မိုးဗြဲ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၂၀ ကျော်သေဆုံး၊ PDF ဘက် ၄ ဦး ကျဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး သေဆုံးပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – Credit လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားသည့် ရဲဘော်

ယမန်နေ့ (ဇွန်လ ၁၁) ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဘက်မှ အဝေးပစ် လက်နက်ကြီးကို အသုံးပြုပြီး အလုံး (၁၀၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲကြား ပူးပေါင်းတပ်ဖွဲ့ PDF ဘက်မှ ရဲဘော် ၄ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီဘက်မှ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ကြောင်း MBPDF မှ ယမန်နေ့ ဇွန် (၁၁) ရက်တွင် ထုတ်ပြန်ထားသည်။

Photo – Credit လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားသည့် ရဲဘော်

“ ဒီရက်ပိုင်းမှာ တိုက်ပွဲက တော်တော်လေး ပြင်းထန်တယ်။ လက်နက်ကြီးတွေထုတာ မြေတွေတောင်တုန်တယ်။ နှလုံးရောဂါသမား နဲ့ သက်ကြီးရွယ်အိုတွေ အခန့်မသင့်ရင် သေမှာ။ လက်နက်ကြီးရဲ့ ပြင်းကန်အားက တအားကို ပြင်းတယ် “ ဟု မိုးဗြဲမြို့အတွင်း ရောက်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြင်းထန်စွာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲကြား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF မှ ရဲဘော် ၁ ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03 မှ ရဲဘော် ၂ ဦး နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF မှ ရဲဘော် ၁ ဦး စုစုပေါင်း ရဲဘော် ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် အနီးတဝိုက် နှင့် မိုးဗြဲ – ပီကင်းလမ်းပေါ် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် MBPDF မှ ထုတ်ပြန်ချက်၌ သတိပေးထားသည်။

အလားတူ ဇွန်လ ၁၀ ရက်တွင်လည်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ နှင့် ဒေသခံတော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စနိုက်ပါ လက်ဖြောင့် ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း MOBYE PDF 2 မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...