Thursday, January 29, 2026

ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ခရီးသည်တင်ယာဥ် ချောက်ထဲထိုးကျ ၉ဦးဒဏ်ရာရ။

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် ခရီးသည်တင် အန်စာတုံးအမျိုးအစားယာဉ်တစ်စီးသည် ယနေ့ (အောက်တိုဘာ ၂၂)ရက် နံနက် အစောပိုင်းတွင် ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ခရီးသည်ယာဥ်ချောက်ထဲကျ

ယနေ့ (အောက်တိုဘာလ ၂၂) ရက် နံနက်အစောပိုင်း ၂နာရီဝန်းကျင် တွင် မန္တလေး-ပြင်ဦးလွင်လမ်းပေါ် မိုင်တိုင်အမှတ်(၁၈/၁) အနီး၌ ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ပြေးဆွဲ‌နေသည့် ခရီးသည်တင်ယာဉ် အန်စာတုံးအမျိုးအစား ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ ပေ၅၀ခန့်အနက်ရှိသည့် ချောက်ထဲသို့ တိမ်းမှောက်ထိုးကျသွားခဲ့ပြီး ခရီးသည် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ကားမှောက်တဲ့အချိန်က လူခြေတိတ်ချိန်ကြီးဖြစ်တာ၊ ကျနော်တို့ အဖွဲ့ထံ ဖုန်းဝင်လာတာနဲ့ ချက်ချင်းလာခဲ့လိုက်တာပါဘဲ အရှိန်နဲ့ ကျတာဆိုတော့ ထိခိုက်ဒဏ််ရာရသူ‌ များတယ် ကလေးတစ်ဦးလည်းပါတယ်”လို့ ပရဟိတအသင်းသားတစ်ဦးက ဆိုသည်။

ခရီးသည်ယာဥ်ချောက်ထဲကျ

အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက် ချောက်ထဲထိုးကျခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၇ဦး စုစုပေါင်း၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ချောက်ထဲမှ အပေါ်သို့ ပြန်လည်ကယ်ဆယ်ကြရာတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)၊ ချမ်းမြသာစည်၊ ချမ်းအေးသာဇံ မြို့နယ်တို့ရှိ ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ် ၄စီးဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကောင်စီမှ ခရီးသည်ယာဥ် ကုန်စည်တင်ဆောင်ရန် ကန့်သတ်

0
သျှမ်းပြည်တော်ကြီးမြို့နယ်တွင် ခရီသည်တင်ယာဉ်များ ကုန်စည်တင်ဆောင်ခြင်းနှင့်ပတ်သတ်၍ ကုန်ပစ္စည်းများကို အဆမတန် တင်ဆောင်ခြင်းမပြု ကန့်သတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ခရီသည်တင်ယာဉ်များ ကုန်စည် တင်ဆောင်ခြင်းမှုများ ကုန်ပစ္စည်းများကို အဆမတန်တင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းပူပေါင်းအဖွဲ့များက ပြစ်မှုအလိုက်ဒဏ်များနှင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ...

လမ်းမြေညှိယာဉ်တစ်စီး ချောက်ထဲကျ အမျိုးသားတစ်ဦးသေဆုံး

0
သျှမ်းပြည် တာချီလိတ်မြို့တွင် လမ်းမြေညှိယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲကျပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် တာချီလိတ်မြို့ အဝင် ဖားဟိရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်) ည ၅ နာရီခွဲကျော်၌ လမ်းမြေညှိယာဉ် တစ်စီး အရှိန်လွန်၍ ချောက်ထဲကျကာ အမျိုးသားတစ်ဦး သေဆုံးပြီး...