သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် အစိုးရကိုယ်စားလှယ် နေပြည်တော်တွင်တွေ့ဆုံ

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ သွားရောက်ပြီး အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့နှင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးကြသည်ဟုသိရသည်။

Photo SSPP/SSA-သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် အစိုးရကိုယ်စားလှယ် နေပြည်တော်တွင်တွေ့ဆုံ

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ဒုတိယ ဥက္ကဌ ၂ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်၊ စဝ်နော်လိတ်၊ စဝ်တွန်းခမ်း၊ စဝ်ဘုန်းဟန် နှင့် စဝ်တိန်းခေါင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်အစိုးရ အမျိုးသားပြန် လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ရောက်ရှိပြီး – ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦး သိန်းဇော်၊ ဦးခင်ဇော်ဦး( ဒု.ဗခက ငြိမ်း) ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဇော်ဌေး၊ ဗိုလ်ချုပ်ထွန်းထွန်း နောင်၊ ဗိုလ်ချုပ်မင်းနောင်တို့နှင့် တွေ့ဆုံဆွေးနွေးကြသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန် က ‘ အချက်အလက်တွေနဲ့ သ ဘောတူညီမှုယူပြီးဆွေးနွေးတာတော့မဟုတ်ဘူး။ ဒေသဖွံ့ဖြိုးရေးအတွက်ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ၊ ငြိမ်းချမ်းရေးမှာကတော့ အားလုံးပါ၀င်ရေးမူ စတဲ့ ယုံကြည်မှုတည်ဆောက်တဲ့ တွေ့ဆုံဆွေးနွေးပွဲပါဘဲ၊ ဒီနေ့တော့ NRPC နဲ့ဘဲ နက်ဖြန် တဘက်ခါရုံးပိတ်တော့ ၂၅ ရက်နေ့မှ တပ်မတော် နဲ့ တွေ့မယ် ’- ဟု ပြော သည်။

လွန်ခဲ့သည့် ဇန္နဝါရီလ ၂၅ ရက်နေ့က အစိုးရတပ်မတော်မှ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP အပါ အဝင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကျူးကျော်ထားသည့် တပ်လှုပ်ရှားမှုများအားလုံး ရုပ်ပေးဖို့ သတိပေး ထုတ်ပြန်ထားသည်။ တပ်မတော် နှင့်တွေ့ဆုံမှုတွင် အဆိုပါ ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိသည်ဟု ပြောသည်။

Photo SSPP/SSA-သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် အစိုးရကိုယ်စားလှယ် နေပြည်တော်တွင်တွေ့ဆုံ

ပြီးခဲ့သည့်နှစ် ၂၀၁၈ ခု မေလ ၁ ရက်နေ့ ဦးသိန်းဇော် ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကောင်စီ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ၀မ့်ဟိုင်း ဌာနချုပ်သို့ ရောက်ရှိပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ခေါင်းဆောင်များနှင့်တွေ့သည့်နောက်ပိုင်း ယခုပထမ ဆုံးအကြိမ်ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...