ညောင်ရွှေအကျဥ်း ထောင်ဖောက်ထွက်ပြေးမှု တစ်ဦးသေ ၁၀ ဦးလွတ်၊ အရှင် ၂ ဦးပြန်ဖမ်းမိ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ရှိ တောင်လေးလုံး အကျဥ်းထောင်မှ အကျဥ်းသား ၁၃ ဦး ထောင်ဖောက်ထွက်ပြေးရန် ကြိုးစားခဲ့ပြီး ၁၀ ဦး လွတ်မြောက်သွားပြီး၊ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ ၂ ဦးကို ပြန်လည်ဖမ်းခံမိကြောင်း စုံစမ်း သိရသည်။

တောင်လေးလုံး အကျဥ်းထောင်

ယနေ့ (မတ်လ ၁၄) ရက် နံနက်ပိုင်းတွင် ညောင်ရွှေအကျဥ်းထောင် အိပ်ဆောင် (၂)မှ အကျဥ်းသား များသည် အိပ်ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းများကို ချိုးဖျက်ပြီး အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးအား တိုက်ခိုက်ကာ အုတ်ရိုးကျော်တက်၍ ထွက်ပြေးရန် ကြံစည် ကြိုးစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အကျဥ်းသားများ အုတ်ရိုးကျော်တက်ရန် ကြိုးစားနေစဥ်တွင်ထောင်ဝန်ထမ်းအင်အားများ ထပ်မံရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသည့် ၂ ဦး ကို ပြန်ဖမ်းမိခဲ့ပြီး ကျန်သူများက ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

သေဆုံးသွားရသူ နှင့် ပြန်လည်ဖမ်းမိသူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး နိုင်ငံရေး ပြစ်မှုများနှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ထောင်ဖောက် လွတ်မြောက်သွားသည့် အကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီ နှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များမှ အသည်းအသန် လိုက်လံရှာဖွေနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ညောင်ရွှေတွင် စစ်မှုထမ်းကြေး တစ်ဆကျော် တိုးကောက်မှုကြောင့် လူထုအခက်ကြုံ

0
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက် တစ်ဆကျော် တိုးမြှင့် ကောက်ခံနေသောကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး နည်းလမ်းအမျိုးမျိုးဖြင့်...