Wednesday, January 28, 2026

သျှမ်းပြည် လေဆိပ်များတွင် ခရီးသွားများအပေါ် အခကြေးငွေ ပိုကောက်ခံနေ

 

သျှမ်းပြည်နယ် အတွင်းရှိ ပြည်တွင်းလေဆိပ် များတွင် ခရီးသွားပြည်သူများထံမှ အခကြေးငွေ ကောက်ခံမှုများရှိနေကြောင်း ခရီးသွားဧည့်သည်များကပြောသည်။

Photo by Google- ဟဲဟိုးလေဆိပ်အားတွေ့ရစဉ်

သျှမ်းပြည်နယ် နယ်စပ် ဒေသ ဖြစ်သည့် တာချီလိတ် နှင့် လားရှိုး လေဆိပ်သို့ လိုက်ပါသည့် ခရီးသည် များကို လေဆိပ်တွင် အလုပ်လုပ်နေသည့် (ပြင်ပအလုပ်သမား)များက အခကြေးငွေ အပို ကောက်ခံနေကြကြောင်း ထိုကောက်ခံမှု နှင့် ပတ်သက်ပြီး ခရီးသွားများ မလိုလားကြောင်းလည်း တာချီလိတ်ခရီးသည် စိုင်းရွက် က ပြောသည်။

“ လားရှိုးလေဆိပ်မှာ တအိတ်တထောင် ပေးရတယ်။ အခု တာချီလိတ်ပြန်မယ်ဆိုတော့ security scan (လုံခြုံရေး စက်) စတေကာ အတွက် တယောက် တထောင် နဲ့ အိတ်သယ်ခ တယောက်တထောင် ထပ်ပေးရတယ်” ဟု စိုင်းရွက် ကပြောသည်။

ကောက်ခံသည့်ငွေကြေးပမာဏမှာ အနည်းငယ်သာဖြစ်သည်ဆိုကြသော်လည်း တရားဝင်ကောက်ခံခြင်းမျိုး မဟုတ်ဘဲ အိတ်သယ်ခြင်း ၊အိတ်များစောင့်ရွေးခြင်း တို့တွင်ပါမကျန် တောင်းခံနေသည့်အပေါ် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကွင်းဆင်းစစ်ဆေးပေးစေလိုကြောင်း စိုင်းရွက်ကပြောသည်။

“ကျမတို့ ပြည်သူတွေ ကို ဘာမှ မသိဘူးဆိုပြီး ခေါင်းစဉ် အမျိုးမျိုးတပ် ငွေတောင်းကြတယ်။ အိတ်ရွေးတာက စပေးရတာတော့ မဟုတ်သေးဘူး။ တချို့ဆို အိတ်သေးသေးလေးတွေက စ ငွေကောက်တယ်။ နိုင်ငံတကာမှာ တန်ပို ခ ဆောင်ရတာပဲရှိတယ်။ ကျမတို့ သျှမ်းပြည်ကတော့ ရှိသမျှ အိတ်ဖိုးပေးနေရတယ်။ တနေရာတထောင်စီ ဘဲဆိုပေမယ့်လည်း ပေးရတဲ့နေရာတွေများပြီး တရက်ကို လူ ရာချီ သွားလာနေတော့ သူတို့ရသွားတဲ့ငွေက မနည်းဘူး။ ဒီ ပြသနာကို သက်ဆိုင်ရာက သိရက်နဲ့ လွှတ်ထားတာလား ။ လာရောက်စစ်ဆေးအရေးယူပေး စေချင်ပါတယ်။ ” ဟုလည်း ထိုင်းနိုင်ငံသို့အလုပ်သွားလုပ်မည့် ခရီးသည် အမျိုးသမီး နန်းမြ က ပြောသည်။

Photo by LSO Sai -လားရှိုးလေဆိပ်တွင် ခရီးသည်များထံမှ ပိုက်ဆံကောက်နေသည်ကိုတွေ့ရစဉ်

