ကျိုင်းတုံမှာသျှမ်းပါတီက အနိုင်ရစေချင်တယ်

ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်၂ မှာ ယှဉ်ပြိုင်ဖို့ ကျားဖြူပါတီကနေပြီး ကျနော် စည်းရုံးရေးဆင်းပါတယ်။ ကျနော် နဲ့ ဦးသောင်းစိန် ပေါ့။

ကျနော်တို့ ကျိုင်းတုံကျားဖြူက တခြားဒေသ တခြားပါတီတွေနဲ့မတူတာတချက်က ကျနော်တို့ဒီအတွက်က ဘတ်ဂျက်သိပ်မရှိဘူး။ ကျနော်တို့ ၂ ယောက်က မော်တော်ဆိုင်ကယ်နဲ့ဘဲသွားတယ်။ ကျနော်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း၊ ဦးသောင်းစိန်က သျှမ်းပြည်အရှေ့ပိုင်းကျားဖြူပါတီရဲ့ ဗဟိုကော်မတီဝင်လေ။ နေရာအနှံ့တော့ဆင်းခဲ့ပါတယ်။ တာဝန်လည်းကျေအောင်လုပ်ခဲ့ပါတယ်။

အောင်နိုင်ရေးအတွက်လည်း အတတ်နိုင်ဆုံးလုပ်ခဲ့ပါတယ်။ ဒါမယ့် ကားနဲ့မသွားတာတခုပါဘဲ။ ကားနဲ့သွားရင် စားရိတ်က ပိုကြီးမယ်လေ။ လူတွေကမေးတယ်ကျနော်တို့ကို။ ဘာကြောင့် ၂ ယောက်ဘဲလာတာလဲ ။ သူများပါတီတွေလိုဘာကြောင့်လူအင်အားမများတာလဲလို့မေးကြတယ်။ ကျနော်ပြောလိုက်တယ်။ သူများတွေလူ အများကြီးလာလဲ ၂ ယောက်ဘဲဟောတာဘဲ။ ကျနော်တို့ ၂ ယောက်ဘဲလာလည်း ၂ ယောက်ဘဲဟောတာဘဲ။

အကောင်းဘက်ကတွေးရင်ကျနော်တို့လူမများတာ ဒေသခံတွေ ရွာသားတွေကျနော်တို့ကို အများကြီးမပြုစု ရတော့ သက်သာတာပေါ့ လို့ပြောလိုက်တယ်။

အခုဒီကြားဖြတ်ရွေးကောက်ပွဲကို ကျနော်တို့လေ့လာမိသလောက် ကျိုင်းတုံကလူတွေက သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ သူတို့ကမေးတယ်။ ဘာကြောင့်ကျနော်တို့က မဲထည့်ရမလဲ။ ၂၀၁၅ တုန်းကတခါ ထည့်ပြီးပြီဘဲ။ ပြီးတော့ အရင်တုန်းကလိုလည်းမဟုတ်ဘူး။ ကျိုင်းတုံတမြို့လုံးမှာမှကျနော်တို့ဘဲ မဲထည့် ရမှာ ဘာကြောင့်လဲ ဆိုပြီးမေးတဲ့လူတောင်ရှိတယ်။ သဘောက လူထုက ဒီနိုင်ငံရေးတွေမှာ ဒီအပိုင်းတွေ မှာ နားလည်မှုအရမ်းအားနည်းနေတယ်။

၂၀၁၅ တုန်းကလည်း မဲလာထည့်တာ ၅၅ ရာခိုင်နှုန်းဘဲရှိတယ်။ အဲ့တုန်းကလည်း ဒီနယ်မှာ မဲဆန္ဒရှင် ၅ သောင်းကျော်ရှိတယ်။ သျှမ်းက ၃၈ ရာခိုင်နှုန်းရှိတယ်။ လူဦးရေ ရ သောင်းကျော်တယ်။ အခါဆိုရင် ၁၈ ရယ်ခိုင်နှုန်းရှိတယ် လူဦးရေအရဆိုရင် ၄ သောင်းကျော်ရှိတယ် ။ သျှမ်းက လူဦးရေအများဆုံး ဒါမယ့် သူများကိုရှုံးနေတာဘဲ။ သမိုင်းကိုပြန်ကြည့်လိုက်။

သျှမ်းပါတီဆိုရင် ၁၉၉၀ တုန်းကလည်း ကျားခေါင်း ပါတီတခုဘဲပြိုင်တယ်။ ကျိုင်းတုံမှာ။ မအောင်ဘူး။ ၂၀၁၀ – ကျားဖြူပါတီတခုတည်းပြိုင်တယ်။ မအောင်ဘူး။ ကျိုင်းတုံမှာ။

၂၀၁၅ ကျတော့ ကျားဖြူ ကျားခေါင်းအပြင် မင်္ဂလာစည်တော် ဆိုတာရှိလာပြန်တယ်။ ၃ ခု။ အဲဒီမှာ ပါဆန့်တိတ်ကိုပြန်ကြည့်မယ်ဆို၇င် ကျားခေါင်းပါတီဆိုရင် ရ ရာခိုင်နှုန်းဘဲရှိတယ်။ ကျားဖြူဆိုရင် ၆ ရာခိုင်နှုန်းဘဲရှိတယ်။ မင်္ဂလာစည်တော်ဆိုရင် ၃ ရာခိုင်နှုန်းဘဲရှိတယ်။ လူဦးရေနဲ့တွက်မယ်ဆိုရင် မဲလာထည့်တာက သျှမ်းက ၁၆ ရာခိုင်းနှုန်းဘဲရှိတယ်။ ကြံ့ဖွံ့က ၄၀ ရာခိုင်နှုန်းနဲ့အနိုင်ရတယ်။ အဲန်အယ်ဒီက ၃၀ ရာခိုင်နှုန်းရတယ်။ အဲတာဘာကြောင့်လဲ။ သျှမ်းက စည်းလုံးမှုမရှိဘဲ ကွဲပြီးရင်းကွဲနေ လို့ဘဲဖြစ်တယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမှာဝင်ပြိုင် မယ့်ပါတီက ၆ ပါတီရှိတယ် ။ သျှမ်းက ၂ ပါတီဖြစ်နေ တယ်။ ပြီးတော့ ကိုယ်စားလှယ်လောင်းတွေဟာ သျှမ်းလူမျိုးက ၂ ယောက်ဘဲရှိတယ်။ ကျန်တာက အဲန်အယ်ဒီဆိုရင်ဒေါက်တာဝဏ်ဏစိုး၊ ကြံ့ဖွံ့ကဝင်ပြိုင် မှာက လားဟူ၊ အခါပါတီကလည်း အခါလူမျိုးပါ။

ဒါကြောင့် ကျနော်စည်းရုံးရေးဆင်းတုန်းကလည်း ဒေသခံလူထုကိုပြောလိုက်ပါတယ်။ ကျားဖြူ ကျားခေါင်း တွေ ခွဲမနေပါနဲ့တော့ ။ စည်းလုံးညီညွတ်စွာဖြင့် သျှမ်းတယောက်ကိုဘဲ စုပေါင်းမဲထည့်လိုက်ပါ။ အဲလိုဆိုရင် ကျနော်တို့သျှမ်းက အနိုင်ရပါလိမ့်မယ် – လို့ပြောလိုက်ပါတယ်။ သျှမ်းကိုအနိုင်ရစေချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...