Tuesday, January 27, 2026

မြန်မာ၊ သျှမ်းတော် တော်လှန်ရေးစာတမ်းဖြင့် ဗိုလ်ချုပ်ကြီးယွက်စစ် မဟာဘွဲ့ဆွတ်ခူး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် မြန်မာ၊ သျှမ်း တော်လှန်ရေး စာတမ်းဖြင့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့ကို ယမန်နေ့ကဆွတ်ခူးခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ပထုမ်းထားနီး တက္ကသိုလ်တွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့ ဂျန္နဝါရီလ ၂၈ ရက်နေ့က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့်အတူ ထိုဒေသတဝိုက်ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် သျှမ်းပြည်သားရွှေ့ ပြောင်းအလုပ်သမားများက ဘွဲ့နှင်းသဘင်အခန်းအနားသို့ တက်ရောက်ကာ ဗိုလ်ချုပ်ကြီးယွက်စစ်အား အားပေးဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ပင်ခမ်းက – ဥက္ကဌကြီးက ဒီ မဟာဘွဲ့အတွက် ၃ နှစ်တိတိအချိန်ယူ လေ့လာဆည်းပူးခဲ့ပါတယ်။ နိုင်ငံရေးနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မဟာဘွဲ့ဖြစ်ပါတယ်။ ဥက္ကဌကြီးဟာ မြန်မာပြည်နိုင်ငံရေးအခြေအနေ နဲ့ ပတ်တသက်တဲ့ တော်လှန်ရေးခရီး အကြောင်းကို စာတမ်းပြုစုပြီး ဒီမဟာဘွဲ့ရယူခဲ့တာ။ ပညာရေးမှာ တော်တော့ကို စိတ်အားထက်သန်တယ်။ မနားမနေ ကျောင်းချိန် တပတ် ၂ ရက် တလ ၈ ရက် သူမပျက်မကွက်ကျောင်းတက်ပြီး ဒီဘွဲ့ရလာတာပါ- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဖရဥုန်းဆွန်အမည်ရ ထိုင်းတော်ဝင်မင်းသမီးမှ အပ်နှင်းသည့်ဘွဲ့ကို ဗိုလ်ချုပ်ကြီးယွက်စစ် နှင့်အတူ B.A, M.A, Ph.D ဘွဲ့ ဆွတ်ခူးရရှိသူ ၂၈၃၀ ဦးတက်ရောက်လက်ခံပါသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သော်ငြားလည်း – ပညာရေးပိုင်းအတွင် အထူး အားပေးကြောင်း၊ ၄င်းကိုယ်တိုင် ၄င်းလက်လှမ်းမှီသည့် အခြေခံအဆင့် ညကျောင်း၊ စာပေးစာယူကျောင်း၊ အဝေးသင်ကျောင်းများ ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာများလည်းလေ့လာဆည်းပူးသည့်အပြင် တပည့် တပန်းများ၊ ထူးချွန်းသည့်သျှမ်းငယ်မောင်မယ်များ၊ ဘုန်းတော်ကြီးများ ပညာတော် သင်အများ အပြား ထောက်ပံ့ပေးခဲ့သည်။ ၄င်း၏ အထောက်အပံ့အဖြင့် ပညာဆည်းပူးနေသည့် ကျောင်းသား၊ ကျောင်းသူများလည်း အများအပြားရှိနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...