ရမခ စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူး မိသားစုများ လားရှိုးမှာ နေပြည်တော်သို့ ထွက်ပြေး

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိုင်းမှူး တို့၏ မိသားစုများ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) က လားရှိုးမှ နေပြည်တော်သို့ ထွက်ပြေးသွားသည်ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။

လားရှိုးမြို့ အခြေစိုက် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ဒုတိုင်းမှူးနှင့် သျှမ်းပြည်နယ် ဝန်ကြီး တစ်ဦး၏ မိသားစုဝင်များ ရဟတ်ယာဥ်ဖြင့် နေပြည်တော်သို့ ထွက်ပြေးခြင်း ဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၅ ရက်) တွင် ပြောဆိုသည်။

“တိုင်းမှူးနဲ့ ဒုတိုင်းမှူး မိသားစုတွေ၊ လားရှိုးမှာ နေထိုင်နေတဲ့ သျှမ်းပြည်နယ် ဝန်ကြီးတစ်ဦးရဲ့ မိသားစုဝင်တွေ နေပြည်တော် ရွှေ့ထားပါတယ်။ ရမခ လည်း ဒရုန်းကော ရှော့တိုက်ဒုံးနဲ့ကော တိုက်ခိုက်ခံနေရတော့ မလုံခြုံတော့ပါဘူး။ မနေ့က ရှော့တိုက်ဒုံး တစ်လုံးကျတာ အထိအခိုက်ရှိတယ်လို့ သိရပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

လားရှိုးမြို့

ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်စိုးတင့် (တေဇ-၁၆) သည် ပြီးခဲ့သည့် “၁၀၂၇” စစ်ဆေးရေး ပထမပိုင်း စစ်ရပ်စဲသည့် ဇန်နဝါရီလ အတွင်းက ရမခ တိုင်းမှူး အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပြီး မင်းအောင်လှိုင် အားကိုးသူ တစ်ဦး ဖြစ်သည်။

ယမန်နေ့က လားရှိုးမြို့တွင်းမှ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သကဲ့သို့ ညီနောင်မဟာမိတ်တပ်များက ဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် တန်ပြန်တိုက်ခိုက်ရာ မြို့နေ ပြည်သူများ ထိခိုက် သေဆုံးမှုများစွာ ရှိခဲ့သည်။

ယင်းနောက် ယမန်နေ့ ညပိုင်းက တိုက်ပွဲသံများ ငြိမ်သက်ခဲ့ရာ ယနေ့ မနက်ပိုင်းအထိ ငြိမ်သက်နေသည်ဟု မြို့ခံများက ပြောသည်။

လက်ရှိ မြို့ခံ အများအပြား လားရှိုးမြို့မှ ထွက်ခွာရန် ကြိုးစားနေကြပြီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ အနေဖြင့် ပြည်သူများကို လမ်းဖွင့်ပေးရန်၊ လမ်းခရီးနှင့် ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေသဖြင့် တိကျ သေချာသည့် လမ်းကြောင်း သတင်းများ ဖော်ပြပေးရန် လိုလားကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...