Wednesday, January 28, 2026

ညောင်ရွှေအကျဥ်း ထောင်ဖောက်ထွက်ပြေးမှု တစ်ဦးသေ ၁၀ ဦးလွတ်၊ အရှင် ၂ ဦးပြန်ဖမ်းမိ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ရှိ တောင်လေးလုံး အကျဥ်းထောင်မှ အကျဥ်းသား ၁၃ ဦး ထောင်ဖောက်ထွက်ပြေးရန် ကြိုးစားခဲ့ပြီး ၁၀ ဦး လွတ်မြောက်သွားပြီး၊ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ ၂ ဦးကို ပြန်လည်ဖမ်းခံမိကြောင်း စုံစမ်း သိရသည်။

တောင်လေးလုံး အကျဥ်းထောင်

ယနေ့ (မတ်လ ၁၄) ရက် နံနက်ပိုင်းတွင် ညောင်ရွှေအကျဥ်းထောင် အိပ်ဆောင် (၂)မှ အကျဥ်းသား များသည် အိပ်ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းများကို ချိုးဖျက်ပြီး အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးအား တိုက်ခိုက်ကာ အုတ်ရိုးကျော်တက်၍ ထွက်ပြေးရန် ကြံစည် ကြိုးစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အကျဥ်းသားများ အုတ်ရိုးကျော်တက်ရန် ကြိုးစားနေစဥ်တွင်ထောင်ဝန်ထမ်းအင်အားများ ထပ်မံရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသည့် ၂ ဦး ကို ပြန်ဖမ်းမိခဲ့ပြီး ကျန်သူများက ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

သေဆုံးသွားရသူ နှင့် ပြန်လည်ဖမ်းမိသူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး နိုင်ငံရေး ပြစ်မှုများနှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ထောင်ဖောက် လွတ်မြောက်သွားသည့် အကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီ နှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များမှ အသည်းအသန် လိုက်လံရှာဖွေနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ

0
ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ပြောင်းရွှေ့ နေထိုင်ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၃ရက်) ညပိုင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရေတွေကမကျသေးဘူး။ တချို့ရပ်ကွက်က လူတွေကတော့ အရင်တခါရေကြီးကတည်းက...

ညောင်ရွှေမြို့နယ် PNO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့်နယ်မြေ အတွင်းနေထိုင်သော ပြည်သူများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ လယ်မှစပြီး ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် လွယ်နွဲ့ကျေးရွာတွင် စစ်ကောင်စီနှင့် PNOက နေရပ်ပြန်ခိုင်းပြီးကျေးရွာအတွင်း ငွေကောက်ခြင်း၊ ငွေမထည့်နိုင်သူများက်ု PNOယူနီဖောင်း ဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းကြောင်း...

ညောင်ရွှေမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီ ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ စစ်ရေးဆက်လက်တင်းမာနေကြောင်း စုံစမ်းသိရသည်။ မေလ ပထမပတ်မှစတင်၍ စစ်ကောင်စီသည် စစ်အင်အားများဖြည့်ပြီး ညောင်ရွှေမြို့နယ်အတွင်းရှိ စန့်စွဲ၊ စန်းလိပ်၊ နားကုန်း၊ ရေပူ၊ တောင်ပို့ကွဲ နှင့် ဖယ်ခုံမြို့နယ် လွယ်ပေါရွာ အနီးတဝိုက်ကို...

ညောင်ရွှေမြို့နယ် တောင်ပို့ကွဲဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မေလ ၁၃ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက် သေဆုံးမှုမရှိကြောင်း ဖယ်ခုံမြို့ဒေသခံ လူငယ်တစ်ဦးက...

မန္တလေးတိုင်း သာစည်မြို့အနီး ဗဟိုပြု ၅ ဒဿမ ၅ ဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်၊

0
ယနေ့ ( ဧပြီလ ၁၁ ရက် ) မနက် ၁၁ နာရီဝန်းကျင်တွင် မန္တလေးတိုင်း၊ မိတ္တီလာဒေသ ၊ သာစည်မြို့ ၏ အရှေ့မြောက်ဘက် ၊ အင်တိုင်းသာ အနီးတွင် ဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင် Earthquakes Prophecy Centre မှ...