Wednesday, January 28, 2026

မိုးဗြဲမြို့ PDF မှစစ်တပ်ထုတ်ကုန်မရောင်းရန် သတိပေးပြီးနောက် ရောင်းသူနည်းလာ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေး PDF မှ စစ်ကောင်စီ ထုတ်ကုန်ကို မရောင်းချရန်အတွက် သတိပေးစာထုတ်ပြီးနောက် ရောင်းသူနည်းပါးလာကြောင်း စုံစမ်းသိရှိရသည်။ 

မိုးဗြဲ PDF စစ်တပ်ထုတ်ကုန်မရောင်းရန် တားမြစ်

ယမန်နေ့ (မေလ ၁၁) ရက်တွင်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (MB PDF) က စစ်ကောင်စီ ထုတ်ကုန်များကို မရောင်းချရန် သတိပေးစာများကို လိုက်လံကပ်ပေးခဲ့ကြောင်းသိရသည်။

“ ကျနော်တို့ ဈေးဆိုင်ခန်းတွေမှာ သွားကပ်တယ်။ ကုန်စုံဆိုင်ကြီးတွေမှာသွားကပ်ပေးတယ်။ ပညာပေးစည်းရုံးတယ်။ ထုတ်ပြန်ချက်စာစောင်တွေကို သွားကပ်ပေးတယ်။ အဓိကတော့ စစ်ကောင်စီ ထုတ်ကုန်တွေကို မရောင်းဖို့အတွက် ကျနော်တို့ ထုတ်ပြန်တာပါ” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

မိုးဗြဲ PDF စစ်တပ်ထုတ်ကုန်မရောင်းရန် တားမြစ်

လက်ရှိ မိုးဗြဲမြို့တွင် သတိပေးစာကပ် နေသော်လည်း ကုန်စုံဆိုင်တစ်ချို့တွင် စစ်ကောင်စီထုတ် ကုန်ပစ္စည်း ဘီယာများကိုတင်ရောင်းနေသေးကြောင်းသိရသည်။

သို့သော် ယခင်ကလောက် ရောင်းအားမကောင်းပဲ ဘီယာများ ရောင်းအားကျလာကြောင်းသိရသည်။ 

မိုးဗြဲ PDF စစ်တပ်ထုတ်ကုန်မရောင်းရန် တားမြစ်

“ ရောင်နေသေးတာတော့ရှိသေးတယ်။ တစ်ချို့ဆိုင်မှာဆိုရင် ဘီယာတွေတင်ရောင်းနေသေးတာတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။ ဘီယာတွေလည်း ရောင်းနေသေးတယ်။ ဒါပေမဲ့ ရောင်းအားကတော့ အရင်လောက်မကောင်းဘူး။ ရောင်းအားက အရမ်းကျလာတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းတွင် စစ်ကောင်စီနှင့် အရင်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...