Tuesday, January 27, 2026

နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေအားလျှပ်စစ်စီမံကိန်းမှ ကျန်ရှိကုမ္မဏီများအားလုံးနှုတ်ထွက်ပေးရန် Action for Shan State River တောင်းဆို

နမ္မတူမြစ်ပေါ်တွင်ဆောက်လုပ်မည့်ရေကာတာစီမံကိန်းအတွက် ပါ၀င်ထားသောပြင်သစ်နိုင်ငံ ကုမ္မဏီတခု နှုတ်ထွက်သွားသည့်အပေါ် ၀မ်းသာကြောင်းနှင့် ရေကာတာစီမံကိန်းတွင်ပါ၀င်နေသေးသော ကုမ္မဏီများအားလုံးလည်း နှုတ်ထွက်ပေးပါရန်တိုက်တွန်းကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက်က ထုတ်ပြန်လိုက်သည်။

Photo Sipaw Youth/ နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေကာတာစီမံကိန်း များအား ဒေသခံများက ၂၀၁၇ ခုနှစ်က ဆန့်ကျင်ကန့်ကွက်နေကြစဉ်

ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး – မိမိသည်စီမံကိန်းမှ နှုတ်ထွက်ကြောင်း၊ ထို့အတွက် နာမည်ပျက် (Dirty List) စာရင်းမှပယ်ဖျက်ပေးပါရန် ပြင်သစ်နိုင်ငံ Engie ကုမ္မဏီသည် Burma Campaign UK ထံ ဇန်နဝါရီလက စာပေးပို့သည့်အပေါ် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း၊ စီမံကိန်းရှိသည့်ဒေသသည် အေးချမ်းမှုမရှိသေးသော စစ်ရေးပဋိပက္ခဖြစ်သည့်နယ်မြေဖြစ်ကြောင်း၊ တဖက်တွင်လည်း ရေကာတာလုပ်ငန်းခွင်တွင် မြေပြိုမှုများ ရှိသဖြင့် ရေကာတာကြံ့ခိုင်မှုအတွက်လည်း စိုးရိမ်ရကြောင်းပါရှိပါသည်။

တာ့လုံဒေသခံ နန်းလောဝ်ခမ်းက – “ရေကာတာအလိုမရှိတဲ့ကျမတို့ဒေသခံတွေအတွက် အောင်မြင်မှုတခုဖြစ်ပါတယ်။ ကျန်တဲ့ကုမ္မဏီတွေလည်း နှုတ်ထွက်ပေးဖို့၊ စီမံကိန်းအတွက်ပြင်ဆင်နေတာတွေကိုရပ်တန့်ပေးဖို့တောင်းဆိုချင်ပါတယ်”- ဟု ပြောသည်။

တာ့လုံရွာအနီး နမ္မတူမြစ်ပေါ်တွင် တည်ဆောက်မည့်အဆိုပါ အထက်ရဲရွာရေကာတာ စီမံကိန်းအားလည်းဒေသခံများက အကြိမ်ကြိမ်ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

၂၀၁၈ နှစ်နှောင်းပိုင်းကလည်း နေပြည်တော်အောက်လွှတ်တော်တွင် အထက်ရဲရွာရေကာတာအတွက် ဘတ်ဂျက်တိုးမြှင့်ပေးရေးနှင့်ပတ်သက်ပြီး သီပေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်သည့်အပြင် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက – ဆန့်ကျင်ကန့်ကွက်နေသော ဒေသခံလူထုသည်တခြားအဖွဲ့အစည်းများ၏သွေးထိုးမှုကိုနားယောင်နေသည်- ဟုလည်းပြောဆိုဖြေကြားခဲ့သည်။

လက်ရှိရေကာတာစီမံကိန်းတွင်ပါ၀င်နေသော ကုမ္မဏီများမှာ ဆွိဇာလန်နိုင်ငံ၏ Stucky SA ကုမ္မဏီ၊ ပြင်သစ်နိုင်ငံ၏ IPGRB ၊ တရုတ်နိုင်ငံကုမ္မဏီနှင့် ဂျပန်နိုင်၏ Toshiba ၊ High Tech Concrete Technology Co. Ltd တို့ဖြစ်ကြောင်း အဆိုပါကြေငြာချက်တွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရေကာတာစီမံကိန်း ရပ်တန့်ရေးကိစ္စ ဦးဆောင်သူများကို သက်ဆိုင်ရာ ကခေါ်ယူစစ်ဆေး

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မြစ်ငယ်မြစ်ပေါ်တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် အတွက် ဦးဆောင်လှုပ်ရှားသူ (၄)ဦးကို သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ၂၀၂၀ ခုနစ် အောက်တိုဘာ ၂၇ရက်တွင် သီပေါ၊နမ္မတူ၊ ကျောက်မဲ နှင့် လားရှိုးမြို့နယ် ဒေသခံများ (၂၀၀၀)...

ကျောက်မဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်း အရပ်သား တဦးသေနတ်ပစ်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသွားရာလမ်းတွင် အမည်မသိ လက်နက်ကိုင်မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသားတဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ သြဂုတ် ၁၅ ရက် ည ၈နာရီက ကျောက်မဲမြို့နယ် ရေအားလျှပ်စစ် စီမံကိန်းဘက်အသွားလမ်း လွယ်စောင့်အုပ်စု ကုန်းညောင်ရွာ အနီးတွင် အမည်မသိ လက်နက်ကိုင်...

ရေကာတာနှင့် ဆက်စပ်သည့် IFC အဖွဲ့အစည်းအဝေးတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက်

0
IFC (International Finance) မှ ဦးဆောင်ကျင်းပသည့် “ မြစ်ငယ်မြစ်ဝှမ်း ဒေသပြည့်ဖြိုးမြဲ စွမ်းအင် ဖွံ့ဖြိုးမှုဆိုင်ရာ စုပေါင်းထပ်ဆင့် ထိခိုက်မှု အကဲဖြတ် ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း အစည်းအဝေး” ကို ယနေ့ တောင်ကြီးမြို့ တွင်ကျင်းပစဉ် ယင်းအစည်း အဝေးကို ဒေသခံပြည်သူလုထုများ နှင့်...

လူထုကန့်ကွက်သည့်ကြားမှ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆက်လက်တည်ဆောက်သွားမည်ဟု ပြည်ထောင်စု ဒု-၀န်ကြီးပြော

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်တူမြစ် (ဒုဌ၀တီမြစ် ခေါ် မြစ်ငယ်မြစ်) ပေါ်တွင် ဒေသခံပြည် သူ လူထုမှ ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စုဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် ကပြောဆိုလိုက်သည်။ ဆည်ရေကြောင့် ဒေသခံလူထု နစ်နာဆုံးရှုံးရမည်ဖြစ်သည့်အဆိုပါစီမံကိန်း ရပ်ဆိုင်းနိုင်ရေးအတွက် ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်မှု...