အဆိုပါအပိုပေးဆောင်မှုများသည် တရားဝင်ဆိုပါက အများပြည်သူမှသိရှိရအောင် တရားဝင်အတည့်အလင်းကြေငြာသင့်ကြောင်း လေကြောင်းခရီးသည်များကပြောဆိုနေသည်။

၄င်းကိစ္စနှင့်ပတ်သက်ပြီး တာချီလိတ် လေယာဉ်လက်မှတ် အရောင်းဌာန မှ နန်းချယ်ရီ က အဆိုပါ လေဆိပ်တွင်း အပို အခကြေးငွေတောင်းခံမှုသည် တရားမဝင် တောင်းခံခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ မကောက်ခံရန် မကြာခဏ တားမြစ်ထားသော်လည်း အရေးယူမှု အားနည်းနေကြောင်းပြောသည်။

“ တကယ်တော့လက်မှတ်ထဲမှာ လေဆိပ်ခွန် ပါပြီးပြီ။ ဘာမှ ထပ်ပေးစရာမလိုတော့ဘူး” ဟု လည်း နန်းချယ်ရီ ကဆိုသည်။

ခရီးသွားဧည့်သည်များ အနေဖြင့် လေယာဉ်လက်မှတ် ဝယ်သည့်အချိန်တွင် နိုင်ငံတော် အတွက် အခွန်ခ ပေးဆောင်ပြီးဖြစ်ကြောင်း၊ လက်ရှိ လေဆိပ်တွင် ကောက်ခံသည့် သူများသည် လေကြောင်း အရာရှိ လက်အောက်နှင့် သက်ဆိုင်ကြောင်း လည်း နန်းချယ်ရီ က ဆိုသည်။

သို့သော် လဝက၊ အကောက်ခွန်များ၊ အစိုးရအာဏာပိုင်များမှ ခရီးသွားလူထုအပေါ် ငွေကြေးကောက်ခံမှုများမှာမူ ယခု ၃-၄ နှစ်အတွင်း မရှိသလောက်အထူးလျော့နည်း သွားကြောင်းလည်း တာချီလိတ်-ဟဲဟိုး ပုံမှန်ခရီးသည် ဦးစိုင်းကလည်း ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်ကို ပြန်လည်ပြုပြင်ပြီး မကြာခင်ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများကို ယခုရက်တပတ်အတွင်း ပြန်လည်းပြုပြင်နေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်ရန် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ လေယာဉ်ပြေးလမ်းတွေပြန်ပြင်နေတယ်ဆိုတာ သိရတယ်။ပြန်ပြင်နေတာ‌တော့ ၄...

ကလောမြို့နယ်အတွင်း ဆရာမ ကန်တော့ရန် ဟုဆိုပြီး ငွေကြေးကောက်ခံနေ

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွာတော်ကျေးရွာထဲတွင် ကျောင်းအုပ်ကြီးက ဆရာကန်တော့ရန် ဟုဆိုသည့် ခေါင်းစဥ်ဖြင့် ကျောင်းသား/သူများထံ ငွေကြေးတောင်းခံနေကြောင်း သတင်းရရှိသည်။ အဆိုပါ အောက်တိုဘာလတွင် ပြုလုပ်မည့် အာစရိယ ပူဇော်ပွဲအတွက် ကျောင်းသား/သူများကို တစ်ဦးလျှင် ငွေ (၂,၀၀၀) ကျပ် တောင်းနေကြောင်း သိရသည်။ “ဆရာမကြီးက အာစရိယ ပူဇော်ကြေးဆိုပြီးတော့...

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

0
သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း...

တာကော်တံတားဖြတ်သန်းခ ကောက်ခံမှု ပြုလုပ်ပါက အရေးယူမည်

0
သျှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်း ကို ဆက်သွယ်သည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များ အားငွေကြေး ကောက်ခံမှု ပြုလုပ်ပါက အရေးယူသွားမည် ဟု သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြောဆိုလိုက်သည်။ အဆိုပါ ဖေဖော်ဝါရီ...