Thursday, January 29, 2026

သျှမ်းပြည်အတွင်း ၁ နာရီ မိုင်၄၀ နှုန်းဖြင့် မိုခါမုန်တိုင်း ဝင်ရောက်လာနိုင်

သျှမ်းပြည်အတွင်း အားလျော့သည့် မိုခါမုန်တိုင်းသည် တစ်နာရီ မိုင် ၄၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခိုက်လာနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ မေ ၁၅ နံနက် ၇ နာရီတွင် ထုတ်ပြန်ထားသည်။

အဆိုပါ မိုခါမုန်တိုင်းသည် လာမည့် ၆ နာရီအတွင်း သျှမ်းပြည်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ မိုခါမုန်တိုင်းသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ သို့‌ ရောက်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်မှ ရွေ့လျားနေတာကြောင့် စစ်ကိုင်း ၊ မန္တလေးတိုင်း နှင့် ကချင် ၊ သျှမ်းပြည် တို့ကို အညိုရောင်အဆင့် သတ်မှတ်ထားထားသည်။

မိုခါမုန်တိုင်းသည် ကုန်းတွင်းကို မုန်တိုင်းငယ် နှင့် ဝင်ရောက်လာပြီး မြောက်-အရှေ့မြောက်ဘက်မှာ ဆက်လက်ရွေ့လျားနေတာကြောင့် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ကချင် နှင့် သျှမ်းပြည်တွင်း သို့ ရောက်ရှိလာနိုင်ပြီး ကချင်ပြည်နယ်မှာ လေဖိအားရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

အလားတူ ယခုရက်ပိုင်း သျှမ်းပြည်တစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းနေလျက်ရှိပြီး မြေပြိုကျမှုကြောင့် ယမန်နေ့ မေလ ၁၄ တာချီလိတ်မြို့ လူငယ် လင်မယား မြေပိသေဆုံးသွားခဲ့သည်။ ထိုအပြင် တောင်ကြီးမြို့တွင်လည်း လေပြင်းတိုက်ခိုက်မှုရှိနေကြောင်း သိရသည်။

“ တောင်ကြီးမှာတော့ မိုးအုံ့နေတာပဲ။ လေတွေလည်းအရမ်းတိုက်တယ်။ မနေ့ကတည်းတိုက်တာ။ တစ်ချို့ အိမ်တွေ အဆောက်အအုံတွေပျက်စီးသွားတာလည်းရှိတယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင်လည်း ယမန်နေ့ မေလ ၁၄ တွင် မုန်တိုင်းကြောင့် သစ်ပင်ပိလို့ ရဲတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း မိုခါမုန်တိုင်းကြောင့် သေဆုံးသူ (၅) ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုခါ-မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည့် သတင်းအမှား

0
ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိ နေထိုင်သူများအနေဖြင့် မိုခါမုန်တိုင်းလာမှာကြောင့် အမြန်ပြောင်းရွေ့ကြရန်လိုအပ်ဆိုသည့် သတင်းအမှားအကြောင်းအရာတစ်ခု ဆိုရှယ်မီဒီယာတွင် ဧပြီ ၂ ရက်က ပျံ့နှံ့ခဲ့သည်။ U Naing Oo ဆိုသည့် ဖေ့ဘွတ်ခ် အကောင့် က ဧပြီ ၂ ရက် ညနေပိုင်းတွင် “ စစ်တွေ၊ကျောက်ဖြူ သံတွဲ၊ဂွရှိလူများ...

တာချီလိတ်တွင် ရေကြီးရေလျှံ၊ မြေပြိုမှုဖြစ် ဇနီးမောင်နှံ ၂ ဦးသေဆုံး

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် ယနေ့ (မေလ ၁၄ ) ရက် နံနက် ၄ နာရီအချိန်မှစပြီး ရေကြီးရေလျှံမှု မြေပြိုမှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၁၄ ) ရက် နံနက်ပိုင်း ၆...