Wednesday, January 28, 2026

မိုးဗြဲ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၂၀ ကျော်သေဆုံး၊ PDF ဘက် ၄ ဦး ကျဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး သေဆုံးပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – Credit လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားသည့် ရဲဘော်

ယမန်နေ့ (ဇွန်လ ၁၁) ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဘက်မှ အဝေးပစ် လက်နက်ကြီးကို အသုံးပြုပြီး အလုံး (၁၀၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲကြား ပူးပေါင်းတပ်ဖွဲ့ PDF ဘက်မှ ရဲဘော် ၄ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီဘက်မှ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ကြောင်း MBPDF မှ ယမန်နေ့ ဇွန် (၁၁) ရက်တွင် ထုတ်ပြန်ထားသည်။

Photo – Credit လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားသည့် ရဲဘော်

“ ဒီရက်ပိုင်းမှာ တိုက်ပွဲက တော်တော်လေး ပြင်းထန်တယ်။ လက်နက်ကြီးတွေထုတာ မြေတွေတောင်တုန်တယ်။ နှလုံးရောဂါသမား နဲ့ သက်ကြီးရွယ်အိုတွေ အခန့်မသင့်ရင် သေမှာ။ လက်နက်ကြီးရဲ့ ပြင်းကန်အားက တအားကို ပြင်းတယ် “ ဟု မိုးဗြဲမြို့အတွင်း ရောက်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြင်းထန်စွာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲကြား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF မှ ရဲဘော် ၁ ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03 မှ ရဲဘော် ၂ ဦး နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF မှ ရဲဘော် ၁ ဦး စုစုပေါင်း ရဲဘော် ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် အနီးတဝိုက် နှင့် မိုးဗြဲ – ပီကင်းလမ်းပေါ် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် MBPDF မှ ထုတ်ပြန်ချက်၌ သတိပေးထားသည်။

အလားတူ ဇွန်လ ၁၀ ရက်တွင်လည်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ နှင့် ဒေသခံတော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စနိုက်ပါ လက်ဖြောင့် ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း MOBYE PDF 2 မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...