သျှမ်းပြည်တွင်း သျှမ်းအမျိုးသားကျောင်းများအား တပ်မတော် စစ်ဆေးမှု ငြိမ်းချမ်းရေးသရုပ်သကန်မဟုတ်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် ရှုပ်ချ

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ထွန့်ယိမ်းအုပ်စုအတွင်း သျှမ်းအမျိုးသားကျောင်းများနှင့် ဆရာ ဆရာမ များအား အစိုးရ၏ တပ်မတော်မှဝင်ရောက်စစ်ဆေးသည့်အပေါ် ငြိမ်းချမ်းရေးသရုပ်သကန်မမြင်တွေ့ရကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်သည်။

ဂျန္နဝါရီလ ၁၁ ရက်နေ့က ခိုလမ်အခြေစိုက် ရလခတိုင်းမှ ညွှန်ကြားမှုဟုဆိုကာ အစိုးရတပ်မတော် ရလခ ၅၂၅ တပ်မှ အင်အား ၃၀ ခန့်သည် လဲချားမြို့နယ် ထွန့်ယိမ်းအုပ်စု ဖလားလိန်ဆီရွာရှိ သျှမ်းစာပေသင်ကြားသည့် ကိုယ်ထူကိုယ်ထ အမျိုးသားကျောင်းသို့ရောက်ရှိကာ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခုနောက်ပိုင်း အစိုးရရဲ့တပ်မတော်က သျှမ်းပြည်အမျိုးသားကျောင်းက ဘယ်မှာတွေရှိသလဲ။ RCSS/SSA ကထောက်ပ့ံကူညီပေးတဲ့ကျောင်းဘယ်မှာရှိသလဲ လို့စုံစမ်းနေတယ်။ RCSS/SSA က ထောင်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်မှုစခန်းက ဘယ်မှာရှိသလဲ လို့စုံစမ်းနေတယ်။ စစ်ဆေးမှုတွေပြုလုပ်တယ်။ ဒီလုပ်ရပ်တွေက ၂ ဦး ၂ ဖက်ကြားမှာ ယုံကြည်မှုတွေကိုလျော့ပါးစေတယ်။ ဒီဟာတွေက ငြိမ်းချမ်းရေးသရုပ်သကန် မမြင်ရတော့ဘူး- ဟုသျှမ်းသံတော်ဆင့်အားပြောပြသည်။

အစိုးရ၏စစ်ကြောင်းသည် အဆိုပါ အမျိုးသားကျောင်းသို့ရောက်ရှိကာ ကျောင်းဆရာများအား စစ်ဆေးမေးမြန်းအချက်အလက်များကောက်ယူသည့်အပြင် ဆရာရော ကလေးများကိုပါ ဓါတ်ပုံရိုက်ယူသွားကြောင်း၊ သျှမ်းစစ်သားများအကြောင်းကိုပါ မေးမြန်းခဲ့ကြောင်း ကျောင်းဆရာတဦးကပြန်လည်ပြောပြသည်။

၄င်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးယွက်စစ်က – တကယ်ဆိုအဲလိုမလုပ်သင့်ဘူး။ အဲလိုလုပ်ကြေးဆိုရင် ကျေးလက်တောရွာတွေမှာရှိတဲ့ အစိုးရကျောင်းတွေသာမကဘူး မြို့ထဲကကျောင်းတွေကိုပါ ကျနော်တို့ကသွားပြီး တားလို့ရတယ်။ ကျေးလက်ကကျောင်းတွေကိုသူတို့ကအချိန်ပြည့် လုံခြုံရေးသွားယူပေးနေတာမှမဟုတ်တာ- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လဲချားမြို့နယ် ထွန့်ယိမ်းရှိအမျိုးသားကျောင်းအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျေးလက်ရွာသားများနှင့်သံဃာတော်များ စုပေါင်းကာသွားရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျောင်းသူကျောင်းသား ၃၆ ဦး၊ ဆရာ ဆရာမ ၃ ဦးရှိပြီး ကျောင်းသားများအား သချာင်္၊ သမိုင်း၊ အင်္ဂလိပ်စာ၊ သျှမ်းစာနှင့်ဗမာစာသင်ကြားပေကြောင်းသိရသည်။

စစ်တိုင်းရုံးနှင့်နီးစပ်သည့်သတင်းရပ်ကွက်က – ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရလခ စစ်တိုင်းရုံးမှ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က ရလခတိုင်းရုံးလှုပ်ရှားရာ ခိုလမ်၊ လွယ်လင်၊ မိုးနဲ၊ လင်းခေး တဝိုက်ရှိ သျှမ်းအမျိုးသားစာသင်ကျောင်းများစာရင်း ကောက်ယူကာ စစ်ဆေးမှုပြုသွားရန် ဆင့်ဆိုမှာကြားကြောင်း ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...