‘ဝ’ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကျင်းပ၊ NUG နှင့် ညီနောင်မဟာမိတ် သဝဏ်လွှာပေးပို့

သျှမ်းပြည် ပန်ဆန်း(ပန်ခမ်း)မြို့နှင့် ဟိုပန်မြို့တို့တွင် “ဝ” ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၁၇ ရက်တွင် ကျရောက်သည့် သျှမ်းပြည်အထူးဒေသ(၂) “ဝ” ငြိမ်းချမ်းရေး တည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်ဆန်း(ပန်ခမ်းမြို့)တွင် ကျင်းပသည့် အခမ်းအနားသို့ ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သော မဟာမိတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့က သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

“ကျနော်တို့ ညီနောင်မဟာမိတ်တချို့ တက်ရောက်တာ ရှိတယ်ပေါ့နော်။ ဒီလိုတော်လှန်ရေးနေ့က ပုံမှန်ကျင်းပနေကျပါ၊ တခြားထူးခြားမှုတော့ မရှိပါဘူး”ဟု ‘ဝ’တပ်ဖွဲ့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

စစ်ကောင်စီဘက်မှ ပန်ဆန်းမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ကိုယ်စားလှယ်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ စတင်တည်ထောင်ချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့သည်ကို ဂုဏ်ယူကြောင်း ဖော်ပြထားသည်။

ထို့အပြင် NUG အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ‘ဝ’တပ်ဖွဲ့ UWSA နှင့် လက်တွဲဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဆိုထားသည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး”အတွင်းက ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထံ လွှဲပြောင်းပေးခဲ့သည့် ဟိုပန်မြို့တို့တွင်လည်း ၃၅ နှစ်မြောက် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ၎င်းအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ‘ဝ’ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်သည့် ပုံစံသည် အခြားသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအတွက် စံနမူနာ တစ်ခုဖြစ်ပြီး ပြည်တွင်းစစ်တွင် အမြဲတမ်း ကြားနေခဲ့သည့်အတွက် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်နေကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လတွင် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် သံလွင်မြစ်မှ မိုင်းကျက်ကျေးရွာအထိ ၁၀ မိုင်ကျော် အကွာအဝေးရှိသည့် လမ်းကို ‘ဝ’တပ်ဖွဲ့ UWSA က ဖောက်လုပ်လာပြီး သံလွင်မြစ် အနောက်ခြမ်းတွင် ခြေကုပ်ရယူရန် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

စေ့စပ်ဆွေးနွေးရေး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာလား

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ယူနီဖောင်းချွတ် အစိုးရအသွင်ပြောင်းရန် စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေစဉ် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

လောက်ကိုင်ဆွေးနွေးပွဲ ရလဒ်မထွက်သေး၊ နမ့်ခမ်းတွင် ပုံမှန်လည်ပတ်နေဟု TNLA ပြော

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစုံတရာ မထွက်သေးကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၇) ရက်မှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဗဟို ခေါင်းဆောင်များ...