ကရင်နီပြည်နယ်တွင်းရှိ စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါ ခံစားနေရ

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ရေအခက်ခဲမှုကြောင့် အရေပြားရောဂါခံစားနေရကြောင်း စုံစမ်းသိရှိရသည်။

Photo: Job for Kayah (စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါ ခံစားနေရ)

ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စု ထဲတွင် ရှိနေသည့် စစ်ဘေးရှောင်များသည် ရေအခက်ခဲမှုရှိနေပြီး တောထဲနေရသည့်အတွက်ကြောင့် အရေပြားရောဂါ ၊ ယားနာမှုများ ခံစားနေရကြောင်း Job for Kayah က တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဘာရောဂါ ဖြစ်တာလဲတော့ အတိကျတော့ မပြောနိုင်သေးဘူး။ ဆေးစစ်ပြီးမှ အတည်ပြုလို့ရမှာပါ။ ယားနာရောဂါ တစ်မျိုးပါပဲ။ ကျောက်အရေပြား ရောဂါလို့ ယူဆရတယ်။ စစ်ဘေးရှောင်တွေက စစ်စရှောင်တုန်းကနေ အခုထိ ရေမချိုးရဘူး။ သူတို့တွေ ရေမချိုးရတာက ၆ ရက်လောက်တော့ ရှိနေပြီ” ဟု ၎င်းက ပြောသည်။

ကလေးတွေ အပြင် လူကြီးများလည်း ယားနာ ရောဂါများကို ခံစားနေရကြောင်း သိရသည်။

အဆိုပါ ဒီးမော့ဆို အရှေ့ဘက်ခြမ်းတွင် မတ်လ မှစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူများက တောထဲကို ထွက်ပြေးတိမ်းရှောင်လာရပြီး တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ရေအခက်ခဲမှု များရှိသည်။

Photo: Job for Kayah (စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါ ခံစားနေရ)

ထိုအပြင် လက်ရှိ စစ်ဘေးရှောင်များသည် လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းတို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး တစ်ချို့က ဆွေမျိုးရှိရာ အရပ်သို့ ထွက်ပြေးသွားခဲ့ကြောင်း Job For Kayah က တာဝန်ရှိသူ ကဆိုသည်။

“ စစ်ဘေးရှောင် တစ်ချို့ကတော့ လွိုင်ကော်ဘက်ကို စစ်ဘေးရှောင် သွားတာရှိတယ်။ တစ်ချို့ကတော့ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ ရှောင်နေကြတယ်။ အများစုကတော့ ဒီးမော့ဆို တောထဲမှာပဲ စစ်ဘေးရှောင်ကြတယ်။ တောထဲမှာနေတော့ စားစရာတွေကော၊ ရေတွေလည်း ရှားပါးတယ်” ဟု ၎င်းက ပြောသည်။

ယခု မတ်လမှ စပြီး ကရင်နီပြည်နယ်အပြင် သျှမ်းပြည် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်အတွင်းလည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်အတွင်းတွင် သံဃာတော် ၃ပါး နှင့် အရပ်သား ဒေသခံ ၂၈ ဦးတို့ သေဆုံးသွားခဲ့သည်။

ထိုသေဆုံးမှုကြောင့် ယမန်နေ့ မတ်လ ၁၅ ရက်တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် တပေါင်းကွင်းထဲတွင် စစ်ကောင်စီ လက်အောက်ခံ PNO/PNA တို့က ဦးဆောင်ပြီး KNDF နှင့် PDF အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...