC-L လူထုကိုယ်စားလှယ်များအား ဇွန်လ ၆ ရက် နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ တောင်ကြီးမြို့ကောင်းလွန်းဟိုတယ်တွင် ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်နှင့်အဖွဲ့ကတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံမှုတွင်ပါ၀င်ခဲ့သည့် JMC-L မှ လူထုကိုယ်စားလှယ် ဆရာစိုင်းကျော်လှကပြောသည်။

အချက်အလက်တွေ သူတို့လာမေးတယ်။ ကျနော်တို့ သျှမ်းပြည်မှာ အပစ်ရပ်ပြီးနောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်နေသလဲ။ JMC-L တွေအနေနဲ့ ဘာအလုပ်တွေလုပ်ခဲ့ရသလဲ။ ဘယ်လိုအခက်အခဲတွေရှိသလဲ စသဖြင့် မေးမြန်းသွားပါတယ်။ ကျနော်တို့ကြားသိရသလောက်တော့ JMC လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင် သွားနိုင်ဖို့အတွက်ကူညီထောက်ပ့ံမှုတွေ ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ အချက်အလက်ဘဲကောက်ယူသွားပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အားဖြေကြားခဲ့သည်။

တွေ့ဆုံပွဲသို့ JMC-S (သျှမ်း) ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်စိုးမိုး၊ ကော်မတီဝင်များ ဖြစ်ကြသော ဦးဝင်းတင်၊ ခွန်ကျော်ဆွေ၊ ဒေါ်နန်းခင်စန်းယု၊ JMC-L (လင်းခေး) မှ ကော်မတီဝင်များ ဖြစ်ကြသော ဦးစိုင်းကျော်လှ၊ ဒေါ်နန်းလဲ့လဲ့အေး၊ ဗြိတိသျှသံရုံးမှ Mr. Edward Bell (Second Secretary, Security Sector Advisor – CSSF) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် လေးဦးနှင့် JMC-S (သျှမ်း) ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ကြောင်းသိရသည်။

ကျနော်တို့လုပ်နေတဲ့လုပ်ငန်းတွေကတော့ အခု ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဒေသခံလူထုကို ကွင်းဆင်း တွေ့ဆုံရှင်းလင်းတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေကိုလူထုကို သင်တန်းပေးတယ်။ခုတောင်မှ နမ့်စန်မှာလုပ်နေတယ်သင်တန်း။ လာမယ့်အပတ်ကျတော့ တောင်ကြီးမှာလုပ်မယ်။ အဲတာတွေပေါ့။”- ဟု လည်း စိုင်းကျော်လှ ကပြောသည်။

အလားတူပင် ကရင်ပြည်နယ်တွင်လည်း ကရင်ပြန်နယ်၏ JMC-S နှင့် JMC-L ကိုယ်စားလှယ်များအား ဗြိတိသျှသံရုံးမှ Ms. Jasveen Kakaria (CSSF Program Manager) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် များက ဇွန်လ ရ ရက်နေ့ကတွေ့ဆုံက အချက်အလက်များ မေးမြန်းမှတ်သားကောက်ယူ သွားခဲ့ကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...