Thursday, May 2, 2024

တရုတ်နိုင်ငံသား ၁ သောင်းနီးပါးကို တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပြီးဟု စစ်ကောင်စီပြော

Must read

မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်သော တရုတ်နိုင်ငံသား ၁ သောင်း နီးပါးကို တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၈ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၈,၈၂၃ ဦး၊ အမျိုးသမီး ၁,၀၈၅ ဦး စုစုပေါင်း ၉,၉၀၈ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဉပဒေနှင့်အညီ လိုအပ်သည့် စီစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်အစိုးရထံသို့ လွှဲပြောင်းခဲ့ကြောင်း ဆိုသည်။

အလားတူ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်) တွင်လည်း မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသား အမျိုးသား ၅၁၁ ဦး၊ အမျိုးသမီး ၂၀၃ ဦး စုစုပေါင်း ၇၁၄ ဦးကို တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

တစ်ဖက်တွင် မြန်မာ – တရုတ်နယ်စပ်တလျှောက်မှာ တိုက်ပွဲပြင်းထန်နေပြီး တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကြေညာထားချိန်မှာပဲ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး အလည်အပတ်ခရီးနှင့် ပင်လယ်ပြင် လေ့ကျင့်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ရေယာဉ် သုံးစင်းနဲ့အတူ အရာရှိ၊ စစ်သည်များအား ရန်ကုန်မြို့ထဲသို့ လေ့လာခြင်း၊ ပင်လယ်ပြင် လက်တွေ့လုပ်ငန်း အတွက် ဆွေးနွေးမှုများပြုလုပ်ခြင်း စသည့်လုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article