Saturday, May 4, 2024

လူထုကန့်ကွက်သည့်ကြားမှ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆက်လက်တည်ဆောက်သွားမည်ဟု ပြည်ထောင်စု ဒု-၀န်ကြီးပြော

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်တူမြစ် (ဒုဌ၀တီမြစ် ခေါ် မြစ်ငယ်မြစ်) ပေါ်တွင် ဒေသခံပြည် သူ လူထုမှ ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စုဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် ကပြောဆိုလိုက်သည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း

ဆည်ရေကြောင့် ဒေသခံလူထု နစ်နာဆုံးရှုံးရမည်ဖြစ်သည့်အဆိုပါစီမံကိန်း ရပ်ဆိုင်းနိုင်ရေးအတွက် ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်မှု ၊ လူထုသဘောထားကို ထင်ဟပ်ပြီး  သီပေါမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ကျားခေါင်းပါတီမှ စိုင်းသန့်ဇင်က စက်တင်ဘာလ ၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးတင်ပြရာ  စက်တင်ဘာလ ၆ ရက်နေ့က လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာ နဝန်ကြီး ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ‘ ၃၆% ပြီးစီးနေလို့ ဆက်လက်တည် ဆောက်သွားဖို့ ရှိတယ်’ ဖြေကြားသွားသည်ဟု သိရသည်။

ဒုဝန်ကြီးဖြေကြားသွားတာကတော့ – “ အခု အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ပြင်ဆင်ပြီးစီးမှုနှုန်းက ၃၀ ရာခိုင်နှုန်းကျော်ပြီ လို့ပြောတယ်။ ဒါကြောင့် ဆက်ဆောက်သွားမယ်လို့ပြောပါတယ်။ လူထုတင်ပြချက်အရ သဘာ၀ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဆန်းစစ်ထားတဲ့အဖွဲ့က  EIA  – SIA နဲ့ပတ်သက်ပြီး  လူထုကို မရှင်းပြဘူး။ ဆိုတော့ဒီအတွက် အဆိုးအကောင်းမသိရသေးဘူး။ဒါကြောင့် ကျနော့်အနေနဲ့ကတော့ လူထု ရဲ့သဘောထားကိုထင်ဟပ်ပြီးတော့  အဆင့်အဆင့် ဆက်လက်တင်ပြပြီး လွှတ်တော်ထဲကနေ ဆန့်ကျင်ကန့်ကွက်ပေးသွားပါမယ် ”–  ဟု သီပေါမြို့ပြည်သူ့လွှတ်တော်အမတ် စိုင်းသန့်စင် ကပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့က ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်၌ – ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းထားသည့် တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့်  ဒေသခံလူထုနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ၊ ၈.၃.၂၀၁၈ ခုနှစ်က သီပေါ မြို့တွင် ပြုလုပ်သော အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းကြောင့်ရေဝပ် ဧရိယာအတွင်း ကျရောက် မည့် ကျေးရွာများနှင့်ပတ်သက်ပြီး ကျေးရွာများပြောင်းရွှေ့မှုအစီအစဉ်၊ ဒေသခံလူထု လူမှုစီးပွါးရေး ပြသနာများ စုပေါင်းဖြေရှင်း အဖြေရှာဖို့အတွက် အစည်းအဝေးခေါ်ရာတွင် ဒေသခံကျေးရွာသား များအားဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်းမရှိကြောင်း၊ ယခင်က ရွာသားများနှင့်  အကြိမ် ပေါင်းများစွာဆွေးနွေးခဲ့သော်လည်း ယခုအခါ အဖွဲ့အစည်းတချို့၏နားသွေးမှုကြောင့် ကျေးရွာသူကျေး ရွာ သားများဘက်က အခြေအနေတရပ်ပြောင်းလဲသွားခဲ့ကြောင်း – ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ကျောက်မဲမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ မြစ်ငယ်မြစ်တွင်တည်ရှိသော အထက်ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း  အောင်မြင်ပါကရေအားလျှပ်စစ် ၂၈၀ မီကာဝပ်ထုပ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်ပမာဏသည် ရန်ကုန်တိုင်းအတွင်း အသုံးပြုနေသော လျှပ်စစ်ဓါတ်အား ၅ ပုံ ၁ ပုံ ခန့်ရှိသဖြင့် ထိရောက်သည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သည်ဟုဆိုနိုင်ကြောင်း ဒုဝန်ကြီး ကပြော သည်။

“နိုင်ငံရေးပြောင်းလဲသွားပြီဆိုပေမယ့် ကျနော်တို့တွေရချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ မရောက်နိုင်သေးဘူး။ ဒါပေမယ့် တက်လာတဲ့အစိုးရဟာ လူထုရွေးကောက်တင်မြှောက်လို့ အစိုးရဖြစ်လာတာ။ ဒါကြောင့် လူထုအပေါ် သူတို့ဘယ်လောက်အာရုံစိုက်သလဲဆိုတာ အဲဒီအစိုးရရဲ့သမိုင်းဘဲ။ ဥပဒေထဲမှာလည်းရှိပါတယ်။ လူထုအတွက် မည်သည့်စီမံကိန်းကိုမဆို ဆောင်ရွက်တော့မယ်ဆိုရင် ကောင်းကျိုး ဆိုးကျိုးကိုအရင် ကြည့်ရပါမယ်။ ဒါကြောင့်လူထုအနေနဲ့လည်း  အရမ်းကြီးမစိုးရိမ်ပါနဲ့ ။ ဖြေရှင်းဖို့နည်းလမ်း၊ ထွက်ပေါက် ရှိလာပါလိမ့်မယ်လို့တိုက်တွန်းချင်ပါတယ်။ ”– ဟုစိုင်းသန့်ဇင်ကပြောသည်။

အဆိုပါစီမံကိန်းအား ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၀-၂၀၁၁ ခုနှစ်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။ ၂၀၂၀-၂၀၂၁ တွင် လျှပ်စစ်ဓါတ် အားဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article