၁၉၄၇ ပင်လုံမမေ့ဖို့ လက်နက်ကိုင်အင်အားကြီး ၄ ဖွဲ့က ပင်လုံလက်စွဲစာအုပ် မိတ်ဆက်

ပင်လုံကတိကဝတ် ပင်လုံစိတ်ဓါတ်နဲ့ပတ်သက်ပြီး အသေးစိပ်လေ့လာသိရှိရအောင် လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ကနေပြီးတော့ ပင်လုံလက်စွဲစာအုပ်ကို ပြုစုရေးသား ထုတ်ဝေလိုက်ပါတယ်။

ပင်လုံလက်စွဲစာအုပ်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA  ကချင်လွတ်မြောက်ရေးတပ်မတော် KIO ချင်းအမျိုးသားတပ်ဦး CNF တို့ ၄ ဖွဲ့ကနေ အချိန် ၂ နှစ်ကျော်ကြာအချိန်ယူပြီး ဒီ ပင်လုံလက်စွဲစာ အုပ်ကို ပြုစုရေးသားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလတလျှောက်လုံးမှာပါဝင်လာတဲ့ ပြည်ထောင်စုအင်စတီကျုက ဒါရိုက်တာ ဦးခွန်စိုင်းကတော့ -“ ပြည်ထောင်စုကိုပြန်လည်ထူထောင်မယ်ဆိုရင် ပြည်ထောင်စုဆိုတာ  ဘယ်လိုက နေစဖြစ်တာလဲ ဆိုတာကိုပြန်ကြညရမယ်။ ပြည်ထောင်စုဆိုတာ ပင်လုံစာချုပ်ကနေ စဖြစ်လာတယ်။ ပင်လုံကတိ ပင်လုံစိတ်ဓါတ်ကနေစတယ်။ ၁၉၄၇ ဖေဖော်ဝါရီလ မှာ လက်မှတ်ရေးထိုးတဲ့ စာချုပ်က နေ လာတယ်။ ပင်လုံစာချုပ်ကို ကျော်လွှားပြီး ပင်လုံစာချုပ်ကို လျစ်လျုရှုပြီး ပြည်ထောင်စု တည်ထောင် မယ်ဆိုရင်တော့လုံး၀ ရမှာမဟုတ်ပါဘူး။ အဲတာကြောင့် အများပြည်သူကနေ ပင်လုံစိတ်ဓါတ်နဲ့ ပင်လုံကတိကဝတ်တွေသိရအောင် ဆိုပြီး ပင်လုံလက်စွဲစာအုပ်ကို ရေးသားပြုစုရတာဖြစ်တယ်။” – လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ ၂ နှစ်ကြအချိန်ယူ ရေးသား ခဲ့တယ်။ ၂၀၁၉ မတ်လ ၅ ရက်ကနေ ၇ ရက်နေ့အထိ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ PPST အစည်း အဝေးမှာ စာအုပ်စာတမ်းမိတ်ဆက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီစာအုပ်ကို တတ်သိပညာရှင်တော်တော်များများကနေပါဝင်ရေးသားထားတာ လို့ဆိုပါတယ်။

ဒီစာအုပ်မှာ“ဖက်ဒရေးတစ် သျှမ်းပြည်ထောင်စု၊ ကရင်နီပြည် ၊ ချင်းတောင်တန်း၊ ကချင်တောင်တန်းနဲ့ မြေပြန့်သား ဗိုလ်ချုပ်တို့တွေကနေ ပြည်ထောင်စုကိုဘယ်လိုတည်ထောင်လာသလဲ ၊ ဗိုလ်ချုပ် ပေးထားတဲ့ကတိ ၃ ချက်- ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ နောက်တချက်က ငွေကြေး စီရင်ပိုင်ခွင့်ရှိရမယ် ဆိုတာတွေဟာ ကနေ့အထိ ဘာမှဖြစ်မလာသေးတာကြောင့် ပြည်ထောင်စုကြီး ပြိုကွဲခဲ့ရတယ်။ ပြည်ထောင်စုကိုပြန်လည်တည်ဆောက်ချင်ရင်တော့ ဒီအချက် ၃ ချက်ကို မျှတမှုရှိအောင် အကောင်အထည်ဖော်သွားရမယ် ” အစရှိသဖြင့် ပါရှိပါတယ်။

ပင်လုံလက်စွဲစာအုပ်ကိုလက်ရှိမှာတော့ ဗမာဘာသာနဲ့ အင်္ဂလိပ်ဘာသာ ထုတ်ဝေထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...