ပင်လုံမှလွတ်လပ်ရေးရတဲ့ ပြည်ထောင်စု နှစ် ၇၀ ပြည့်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကတည်းက အတူတကွ ဒွန်တွဲနေထိုင်ချင်လို့ လဲချားစော်ဘွား စဝ်ခွန်နွံ ကမကထ ပြုပြီး သျှမ်းပြည်ဖက်ဒရယ်ကောင်စီ ဥက္ကဌကြီး တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်တို့ သျှမ်းပြည်တောင်ပိုင်း လဲချားပြည်နယ် ပင်လုံမြို့မှာ ညီလာခံကြီး တရပ်ကျင်းပခဲ့ပါတယ်။

အဲဒီညီလာခံမရှိရင် ယနေ့ ပြည်ထောင်စုကြီးကလဲ တမျိုးတဖုံ ပုံစံ ရှိနေမှာမလွဲပါဘူး။

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ခေါင်းဆောင်တွေ အားလုံးရဲ့ စိတ်နေစိတ်ထားပြုပြင်ရမယ်၊ မပြုပြင်ဘဲ ဒီတိုင်းသွားနေမယ်ဆိုရင် အထင်ကရ ခေါင်းဆောင်မှ အညတရ ခေါင်းဆောင်ဘ၀ ပြောင်းသွားမှာ မလွဲပါ။

ဘာ့ကြောင့် ဒီလို ပြောဆိုရတာလဲ ဆိုတာ – ယနေ့ မြန်မာခေါင်းဆောင်တွေက တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြည်ထောင်စုကြီးကို ချစ်တဲ့စိတ်နဲ့ တည်ဆောက်ကြဖို့ ပြောပါတယ်။ ကနေ့အထိ အသုံးပြုတဲ့ စစ်အစိုးရ ရဲ့ ဒို့တာဝန်အရေးသုံးပါး တော့လူတိုင်းသိပြီးသားပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် က အထင်ကရ တိုင်းရင်းသား ဆရာတော်တပါးနဲ့ အတူ သံဃာတွေတွေကို ၎င်းရဲ့နေအိမ်ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်အလှူ အဒါန်းပြု ပါတယ်။ အဲဒီအလှူအဒါန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဆရာတော်ဘုရားကနေ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြည်ထောင်စုကြီးချစ်တတ်တဲ့စိတ်မွေးမြူစေတဲ့ တရားဟောကြေားဖို့ တိုက်တွန်း တင်ပြတယ်လို့ ဆိုပါတယ်။

ဒါကိုကြည့်ရင် ဗမာခေါင်းဆောင်တွေက ၎င်းတို့ကလွဲလို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်စု ကြီး ကို မချစ်ဘူး၊ မြတ်နိုးတန်ဖိုးထားမှုမရှိဘူး ဆိုတဲ့ စိတ်ထားစွဲကပ်နေတယ် ဆိုတာ ပြသ လိုက်တာပါဘဲ။

ထို့အတူ တိုင်းရင်းသားခေါင်းဆောင်တွေကလဲ ဗမာခေါင်းဆောင်တွေလုပ်ရပ်ဟာ သဘောထားသေး သိမ်တယ်၊ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားတွေရဲ့ရေမြေတွေကအစ ဆုံးဖြတ်ပိုင်ခွင့်အဆုံး အားလုံးချုပ်ခြယ် လက်ဝါးကြီးအုပ်နေတယ်လို့ ယုံကြည်နေကြပါတယ်။ လက်တွေ့မှာလဲ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုကို ဗမာခေါင်းဆောင်တွေက လဲ ပေးမထားပါဘူး။

သျှမ်းပြည်မြို့တော် တောင်ကြီး မှာ သျှမ်းလူမျိုးတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ မရဘူးဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ လူထု သဘောထားရယူဖို့လည်း တပ်အင်အားနဲ့ လိုက်လံဟန့်တားပါတယ်။ တကယ်တော့ လုပ်ခွင့်ပေးရင် ဘာဖြစ်မလဲ။ မပေးလုပ်ရင်ကော ဘာတွေဖြစ်သွားနိုင်သလဲ။ ဖြစ်လာနိုင်မယ့်ရလာဒ်ကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

အဲလိုမဟုတ်ဘဲ လူထု ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကလည်း တပ်မတော် သဘောထား အတိုင်း မီးလောင်ရာ လေပင့် လုပ်ဆောင်နေရင်တော့ ဗမာခေါင်းဆောင်တွေအပေါ် ယုံကြည်မှုက ပိုမိုပျက်ပြယ် စေတာအမှန်ပါဘဲ။

အမှိုက်ကအစ ပြဿာဒ်မီးလောင် တတ်တယ် ဆိုတဲ့အတိုင်း အခုလိုဖြစ်နေတဲ့ ခံယူချက် ခံစားချက်တွေ အတူတကွ၊ လက်တွေ့ကျကျ ဖြေရှင်းမသွားဘူး ဆိုရင် တိုင်းပြည်နစ်နာချက်ပိုများစေမှာ မြေကြီးလက်ခတ်လွဲမှာ မဟုတ်ပါဘူး။

၂၁ ရာစု ပင်လုံညီလာခံဆိုပြီး ပင်လုံကတိကဝတ်တွေ ပြန်မပြောရဲတဲ့အဖြစ်၊ ပင်လုံအနှစ်သာရ ဆိုပြီး ပင်လုံစာချုပ်ကို ပြန်လည်မဖေါ်ဆောင်ရဲတဲ့အဖြစ်၊ ပြည်ထောင်စုကို ပင်လုံစိတ်ဓါတ်နဲ့ ထူထောင်မယ် ဆိုပြီး ၁၉၄၇ ပင်လုံစာချုပ်ကို အခြားသောစာချုပ်တွေနဲ့ အစားထိုးလိုတဲ့ စိတ်ထားမွေးမြူပြီး ဗိုလ်ချုပ်အောင် ဆန်းပေးထားတဲ့ကတိတွေ ပြန်လည်ပေးဆပ်လိုတဲ့ သတ္တိမရှိသရွေ့၊ ပြည်ထောင်စုမပြိုကွဲဖို့ စာချုပ် ပေါင်း ထောင်သောင်းမက ချုပ်ဆိုလက်မှတ်ထိုးစေကာမူ တိုင်းပြည်နာလံထူ နိုင်မည်မဟုတ်ပါ။

နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့မှစလို့ လွတ်လပ်တဲ့ ပြည်ထောင်စုကြီးကို လွတ်လပ်တဲ့ ပြည်ထောင်စုသား လူမျိုးတိုင်းတန်းတူညီမျှစွာနဲ့ လွတ်လွတ်လပ်လပ်လက်တွဲဝိုင်းရံ နိုင်ကြပါစေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ပုံးအင်းဒေသ ဆန်စပါးဈေးနှုန်း ကျဆင်း၊လယ်သမားများ အရှုံးပေါ်နေ

0
သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။ လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

0
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...