ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲပေးရန် စစ်ကော်မရှင် ထုတ်ပြန်

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပရန် ကြေညာထားလျက်ရှိရာ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း သြဂုတ် ၂၃ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာသည်။

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်များကို ဖော်ပြပြီး သက်ဆိုင်ရာသံရုံးသို့ ပေးပို့တောင်းဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“မဲပေးဖို့က ဆန္ဒမရှိဘူး၊ အခုကတဖက်သတ်ကြီး ဖြစ်နေတာ။ သူတို့လုပ်ပုံက တရားမျှတမှုမရှိဘူး” ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကြိုတင်မဲပေးရန် တောင်းဆိုသူ၏ ပြည်တွင်းနေရပ်လိပ်စာအပြည့်အစုံအပါအဝင် လက်ရှိရောက်နေသည့် နိုင်ငံတွင် နေထိုင်သည့် လိပ်စာများကိုပါဖြည့်စွက်ရမည့် ပုံစံ (၁၅) ၌ အချက်အလက်ဖြည့်ပြီး သြဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၈ ရက်ထိ သံရုံးများသို့ ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်းလုပ်သမား ၂ ဒသမ ၃ သန်းရှိသည့် ထိုင်းနိုင်ငံတွင် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအား ပူးပေါင်မည်မဟုတ်ကြောင်း အလုပ်သမားများက ပြောသည်။

“မဲပေးဖို့ ဆန္ဒမရှိပါဘူး။ မတရားတဲ့ရွေးကောက်ပွဲဖြစ် စစ်အာဏာရှင်စိတ်ကြိုက်ချယ်လှယ်တဲ့ ရွေးကောက်ပွဲလည်းဖြစ်တယ်။ နောက်တခုက အတိုက်ခံအင်အားစုတွေမပါတဲ့ ရွေးကောက်ပွဲဖြစ်လို့ မပေးချင်တာ” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

International Organization for Migration ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသား ၄ သန်းကျော်ရှိသည့်အနက် ထက်ဝက် ( ၂ ဒသမ ၃ သန်း) ကျော်မှာ ရွေ့ပြောင်းလုပ်သားအဖြစ် တရားဝင် မှတ်ပုံတင်ထားကြောင်း သိရသည်။

သို့သော် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲ မပေးပါက လက်ရှိနေထိုင်ခွင့် ကိစ္စရပ်များနှင့် ဆက်နွယ်၍ ဗီဇာသက်တမ်းမတိုးပေးမှာကိုလည်း စိုးရိမ်နေရကြောင်း အလုပ်သမားများက ပြောသည်။

“အများကြီးစိတ်ပူရတာပေါ့၊ သူတို့ကို စာရင်းလာပေးထားတဲ့သူတွေလောက်ပဲ သက်တမ်းတိုးခွင့်ပေးမယ်။ မပေးတဲ့ သူတွေကို သက်တမ်းတိုးခွင့်မပေးဘူး၊ နည်းလမ်းပေါင်းစုံနဲ့ သူတို့ကို ဆန့်ကျင်တဲ့သူတွေကို နှိပ်ကွပ်မှာပဲ။ အခုဘတ်ရိုက်ထားတဲ့သူတွေက လာမယ့် ၃ လပိုင်းဆို သက်တမ်းကုန်ပြီး။ ၁၂ လပိုင်းမှာ လုပ်မယ်ဆို ကျန်တဲ့ ၃ လက ဘယ်သူကပေးတယ်၊ မပေးဘူးဆိုတာ စာရင်းအတိအကျထွက်လာနိုင်တယ်” ဟု မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ထပ်လောင်းပြောသည်။

ချင်းမိုင်ကောင်စစ်ဝန်

ထို့ပြင် စစ်ကော်မရှင်သည် မဲမပေးသူအား သက်တမ်းမတိုးပေးရန် ထိုင်းအစိုးရကို ဖိအားတောင်းဆို လာနိုင်သဖြင့် အလုပ်သမားများ ထိုင်းနိုင်ငံတွင် နေထိုင်ရန်အတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပပြုလုပ်သွားမည်ဟု ပြီးခဲ့သော သြဂုတ် ၁၈ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

အဆိုပါ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမည့် စစ်ဆင်ရေး ကိစ္စများကိုလည်း သြဂုတ် ၁၂ ရက်နေ့ အစည်းအဝေးတွင် စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (ERO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော မြို့နယ်များကို မြို့ပေါ်နေရာ အနည်းငယ်ကို သိမ်းပိုက်ရရှိသည်ဖြစ်စေ ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်အရေအတွက် ကိန်းဂဏန်းတိုးမြှင့်နိုင်သမျှ တိုးမြှင့်နိုင်ရေး ကြိုးပမ်းကြရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲ ဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အလားတူ လွှတ်တော်အစည်းအဝေး အထမြောက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၈၅)အရ ပထမဆုံးလွှတ်တော် အစည်းအဝေးကျင်းပရာ၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်မည်ဟု ဖော်ပြထားသည်။

ပထမအစည်းအဝေး အထမမြောက်ပါက ဒုတိယအကြိမ် အစည်းအဝေး၌ လွှတ်တော်တက်ရောက် ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး ၃ ပုံ ၁ ပုံ တက်ရောက်ပါက ဒုတိယအကြိမ် အစည်းအဝေး အထမြောက်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...