Wednesday, January 28, 2026

ထိုင်း မြောက်ပိုင်း ခရိုင် ၉ ခုတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများ၏ကလေးများ စာပေးစာယူ သင်တန်း အပ်နှံလက်ခံနေ

ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၉ ခု တွင် နေထိုင် အလုပ်လုပ်သည့် မြန်မာ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ၏ ကလေးငယ်များ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာ အထက်တန်း စာပေး စာယူ  အတွက် ကျောင်းအပ်လက်ခံကြောင်း သတင်းရရှိသည်။


ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၉ ခု ဖြစ်သည့် ချင်းမိုင်ခရိုင်၊ လမ်းဖွန်း ခရိုင် ၊ လမ်းပန်းခရိုင်၊ အွတ်တရဒစ်ခရိုင်၊ ဖရယ့်ခရိုင်၊ နန့်ခရိုင်၊ ဖရောဝ့် ခရိုင်၊ ချင်းရိုင်းခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်အတွင်းနေထိုင် အလုပ်လုပ်သည့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ၏ ကလေးများ အခြေခံ ပညာစာပေးစာယူ သင်တန်း အပ်နှံလက်ခံကြောင်း ချင်းမိုင်မြို့ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက မတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သူငယ်တန်းသို့ တက်ရောက်သင်ယူခွင့် လျှောက်ထားသူသည် ၂၀၁၉ ခုနစ် မေ ၃၁ ရက်တွင် အသက် ၅ နှစ်ပြည့်ပြီးသူဖြစ်ပြီး၊ မွေးစာရင်းမိတ္တူ တင်ပြရမည် ဖြစ်သည်။

ထို့ပြင် အခြား အတန်းများ အတွက် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် အမြင့်ဆုံးအောင်မြင်ခဲ့သည် အတန်းအထောက်အထား အဖြစ်အောင်လက်မှတ် (သို့မဟုတ်) ကျောက်ထွက်လက်မှတ် တင်ပြရမည် ဖြစ်ကြောင်း နဝမတန်း နှင့် ဒသမတန်း တက်ရောက်ညမ့် သူများအနေဖြင့် စိတ်ကြိုက်ဘာသာတွဲ ၈ခုအနက် မိမိတို့ ရွေးချယ်ထားသည် စိတ်ကြိုက်ဘာသာတွဲကို ဖော်ပြရမည် ဟု ကြေညာချက်တွင် ရေးသားထားသည်။

သင်တန်း ဝင်ခွင့်ရသည့် ကျောင်းသားများသည် (ပြည်ပစာစစ်ဌာန )ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး ပထမ နှစ်ဝက်၊ ဒုတိယ နှစ်ဝက် စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်မှသာ အောင်စာရင်း ထုတ်ပေးမည် ဟုလည်း သိရသည်။

ယမန်နှစ်က ထိုကဲ့သို့သော အခြေခံပညာအထက်တန်းအတွက် စာပေးစာယူ (အဝေးသင်) စနစ်ဖြင့် လျှောက်လွာတင်ခဲ့သည့်ကျောင်းသားများမှာ သူငယ်တန်း ၂ ဦး၊ နဝမတန်း ၂ ဦး နှင့် ဒသမတန်း ရ ဦး ရှိကြောင်း မြန်မာသံရုံး ချင်းမိုင်မြို့က ထုတ်ပြန်သည်။

ယခင်တွင် မြန်မာသံရုံး အသိုင်းအဝန်းမှ ကလေးငယ်များကို သာ ခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရ လက်ထက်မှ စတင်ကာ ပြည်ပ ရောက် မြန်မာ အလုပ်သမား ကလေးများကို လက်ခံလာခြင်းဖြစ်သည်။

နိုင်ငံခြားရောက် မြန်မာ နိုင်ငံသားကလေး များသည် အခြေခံ ပညာစာပေးစာယူ သင်တန်းများအတွက် စာမေးပွဲ ဖြေဆိုရာတွင် ပညာရေး ဝန်ကြီး ဌာန မှ ချမှတ်ထားသည် စာမေးပွဲ စည်းမျဉ်း စည်းကမ်း များကို အတိအကျ လိုက်နာရမည် ဖြစ်ပြီး ပြည်ပစာစစ်ဌာန ချင်းမိုင်မြို့ (မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး) အနေဖြင့်လည်း စာမေးပွဲ စည်းမျဉ်းစည်းကမ်း များအတိုင်းသား ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ UWSA ထိန်းချုပ်နေရာ မြေရှားသတ္တု တူးဖော်သည့်ကိစ္စ တရုတ်နှင့်မြန်မာသံရုံးသို့ ထိုင်းဒေသခံစာပို့၊ လူသောင်းချီ ဆန္ဒထုတ်ဖော်မည်

0
သျှမ်းပြည်အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးပေါင်းထိန်းချုပ် ဒေသတွင် မြေရှားသတ္တု တူးဖော်နေသည့် ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် တရုတ်နှင့် မြန်မာသံရုံးများသို့ ထိုင်းပြည်သူများ စာပေးပို့တောင်းဆိုထားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၁၉ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်...

လားရှိုးတက္ကသိုလ်ရှိ အဝေးသင်စာမေးပွဲများ အားလုံး ရပ်ဆိုင်း။

0
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့‌‌ရှိ လားရှိုးတက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ၂၀၂၃-ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းများ အားလုံး၏ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၁၆ရက် ယနေ့မှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် မှ...

နိုင်ငံကူးလက်မှတ် PJ စာအုပ် ကိုယ်တိုင်သက်တမ်းတိုးရန် ခက်ခဲနေကြ

0
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် PJ စာအုပ်ကို မြန်မာသံရုံးထံ ကိုယ်တိုင်သွားရောက် သက်တမ်းတိုးရာတွင် မကြာခဏ ရက်ရွှေ့မှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၄) ရက်က မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူများ အနေဖြင့် ဖောဖော်ဝါရီလ ၁၃ ရက်တွင်...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကဒ် သက်တမ်းကုန်သူများ ၃ လအချိန် ထပ်တိုးမြှင့် ပေးနေ

0
ထိုင်းနိုင်ငံတွင် အနီရောင်စာအုပ် PJ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများ ၃ လ ထပ်တိုးမြှင့်ပေးနေကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက (ဖေဖော်ဝါရီ ၁၄) ရက်စွဲတွင် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားထဲမှ အနီရောင်စာအုပ် PJ အမျိုးအစား...

တရုတ်နိုင်ငံသို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်ကဒ် ဖြင့် အလုပ်သွားလုပ်ပါက တရားမဝင်

0
တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် အလုပ်သွားလုပ်ပါက တရားမဝင်ကြောင်း မေ ၂ရ ရက်စွဲဖြင့် တရုတ်နိုင်ငံပေကျင်းမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသို့ ယာယီ နယ်စပ်ဖြတ်သန်း ခွင့် လက်မှတ်ဖြင့် နှစ်နိုင်ငံ နယ်စပ် ဝင်၊ထွက် ဂိတ်များမှ ဝင်ရောက်လုပ်ကိုင်ခြင်းသည် တရားမဝင်သည့်အပြင် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း လည်း ဖော်ပြထားသည်။။ တရုတ်ပြည်သူ့...